Channel Myanmar

Elester Latham

Identity Crisis (2023)
Identity Crisis (2023) Grey Anatomy, History of the World, Light outနဲ့ The Fabulousတို့ထဲက သရုပ်ဆောင်ပိုင်နိုင်လှတဲ့ မင်းသမီး Scout Lepore ကနေ ဒီဇာတ်လမ်းထဲမှာ ၂ကိုယ်ခွဲပြီး လက်ဖျားခါလောက်အောင် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Scout Lepore အပြင် Greenhouse Academy, 20th Century Womenနဲ့ Side Effects အစရှိတဲ့ seriesတွေထဲက Finn Robertsနဲ့အတူ ဂန္တဝင်ကြီး Maria Canals-Barrera၊ Eliza Shin၊ Alexandra Boylanနဲ့ Elester Lathamတို့က အတူတကွ ဇာတ်ကို အထွတ်ထိပ်ရောက်အောင် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဒီဇာတ်လမ်းကို "ကိုယ့်ကိုယ်ကိုရှာဖွေခြင်း"လို့ ဘာသာပြန်သူအနေနဲ့ သမုတ်ချင်ပါတယ်။ မက်ဒီစင် မွန်ဂိုးမယ်ရီ,ဆိုသူက မျိုးရိုးဗီဇကို လေ့လာသင်ယူနေနဲ့ ပထမနှစ် သိပ္ပံပညာရှင်လေးဖြစ်ပါတယ်။ သူက သိပ်တော်တဲ့ ...
movie

Identity Crisis (2023)

Gone Girl (2014) 8.1
Gone Girl (2014) IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie

Gone Girl (2014)

4K HEVC
The Night (2021) 5.8
The Night (2021) The Night 2021အိမ်​တစ်​အိမ်​ထဲမှာ မိသားစု၃စု မာဖီးယားဂိမ်းကစား​နေကြပါတယ်​။ကစားပွဲမှာရှုံးတဲ့အတွက်​ စည်းမျဉ်းအရအသတ်​ခံလိုက်​ရသူက​တော့ နမ်​ဒါပါ။ နမ်​ဒါက ခင်​ပွန်းသည်​ဖြစ်​တဲ့ ဘာဘတ်​ကို ​နောက်​ဆုံးစကားအ​နေနဲ့ သူ​သေရင်​ သမီးဖြစ်​သူကို​စောင့်​ရှောက်​ဖို့​ပြောခဲ့ပါတယ်​။ ကစားပွဲဖြစ်​တဲ့အတွက်​ အားလုံးက စစ​နောက်​​နောက်​ပါပဲ။ဘာအဓိပ္ပာယ်​မှန်းမသိဘဲ ဆင်​တူတက်​တူးထိုးထားမိတဲ့ ဘာဘတ်​နဲ့ နမ်​ဒါတို့လင်​မယားနှစ်​​ယောက်​ သူငယ်​ချင်း​တွေကို နှုတ်​ဆက်​ပြီး လသားအရွယ်​ သမီး​လေးနဲ့ အိမ်​ကိုပြန်​လာတဲ့လမ်းမှာ ထူးဆန်းတဲ့အဖြစ်​အပျက်​​တွေကြုံရပြီး​နောက်​ နီးစပ်​ရာ​ဟော်​တယ်​တစ်​ခုမှာ တစ်​ညတာတည်းခိုမိတဲ့အခါ......သူတို့ ၂​ယောက်​ရဲ့ တက်​တူး​တွေကပဲ ကျိန်​စာမိ​နေတာလား...? ၂​ယောက်​သား ကိုယ်​စီဖုံးကွယ်​ထားတဲ့ အတိတ်​​တွေကပဲ သူတို့ကို​ခြောက်လှန့်​နေ​စေတာလား...?ဒါမှမဟုတ်​ တည်းခိုမိတဲ့​ဟော်​တယ်​ကပဲ သူတို့ကို​ခြောက်​ခြား​စေဖို့ ဖန်​တီးထားတာပဲလား...?ဆိုတာကို ဒီကား​လေးထဲမှာ ရင်​တထိတ်​ထိတ်​နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်​ပါတယ်​။Molins Film Festival မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်ဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု ၃ ဆု ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွှတ်သင့်ပါကြောင်း။File size… 2.3GB, 782MB Quality….1080p HEVC 5.1CH and 720p Format…mp4 Duration…. 1hr 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin ...
movie

The Night (2021)

2021
HEVC 1080p 5.1
Air Force One (1997) 6.5
Air Force One (1997) Air Force One (1997) IMDb - 6.5/10_____Rotten - 76%    1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force One ဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။ ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါ Imdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကို တစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ     File Size - 892 MB File Type - Mp4 Qty - 720p Bluray Duration - 2hr 4min Gern - Action/Drama/Thrill Subtitle - Myanmar Hardsub Translator - ...
movie

Air Force One (1997)

1997