Channel Myanmar

Elizabeth Reaser

Mind the Gap (2004) 7.0
Mind the Gap (2004) Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ ...
movie

Mind the Gap (2004)

The Believer (2001) 7.1
The Believer (2001) The Believer (2001)~ IMDb - 7.1/10, Rotten Tomatoes - 82% ~ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ ...
movie

The Believer (2001)

2001
Dark Harvest (2023) 5.4
Dark Harvest (2023) ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်းအဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ... File size…   4.97 GB / 1.53 GB /  644 MB Quality… Web-Dl  4k /1080p / 720p Format… mp4 Duration…. 1h ...
movie

Dark Harvest (2023)

4K HEVC
Stay(2005) 6.7
Stay(2005) Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြားလူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။  File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Stay(2005)

Liberal Arts (2012) 6.7
Liberal Arts (2012) Liberal Arts (2012)~ IMDb - 6.7/10, Rotten Tomatoes - 71% ~Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က ...
movie

Liberal Arts (2012)

2012
The Family Stone(2005) 6.5
The Family Stone(2005) The Family Stone (2005)===============မိသားစုဆိုတာလူအမျိုးမျိုးစိတ်အထွေထွေတွေစုစည်းနေကြတဲ့အသိုက်အမြုံကြီးတစ်ခု။ စတုန်းမိသားစုကြီးဟာ ခရစ်စ္စမတ်အချိန်အခါတိုင်းအမြဲဆုံစည်းနေကြပါ။ သား ၃ယောက် သမီး၂ယောက်မိသားစု‌တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ရှိစမြဲ။ ဒီနှစ် ခရစ်စ္စမတ်မှာတမိသားစုလုံးရဲ့အချစ်တော်သားကြီးဖြစ်သူ အဲဗရက်က ချွေးမလောင်း‌လေးမဲရယ်ဒစ်ကိုမိတ်ဆက်ဖို့ခေါ်လာခဲ့ချိန်မှာတော့ အနေအထိုင်သိမ်မွေ့သလိုစည်းကမ်းတင်းကျပ်တဲ့ မဲရယ်ဒစ်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ပဲနေတတ်တဲ့စတုန်းမိသားစုကြီးဟာပြသာနာတွေစတင်တက်လာပါတော့တယ်။ ကုန်းပေါ်ရောက်နေတဲ့ငါးလိုဖြစ်နေတဲ့မဲရယ်ဒစ်တယောက်ဒီမိသားစုကြီးထဲကို၀င်ဆံ့နိုင်ပါ့မလား။ အထူးသဖြင့်သူ့ကိုမသိမသာရော သိသိသာသာ‌ရောအဲဗရက်ဘေးကနေကန်ထုတ်ဖို့ကြိုးစားနေကြတာတွေကိုသူမ တောင့်ခံနိုင်ပါ့မလား။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ခရစ်စ္စမတ်အချိန်အခါမှာသူမရောပျော်ရွှင်မှုအစစ်ရှာတွေ့နိုင်ပါ့မလားကို The family Stone ဆိုတဲ့မိသားစု ခရစ်စ္စမတ်ကားလေးမှာရှုစားပေးပါဦး.....File size…1.53GB / 676MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 43m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Family Stone(2005)

