Channel Myanmar

Edwin Hodge

Take Me Home Tonight (2011) 6.3
Take Me Home Tonight (2011)  ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေလုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ...အသက်တွေကြီးလာတဲ့အထိ..ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ်ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့မမှားဘူးပေါ့လေ..သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကိုကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှလုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာအလုပ်ဝင်လုပ်နေပါတယ်...တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီးပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

Take Me Home Tonight (2011)

Parallel (2024)
Parallel (2024)  ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်...။ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ...။သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကိုလမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်းအိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာသူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်...။မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့်ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Parallel (2024)

Die Hard: With a Vengeance (1995) Die Hard 3 7.6
Die Hard: With a Vengeance (1995) Die Hard 3 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard: With a Vengeance (1995) Die Hard 3

1995
4K HEVC
Big Momma’s House (2000) 5.2
Big Momma’s House (2000) Big Momma's House (2000) =====================စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma's House ကို CM ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma's House (1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမ ဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင် ကြီးပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက် ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်း သားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွား ဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူ ရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာ ဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီး စတင်တော့တာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.93 GB) / (939 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Big Momma’s House (2000)

2000
Bumblebee (2018) Transformers 6 7.3
Bumblebee (2018) Transformers 6 အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကိုချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံးစက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ်ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီးသူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါတစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက်သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ...
movie

Bumblebee (2018) Transformers 6

2018
4K HEVC
The Long Kiss Goodnight (1996)
The Long Kiss Goodnight (1996)  ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် "မေယိုး" မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ...
movie

The Long Kiss Goodnight (1996)

The Purge (2013) 5.7
The Purge (2013) The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး ...
movie

The Purge (2013)

2013
Red Dawn (2012)
Red Dawn (2012)  ဒီကားဟာ 2012ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး MCUက မင်းသားချော Chris Hemsworthလည်း ပါဝင်ထားပါတယ်။ 1984ခုနှစ် ထွက်ရှိထားတဲ့ Red Dawnကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားအကြား အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ရေတပ်သားဂျက်ဟာ ခွင့်ရက်ရလို့ အဖေနဲ့ ညီဖြစ်သူရှိတဲ့အိမ်ကို ခေတ္တပြန်လာချိန်မှာ တစ်မြို့လုံး ကြုံတောင့်ကြုံခဲ မီးပျက်သွားပါတယ်။ မနက်မှ သိလိုက်ရတာကတော့ သူတို့မြို့တွင်းကို မြောက်ကိုရီးယားစစ်သားတွေ လေကြောင်းမှတဆင့် ကျူးကျော်လာနေပါပြီ။ ဂျက်ဟာ ညီဖြစ်သူနဲ့ သူငယ်ချင်း လူငယ်တစ်သိုက်ကို ခေါ်ပြီး တောထဲကအိမ်မှာ သွားပုန်းနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် မခံမရပ်နိုင်တဲ့အဆုံး မြောက်ကိုရီးယားကို ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတော့တယ်။ သူတို့တော်လှန်ရေးဟာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်ပါ့မလားဆိုတာ.........File size…(2gb)/(998MB)/(491MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Drama Subtitle….Myanmar ...
movie

Red Dawn (2012)

Injustice 2021
Injustice 2021 Injustice ရဲ့ ဇာတ်လမ်းကို ဂိမ်းထဲမှာ ကာတွန်းစာအုပ်ထဲမှာရင်းနှီးပြီးသား လူတွေလည်း ရှိမှာပါ။DC Comic ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုုပါပဲ။DC ရဲ့ နတ်ဘုရားအစွမ်းနဲ့ လူသားဆန်တဲ့ စူပါမန်းတစ်ယောက် လူသားဆန်လွန်းသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ပထမဆုံးအကြိမ် လူသတ်မိလိုက်ပြီးနောက်မှာ ဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးကို အကြမ်းဖက်ရယူမလား ငြိမ်းချမ်းစွာရယူမလား ဂျက်စတစ်လိ မန်ဘာတွေ ရွေးချယ်ဖို့ကြုံလာတဲ့အခါ ဘယ်ဘက်ကိုရွေးကြမလဲ။လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ တန်မတန်ဆိုတာကို ဘယ်လိုဖြေကြမလဲပေါ့။ဒီ ကာတွန်းဟာ မူရင်း injustice လောက် မပြည့်စုံပေမယ့် ကျောရိုးချင်း တူတာမို့ အပမ်းဖြေဖို့အတွက် လုံလောက်မှာပါ။ File size… 1.1 Gb / 500 Mb Quality….BluRay 1080p / 720p Format…mkv Duration….01:10:00  Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Mr. Anderson
movie

Injustice 2021

The Tomorrow War (2021) 7
The Tomorrow War (2021) The Tomorrow War (2021)မင်းသား ခရစ်ပရက် ရဲ့ သိပ္ပံ အက်ရှင် ရုပ်ရှင်အသစ်ထွက်ပါပြီ။ နာမည်အတိုင်းပဲ အနာဂတ်ရဲ့ စစ်ပွဲတစ်ခုအကြောင်းပါ။ နောက်လာမယ့် နှစ် ၃၀ မှာ ကမ္ဘာကြီးကို ဂြိုလ်သားတွေ ဝင်တိုက်ပြီး လူတွေအားလုံး သေကုန်မယ့်အကြောင်း အနာဂတ်ကနေ ဆက်သွယ်ပြီး သတိပေးလာပါတယ်။ဒါကြောင့် လက်ရှိခေတ်ရဲ့ တစ်ကမ္ဘာလုံးက လူတွေကို အနာဂတ်ကို ဆက်တိုက်စစ်ကူပို့ပေးပေမယ့် ရှုံးမြဲ ရှုံးနေတုန်းပါပဲ။ ဒီတော့ အင်အားချင်း ရင်ဆိုင်နေရုံနဲ့ မပြီးဘဲ ဂြိုလ်သားအားလုံးကို လက်စတုံးဖို့ နည်းလမ်းကိုရှာဖွေရင်းနဲ့အနာဂတ်စစ်ပွဲကို ဖြစ်မလာအောင် တားနိုင်မယ့် နည်းလမ်းကိုပါ တွေ့လာတဲ့အခါ..အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။File size… 2.5 GB and 1.4 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder .....August
movie

The Tomorrow War (2021)

2021
The Purge: Anarchy (2014) 6.5
The Purge: Anarchy (2014) ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ်Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းလေးကတော့  2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံအစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင်ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ ...
movie

The Purge: Anarchy (2014)

2014
As Above, So Below (2014) 6.2
As Above, So Below (2014) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသချုႋင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။ As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ ...
movie

As Above, So Below (2014)