Channel Myanmar

Emelia Burns

The Condemned (2007) 6.0
The Condemned (2007) The Condemned (2007)====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀)ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက်လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင်သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန်သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ...အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က(Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာအတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ….မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာအယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့…..နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်.WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ်Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...  File size…1.89GB / 800MB Quality…Blu-Ray 1080p 5.1CH/ ...
movie

The Condemned (2007)

Don’t Be Afraid of the Dark (2010) 5.6
Don’t Be Afraid of the Dark (2010)   Weekend မှာ အေးဆေးဖီးလ်ဖို့ ဥစ္စာစောင့်တွေ ဒဏ္ဍာရီတွေ ပါတဲ့ ထူးဆန်းထွေလာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ နာနာဘာဝတွေဟာ သနားစရာလည်းကောင်းသလို ကြောက်စရာလည်းအင်မတန်ကောင်းလှပါတယ်။ သူတို့ဟာလူ့အသိုင်းဝိုင်းနဲ့ တစ်နည်းနည်းတဖုံဖုံနဲ့ ဆက်နွယ်နေရပါတယ်။ ကောင်းကျိုးပေးတဲ့ နာနာဘာဝတွေရှိသလို ဆိုးကျိုးတွေပေးတဲ့ နာနာဘာဝတွေလည်းရှိပါတယ်။ ဒီဇာတ်ကားလေးတဲ့ကျောရိုးကတော့ နာနာဘာဝ တွေထဲကမှ ဆိုးကျိုးတွေပေးတဲ့ ဥစ္စာစောင့် လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ---------------------------------------------------------------------------------------------- အဲလက်တစ်ယောက် ကလေးနဲ့မိန်းမကိုပစ်ပြီး ဒီဇိုင်နာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့တာစူနေပါတယ်။ သမီးလေး(ဆယ်လီ)ကိုသံယောဇဉ်မကင်းတာကတစ်ကြောင်း တာဝန်မကင်းတာကတစ်ကြောင်းမို့ ဒီဇိုင်နာမလေး ခင်နဲ့နီးစပ်စေရန်ခေါ်ထားပါတယ်။ အဲလက် ဟာ ဒီဇိုင်နာခင်နဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို လေလံဆွဲပြီး သမိုင်းပညာရှင်တွေရဲ့အကူညီနဲ့ ပြန်လည်မွမ်းမံပါတော့တယ်။ သူတို့လေလံဆွဲထားတဲ့ အိမ်ကြီးက နိုင်ငံကျော်အနုပညာရှင်ကြီးရဲ့အိမ်တစ်လုံးပါ။ သူတို့ရဲ့ ရည်ရွက်ချက်က သမိုင်းဝင်အိမ်ကြီးကို အနုစိတ်ပြန်မွမ်းမံပြီး လေလံပြန်တင်ဖို့ပါ..။ ဒါပေမဲ့ ဒီအိမ်ကြီးမှာ သူတို့မသိတဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးအတိတ်ကြီးရှိနေတာကို သူတို့ မသိပါဘူး..။ အဲဒီအဖြစ်ဆိုးကြီးက အိမ်ကြီးပြန်လည်မွမ်းမံပြီးတဲ့နေ့မှာပဲ ပြန်လည်နိုးကြားလာပါတော့တယ်။ ...
movie


2010