Channel Myanmar

Edward Ashley

The King (2019) 7.4
The King (2019) Rating 7.6 ရရှိထားတဲ့ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာစကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီးနယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။ File Size ...
movie

The King (2019)

2019
In the Heart of the Sea (2015) 6.9
In the Heart of the Sea (2015) IMDb rating 7.0/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကို Channel Myanmar ပရိတ်သက်ကြီးအတွက် တဖန်ပြန်တင်ဆက်ပေးလိုက်ပါပြီ။December 2015 USA မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာတကယ့်ကို လက်ရာလက်ကွက် ရိုက်ကွင်းရိုက်ချက်တွေဟာပြောင်မြောက်လွန်းပါတယ်။ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်မင်းသားကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Thor ( Chris Hemsworth ) ဖြစ်ပြီး .နောက်ထပ် တစ်ယောက်ကတော့နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Batman;Begins နဲ့ Batman;The Dark Night ဇာတ်ကားတွေမှာ လူဆိုးခန်းနေရာက အဓိကသရုပ်ဆောင်ခဲ့တဲ့ မင်းသား Cillian Murphyပဲဖြစ်ပါတယ်။စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ။ချေ့(Thor) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်။နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီ ပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ .မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်။ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သဘောၤကို ...
movie

In the Heart of the Sea (2015)

2015
The Lost City of Z (2017) 6.6
The Lost City of Z (2017) The Lost City of Z (2017) IMDb - 6.6/10____Rotten - 86%  လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Lost City of Z (2017)

2017