Channel Myanmar

Elysia Rotaru

Buddy Games (2019)
Buddy Games (2019) Buddy Games (2019)အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - ...
movie

Buddy Games (2019)

2019
Justice Society: World War II (2021) 6.5
Justice Society: World War II (2021) Justice Society: World War II (2021)==========================IMDb Rating - 6.5/10ဒီနေ့အတွက် DC Fan ပရိသတ်တွေအကြိုက်ဖြစ်စေမယ့် Justice မူဗီလေးလာပါပြီ။ဒီအပိုင်းမှာတော့ Flash တစ်ယောက် အပြေးလွန်ပြီး စကြဝဠာမှားရောက်သွားတဲ့အကြောင်းလေးပေါ့။ဘယ်ရီအဲလန် တစ်ယောက် သူ့ကောင်မလေးနဲ့ ပျော်ပွဲစားထွက်ရင်း Brainac နဲ့ Superman တို့ရဲ့တိုက်ပွဲနဲ့ကြုံပါတယ်။ Superman ဖက်က ဝင်ကူရင်း အပြေးလွန်ပြီး တခြားစကြဝဠာတစ်ခုကိုရောက်သွားပါတယ်။အဲဒီကမ္ဘာမှာ ဟစ်တလာသောင်းကျန်းနေတဲ့ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ကို ရောက်သွားတာပါ။ အဲဒီမှာရှိတဲ့Wonder Woman ခေါင်းဆောင်တဲ့ Justice Society နဲ့တွေ့ပြီး စစ်ပွဲကို တားဆီးနိုင်ဖို့ တူတူပူးပေါင်းကြိုးစားကြတဲ့အကြောင်းလေးပါ။ JS အဖွဲ့ဝင်တွေကတော့ Hourman, Canary, နောက် Flash တစ်ယောက်၊ Hawkman တို့ပါပဲ။နောက်ထပ် Aquaman နဲ့ Superman တို့လည်း ပါပါသေးတယ်။ သူတို့ရဲ့ Role တွေကတော့ ဒီမူဗီထဲမှာပဲကိုယ်တိုင်ကြည့်မြင်ခံစားလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ ...
movie

Justice Society: World War II (2021)

2021
Cold Pursuit (2019) 6.5
Cold Pursuit (2019) ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie

Cold Pursuit (2019)

2019