Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emily Bevan
7.0
Breathe (2017)
အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ဘ၀လေး ရုတ်တရက် ပျက်စီးသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ့်ဘ၀ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံယူလိုက်ရင် ဘာတွေဖြစ်မလဲ။ရောဘင်ဟာ သူ့ဇနီးရယ် သူ့သူငယ်ချင်းတွေရယ်နဲ့ ခရီးလှည့်လည်ထွက်ရင်းနဲ့ ရုတ်တရက် ပိုလီယိုရောဂါပိုးကူးစက်ခံရပါတယ်။သူဟာ လည်ပင်းအောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့ပဲ လေဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း သူဟာ စိတ်ကျရောဂါပါ ခံစားလာရတယ်။ရောဘင့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကို အလင်းထဲ သွင်းပေးခဲ့တာကတော့ သူ့ချစ်ဇနီး ဒိုင်ယာနာပါပဲ။ဒိုင်ယာနာဟာ သူ့ခင်ပွန်းကို ဒီလို ခံစားနေရတာ မကြည့်ရက်လို့ သက်သာရာ သက်သာကြောင်းကူညီပေးရင်း အရာရာကို စိန်ခေါ်ခဲ့ပါတယ်။သူ့ယောင်္ကျားကို ဆေးရုံက ရအောင်ဆင်းခဲ့ပါတယ်။ (အဲ့ခေတ်က ပိုလီယိုရောဂါသည်တွေက ဆေးရုံက အသက်ရှူစက်တပ်ထားတဲ့အတွက် ဆေးရုံကုတင်က ရွေ့လို့မရပါဘူး။)ရောဘင့်အတွက် အဆင်ပြေမယ့် အသက်ရှူစက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့ဇနီးမောင်နှံနဲ့ သူငယ်ချင်းများပေါင်းပြီး ရောဘင့်အတွက် အဆင်ပြေမယ့်အရာတွေ တစ်ခုပြီးတစ်ခု တိုးတက်တီထွင်ခဲ့ပါတယ်။တဖြေးဖြေး နောက်ပိုင်းမှာ ရောဘင့်အတွက်သာမက တစ်ခြား ပိုလီယိုရောဂါသည်တွေပါ အသုံးပြုနိုင်အောင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ရောဘင်ဟာ ပိုလီယိုရောဂါရှင်များရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကား တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ရောဘင်ကာဗန်ဒစ်ရှ်ရဲ့ဘ၀ဖြစ်ရပ်ကို ပုံဖော်ထားပြီး ကိုယ့်ဘ၀မှာ ...
movie
Breathe (2017)
2017
7.8
Williams(2017)
IMDb.....7.8 ဖော်မြူလာဝမ်းပြိုင်ပွဲကိုတွေကိုအဓွန့်ရည်တည်တံသူတွေထဲမှာအအောင်မြင်ဆုံးမိသားစုကို ပြရမယ်ဆိုရင် ၀ီလျံကိုပြရမှာဖြစ်ပါတယ်....သူဟာငယ်စဉ်ကလေးဘ၀မှာ ဆင်းရဲတဲ့ဒုက္ခတွေကိုရင်ဆိုင်ရပေမဲ့ ဖော်မြူလာ ၀မ်းကားတွေနဲ့ပတ်သက်ပြီးအလုပ်လုပ်ရမှာကိုထူးထူးခြားစိတ်ဝင်စားခဲ့ပါတယ် ဒါကြောင့်အခက်အခဲတွေ တွေကိုကျော်ဖြတ်ပြီး အလုပ်လုပ်ခဲ့တာ အနှစ်လေးဆယ်ကျော် F1 ပြိုင်ပွဲတွေကိုထိန်းသိမ်း အုပ်ချုပ်ခဲ့သူမို့ တံခွန်စိုက်ဆု ၉ခုတောင် ရရှိခဲ့ပါတယ် ဒါပေမယ့် 1986 အောင်မြင်မှုရဲ့အမြင့်ဆုံးအချိန်မှာ သေစေနိုင်လောက်တဲ့ ယာဉ်တိုက်မှုတစ် ခုက ဖရန့်ကို ဒုက္ခအကြီးအကျယ်တွေ့စေခဲ့တယ် ပြီးတော့ အသင်းရဲ့အနာဂတ်ကလဲ ချိန်ခွင်လျှာပေါ်မှာ ဖြစ်နေခဲ့တယ် BFTA အနိုင်ရဒါရိုက်တာ မော်ဂန် မက်သရူးရဲ့ အသစ်စက်စက်မှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကားက ဖရန့်ရဲ့ ဂုဏ်သတင်းကြီးလာပုံတွေ သူ့မိသားစုတွေက သူအသက်ရှင်ဖို့ ရင်ဆိုင်ခဲ့ရပုံတွေ ဖရန့်တစ်ယောက်ယာဉ်တိုက်မှုအပြီး ကျန်တဲ့ဘ၀သက်တမ်းကို ၀ှီးလ်ချဲပေါ်မှာဖြတ်သန်းရဖို့ဖြစ်လာတဲ့ပြီးတဲ့နောက် သူ့အသင်းနဲ့ နောက်ဆက်တွဲအခြေအနေတွေကို ရိုက်ပြထားပါတယ် ၀ီလီယံရဲ့လှုပ်ရှားကြိုးစားအားထုတ်ပုံတွေကို အတူယူဖွယ်တွေရမဲ့အပြင် ဖော်မြူလာဝမ်းကားတွေ နှစ်သက်သဘောကျတဲ့လူတွေကို နှလုံးခုန်မြန်စေမယ့် မှတ်တမ်းကားဖြစ်ပါတယ် ဒီကားကဖြစ်ရပ်မှန် sports documentary မို့ ဗဟုသုတရစေရန်အလို့ငှာတင်ပေးခြင်းဖြစ်ပါတယ် File Size…(842MB) and (365MB) Quality…BluRay 720p Format…mp4 Duration…01:49:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by EG White
movie
Williams(2017)
2017