Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emily Barclay
5.5
Weekender (2011)
Weekender (2011)2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p File size… ...
movie
Weekender (2011)
6.4
Lou (2010)
Lou (2010) ========= IMDb Rating - 6.4/10လောကကြီးမှာ မိသားစုတိုင်း အဆင်မပြေမှုတစ်ခုခုကတော့ ရှိကြတယ်မှတ်လား။ ပိုက်ဆံချမ်းသာပြီး အိမ်ထောင်ရေးမသာ ယာတာ၊ အိမ်ထောင်ရေးသာယာပြီး ငွေကြေးချို့တဲ့တာ၊ သား သမီးနဲ့မိဘ ဆက်ဆံရေးမကောင်းတာ မျိုးစုံပဲပေါ့။လူး(လူးဝစ်)တို့မိသားစုကတော့ အကုန်နီးပါးစုနေတယ်ပဲပြော ရမလား။ လူးရဲ့အဖေက ထွက်ပြေးသွားတယ်။ အမေတစ်ယောက် တည်းကပဲ လူမမယ်သမီးသုံးယောက်ကို ရှာကျွေးနေရတယ်။ အမေကလည်း အသက်၂၇ပဲရှိသေးတဲ့ငယ်ငယ်လေး။ သမီး(၃) ယောက်ကြောင့် နောက်အိမ်ထောင်ပြုလို့ကလည်းအဆင်မပြေ၊ ငွေကြေးချို့တဲ့တဲ့အပြင် အကြွေးပါတင်နေသေးရှာတယ်။ တစ်နေ့ တစ်နေ့အကြွေးရှင်တွေလာရင် လူးတို့ညီအစ်မတွေ မီးပိတ်ပုန်းပြီး လူမရှိချင်ယောင်ဆောင်ရတာလည်း အမောပေါ့။လူးနဲ့သူ့အမေရဲ့ဆက်ဆံရေးကလည်း ခပ်တန်းတန်းပဲ။ တစ်နေ့တော့ ထွက်ပြေးသွားတဲ့ ယောက်ျားရဲ့အဖေ၊ အယ်လ်ဇိုင်းမားရောဂါသည်၊ လူးတို့ရဲ့အဘိုးဟာ ဂေဟာမှာ ကုတင်မလောက်လို့ နေရာရှာပြီးတဲ့ အချိန်ထိ လူးတို့အိမ်မှာလာနေဖို့ ဂေဟာဝန်ထမ်းက စီစဉ်လိုက်ပါတယ်။ လူးကတော့ ကျွေးကျေးဇူးမရှိခဲ့တဲ့အဖေဘက်က ဘယ်ကမှန်းမသိတဲ့ အဘိုးကို မကြည်ဖြူပါဘူး။ အဘိုးကလည်း သူငယ်ပြန်နေလေတော့ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတဲ့ သူ့မိန်းမကိုပဲ တမ်း တနေတာပါ။ ဒီလိုနဲ့ပဲ လူးတို့အိမ်ကို အဘိုးရောက်လာတယ်။ ပြီးတော့ ပြန်သွားတယ်။ လူးတို့မိသားစုလေးမှာတော့ တစ်ခုခုပြောင်းလဲပြီး ကျန် ရစ်ခဲ့တဲ့အခါ .....။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / ...
movie
Lou (2010)
2010
6.2
Baby Done (2020)
Baby Done (2020)==============IMDb Rating - 6.2/10 ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာသိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာတွေကို စပြီးချရေးပါတော့တယ်......သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကိုcomedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 31minSubtitle – Myanmar ...
movie
Baby Done (2020)
2020
6.9
Babyteeth 2019
ဆယ်ကျော်သက် ကောင်မလေး မီလာ။ အဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ဒီကောင်မလေးမှာ မကြာခင် သေရတော့မယ်ဆိုတဲ့ ရောဂါဆိုးကြီးကလည်း ရှိနေပြန်ပါသေးတယ်။ တစ်ရက်တော့ မီလာက အိမ်ပေါ်ကနှင်ချထားတဲ့ မောစက်နဲ့ စဆုံမိတယ်။ မီလာဟာ သူ့မိဘတွေကို အရွဲ့တိုက်ဖို့အတွက် လူပေလူတေ ဆေးသမားဖြစ်တဲ့ မော့စက်ကို ရည်းစားအနေနဲ့ အိမ်ကို ခေါ်လာခဲ့တယ်။ ဒါပေမဲ့ မီလာဟာ မော့စက်ကို အမှန်တကယ် ချစ်မြတ်နိုးမိသွားတဲ့အခါမှာတော့ မြန်မြန်သေချင်လှပါပြီလို့ ဖြစ်နေခဲ့တဲ့ သူ့စိတ်တွေက ရှင်သန်ချင်စိတ်ဘက်ကို ယိမ်းလာပါတော့တယ်။ ဒီတော့ ဆေးသမားဖြစ်တဲ့ မော့စက်က မီလာ့ကို တကယ်ပြန်ချစ်ပါ့မလား။ မီလာကရော ရောဂါဆိုးကြီးဒဏ်ကနေ လွတ်မြောက်ပါ့မလားဆိုတာကို ကြည့်ရှူခံစားကြည့်လိုက်ကြပါဦးနော်။ Quality – 720p blurayrip Duration - 1 hr 58 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Comedy Translator ...
movie
Babyteeth 2019
6.9
Legend of the Guardians: The Owls of Ga’Hoole(2010)
Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie
2010
7.2
ဒီဇာတ်ကားလေးက အရမ်းသနားဖို့ကောင်းသလို မိဘမေတ္တာကိုပြသတဲ့အတွက် ကြည့်တဲ့သူတွေရင်ကိုထိစေမဲ့ဒရာမာကားလေးပါစစ်ပွဲကြီးအပီးကို့ဘဝကိုစိတ်ဓာတ်ကျနေတဲ့စစ်သားဟောင်းတယောက်ဖြစ်တဲ့ သောမတ်စ်ရှာဘွန်းဟာလူတွေနဲ့ဝေးရာဖြစ်တဲ့ ဂျေးနက်စ်ဆိုတဲ့ကျွန်းကြီးပေါ်မှာမီးပြတိုက်စောင့်လုပ်ဖို့သွားခဲ့တယ်အဲ့ဒိအနီးနားမြို့လေးက အစ်စဘဲလ်ဆိုတဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပီး ကျွန်းကြီးပေါ်တူတူသွားနေခဲ့ကျတယ်ကလေးအရမ်းလိုချင်တဲ့သူမ ကိုယ်ဝန်ပျက်ကျပီးတဲ့နောက် သူတို့ကျွန်းပေါ်ကိုဘယ်ကမှန်းမသိတဲ့လှေလေးတစီးမျောလာခဲ့တယ်လှေထဲကလူသေအလောင်းတလောင်းနဲ့ အသက်ရှင်နေသေးတဲ့ မွေးကင်းစကလေးလေးကိုတွေ့ပီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မျက်ရည်လည်ရွှဲနဲ့ကြည့်ရမှာဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 13minutes Format : Mp4 Genre : Drama, Romance Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw
movie
The Light Between Oceans (2016)
2016