Channel Myanmar

Emily Delahunty

Buddy Games (2019)
Buddy Games (2019) Buddy Games (2019)အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - ...
movie

Buddy Games (2019)

2019
Antlers (2021) 6.2
Antlers (2021) Antlers (2021) =============== IMDb Rating - 6.2/10Story telling ဆိုတာ ​​ရှေးလူကြီး​တွေရဲ့ ဓ​လေ့​တွေ ယဥ်​ကျေးမှု​တွေ ဖြတ်သန်းခဲ့ရတဲ့ အ​တွေ့အကြုံ​တွေကို ​ နောင်လာ​နောက်သား​တွေဆီ ​ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့​ပြောတဲ့​နေရာမှာ တကယ့်သမိုင်း​ တွေသာမက fairytale ​တွေ၊ ဒဏ္ဍာရီ​တွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်​ရေဂန်​ဒေသက ​ရှေးတိုင်းရင်း အ​မေရိကန်လူမျိုး​တွေရဲ့ ယုံတမ်းပုံပြင်​တွေ အစပျိုးခဲ့တယ်။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့​ခေါ်တဲ့ ခပ်ပိန်ပိန်​ကောင်​လေးတစ်​ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အ​ပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံ​နေရတယ်။ တစ်​နေ့​ ဂျူလီက ပုံပြင်​ပြောပြဖို့ ​ရေးခဲ့ပါဆိုပြီး အိမ်စာ​ပေးလိုက်တယ်။ တခြားက​လေး​တွေက သာမန် နတ်သမီးပုံပြင်​တွေ ​ပြော​ပေမယ့် အဲ့ကောင်လေးက​တော့ မတူထူးဆန်း​နေတယ်။"ဝက်ဝံ၃​ကောင်ဟာ ​တောင်​ပေါ်က ​အေးစက်တဲ့ ဂူမှာ​နေတယ် ဝက်ဝံကြီးရယ် ဝက်ဝံ​လေးရယ် ဝက်ဝံ​ပေါက်​လေးရယ်​ပေါ့ ဝက်ဝံကြီးက အားလုံးကို ​စောင့်​ရှောက်ရတာ​ပေါ့ တစ်​နေ့ဝက်ဝံ​လေးပြန်လာ​တော့ ဝက်ဝံကြီးနဲ့ ဝက်ဝံ​ပေါက်​လေးက ထူးဆန်း​နေတယ် ဝက်ဝံကြီးက ​နေမ​ကောင်းဖြစ်​နေပြီး စားစရာ အသားလည်းမရှိ​တော့ဘူး"လူးကတ်​ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီး​နောက် ...
movie

Antlers (2021)

2021
Upside-Down Magic 2020 4.5
Upside-Down Magic 2020 Upside down magic ဒီ upside down magic မှာ အသက်၁၃နှစ်အရွယ် Nory ကအသက်7နှစ်အရွယ်မှာ သူ့မအမေနေမကောင်းဖြစ်ခဲ့တယ် အဲ့လိုအချိန်မှာ သူမစိတ်ထဲအရာအားလုံးဆုံးရှုံးလိုက်ရပြီလို့ထင်လိုက်ရတဲ့အချိန်မှာသူမဟာ သူမရဲ့မှော်စွမ်းအင်ဖြစ်တဲ့ တိရစ္ဆာန်ပုံပြောင်းနိုင်တာကိုလုပ်နိုင်ခဲ့တယ် အဲ့ဒါကြောင့်သူ့အသက် ၁၃နှစ်မှာ သူ့အချစ်ဆုံးသူငယ်ချင်း Reina နဲ့ အတူတူ စိမ့် ကျောင်းကိုသွားပြီး မှော်ပညာသင်ဖို့သွားခဲ့ကြတယ် သူ့အချစ်ဆုံးသူငယ်ချင်းReina က သူ့မှော်စွမ်းအင်ကမီးဖြစ်ပြီး ကောင်းမွန်းစွာအသုံးချနိုင်တာကြောင့် အတန်းထဲမှာအတော်ဆုံးလူတွေထဲမှာပါဝင်ခဲ့တယ် ဒါပေမယ့် Nory လေးကတော့ သူ့ရဲ့မှော်အစွမ်း အသွင်ပြောင်းလဲတာကိုလုပ်ဆောင်ရာမှာ မိမိလိုချင်တဲ့ကောင်မပြောင်းပဲ မျိုးစပ်အကောင်တွေအဖြစ်ပြောင်းလဲသွားတာကြောင့် အသွင်းပြောင်းနိုင်သူတွေနဲ့မထားပဲ UDM ဆိုတဲ့ကျောင်းမှာနေတယ် ဒါပေမယ့် သူမက စိတ်အားထက်သန်သူဖြစ်တာကြောင့် သူမှ အရှုံးမပေးပဲဆက်ကြိုးစားမလား ဒါမှမဟုတ် အရှုံူးပေးသွားမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်နိုင်ပါတယ် ဗျာFile Size : 700 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:36:00 Genre : ...
movie

Upside-Down Magic 2020

Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017