Channel Myanmar

Emily Bicks

Excision (2012) 6.1
Excision (2012)  Horror Movies တွေရိုက်ကူးတဲ့ ဒါရိုက်တာ Richard Bates,Jr ရိုက်ကူးထားတဲ့Horror/Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ AnnaLynne McCord ကတော့ဒီထဲမှာ ပေါ်လင် ဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ် 2012 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ rating လည်း အသင့်အတင့်ရရှိထားတဲ့ကားလေးပါပေါ်လင်မှာ ညီမလေးတစ်ယောက်ရှိပြီးတော့ ဆယ်ကျော်သက်အရွယ်လေးတွေပေါ့ အရာရာကို လက်တည့်စမ်းချင်ကြတဲ့အရွယ်ဖြစ်ပြီးတော့ ပေါ်လင်မှာက ထူးထူးခြားခြားစိတ်ကူးယဉ်လိင်စိတ်တက်ကြွမှုလေးတစ်ခုရှိနေတာပဲ စည်းကမ်းတင်းကြပ်ပြီ မိန်းမကောင်းလေးတွေဖြစ်ဖို့ ရှေးရိုးစွဲနေတဲ့ အမေနဲ့ကျောင်းတွင်းဆက်ဆံရေးအခြေအနေလေးတွေကနေ ပေါ်လင်တစ်ယောက် ဘာတွေလုပ်မိမှာလဲ...... မိဘ မောင်နှမ သူငယ်ချင်း အားလုံးနဲ့ ဘယ်လိုဆက်ဆံရေးတွေရှိပြီးတော့သူ့ရဲ့ စိတ်ကူးတွေ ရည်မှန်းချင်တွေကို ဘယ်လိုရအောင် အကောင်အထည်ဖော်မလဲ...... စတာတွေကို ရိုက်ကူးပုံဖော်ထားတာတွေကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(960 MB)/(440 MB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

Excision (2012)

Step Up (2006) 6.5
Step Up (2006)  Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင်ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာအကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီးတွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေးနိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက်အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်းအကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှုဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီးလူမှုအကျိုးဆောင်အနေနဲ့ ...
movie

Step Up (2006)