Embattled(2020) 7.0
Embattled(2020) Embattled(2020)2020 ထဲမှာထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ အမျိုးအစားဇာတ်ကားဖြစ်ပါတယ် MMA Caged Fights တွေကိုအခြေတည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ လက်ဝှေ့ပွဲပရိတ်သတ်တွေ နှစ်သက်ကြမယ်ထင်ပါတယ်...ကတ်ရှ်က MMA မှာ ဘုရင်လို့တောင် တင်စားခံရတဲ့ ထိတ်ထန်း ဖိုက်တာတစ်ယောက်ပါ....၃၇ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ဖူးတဲ့ ဖိုက်တာာတစ်ယောက်ပေါ့..တကယ်တော့ သူဟာ ကလေး(၂)ယောက်ရှိခဲ့ပြီး အမျိုးသမီးနဲ့ အဆင်မပြေလုိ့လမ်းခွဲခဲ့ပြီးနောက်မှအောင်မြင်လာတဲ့သူပါ..ယခုလည်းနောက်အိမ်ထောင်ပြုလိုက်ပါပြီ...ပထမအိမ်ထောင်နဲ့ရခဲ့တဲ့သားကြီး ဂျက်ကတော့အောင်မြင်လာတဲ့သူ့အဖေကိုအားကျပြီး MMAလောကထဲကို ဝင်ရောက်ဖို့ကြိုးစားလာပါတယ်..ကတ်ရှ်က သူ့သားအောင်မြင်ဖို့ ကူညီပေးပြီး ထရိန်နာတွေနဲ့ ကူညီပေးပါတယ်...အဲ့ဒီနောက် သားဖြစ်သူ ဂျက်တစ်ယောက် လက်စောင်းလေးထက်လာပြီး MMAလောကအကြောင်းနဲ့သူ့အဖေအကြောင်းတွေသိလာရတဲ့အချိန်မှာတော့...ဘယ်လိုတွေဆက်ပြီး ပွဲတွေကြမ်းမလဲဆိုတာကိုတော့..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(928MB) and (333MB) Quality : WEB-DL 720p Format…mp4 Duration…01:57:00 Genre :  Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Embattled(2020)

The Art of Getting By (2011) 6.6
The Art of Getting By (2011) The Art of Getting By (2011)_____IMDb - 6.6/10    ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။    Translated by Linn Kyaw Swar Aung Encoded by sithu
movie

The Art of Getting By (2011)

2011
Young Adult(2011) 6.3
Young Adult(2011) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Imdb..6.3 ရ"Young Adult"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...  Mavis Gary ဆိုတဲ့ အမျိုးသမီးဟာ ဘဝကိုမကျေနပ်မှုတွေ စိတ်မချမ်းမြေ့မှုတွေ ကိုယ့်ကိုကိုယ်အားမရမှုတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်.... သူဟာ Young Adult ဆိုတဲ့ စီးရီးကိုလဲ ရေးသားနေသူပါ...ဒီစီးရီးကလဲ အောင်မြင်မှုမရခဲ့ပါဘူး... သူ့ရဲ့ အချစ်ရေးကလဲ ကံမကောင်းလှပါဘူး.... သူ့ရဲ့ Young adult စီးရီးက Kendall Strickland လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးအကြောင်းကို ရေးထားတာပါ...Kendall က အထက်တန်းကျောင်းမှာ ကောင်လေးတိုင်း ကြွေရတဲ့ ကောင်မလေးတိုင်းမနာလိုဖြစ်အားကျရတဲ့ မိန်းမချောလေးပါ... ခုခေတ်စကားအရဆိုရင် Queen ဆိုပါတော့... Mavis က ဘာလို့ Kendall အကြောင်းကို ရေးလဲ..အကြောင်းကတော့ သူ့ငယ်ဘဝကလဲတစ်ချိန်တစ်ခါက Kendall လို ရွှေထီးဆောင်းခဲ့တာပါ.... ပြောရရင် သူ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပေါ့.... သူ့ရဲ့ လှပခဲ့တဲ့ ...
movie

Young Adult(2011)

2011
Ouija: Origin of Evil (2016) 6.1
Ouija: Origin of Evil (2016) Ouija: Origin of Evil (2016) IMDb - 6.1/10_____Rotten - 82%   ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့.. ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၂. သချိုင်းမြေပေါ်မှာ မကစားရ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ..  2016 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားသစ်ကတော့ ပထမဇာတ်ကားထက် နှစ်ငါးဆယ်လောက်စောတဲ့အချိန်ကို နောက်ကြောင်းပြန်ရိုက်ကူးထားတာဖြစ်ပြီး ပထမကားရဲ့ အဓိကလှည့်ကွက်ပိုင်ရှင် Doris ရဲ့ဘဝအကြောင်းပဲဖြစ်ပါတယ်... အဲဒီကားမှာ ဖခင်မရှိတော့တဲ့ Doris ဟာ ...
movie

Ouija: Origin of Evil (2016)

2016