Channel Myanmar

Emily Mortimer

Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။ Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။ Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။ Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ ...
7.2
IMDB: 7.2/10 34,140 votes
movie

Mary Poppins Returns (2018)

2018
Blu-Ray 720p
The Bookshop (2017) 6.5
The Bookshop (2017) ၂၀၁၇ ခုနှစ်ထွက် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ Bookshop လို့အမည်ရတဲ့ဇာတ်ကားလေးက ၁၉၅၀ ၀န်းကျင်ကိုအခြေခံထားတဲ့ဇာတ်ကားလေးဖြစ်ပြီးမိန်းမသားတစ်ဦးရဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပုံတွေ လူမှုစရိုက်သဘောသဘာဝရဲ့ကောင်းကွက် ဆိုးကွက်တွေ မြေနိမ့်ရာလှံစိုက် ဖိနှိပ်မှုတွေကို ဇာတ်လမ်းအေးအေးလေးနဲ့တင်ဆက်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။။။။ ဇာတ်လမ်းအကျဉ်းကတော့ ဖလော့ရမ့်စ်ဂရင်းဆိုတဲ့ မုဆိုးမလေးဟာ သူမရဲ့ဝါသနာသူမရဲ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးကို ဇာတိမြေဖြစ်တဲ့ ဟာ့ဒ်ဘော့မြို့မှာပြန်လာဖွင့်တာလေးနဲ့ အစပျိုးထားပါတယ်။ ဒါပေမယ့်လဲ အဲ့မြို့မှာကစာအုပ်ဖတ်တဲ့လူဆိုလို့ မစ္စတာ ဘရန်ဒစ်ရှ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ပဲရှိတာဆိုတော့သူစာအုပ်ဆိုင်ဖွင့်မယ့်ကိစ္စက အထူးအဆန်းလို စွန့်စားမှုကြီးတစ်ခုလို လူတွေကမြင်ကြတာပေါ့ သူဆိုင်ဖွင့်မယ် Old House(အိမ်အိုကြီး)ကလဲ ရှေးဟောင်းအိမ်ကြီးဆိုတော့မစ္စစ် ဂါမက်လို့ခေါ်တဲ့ ဘွားတော်ကြီးကလဲ Art center ဖွင့်ချင်နေပြန်ပါလေရော ဒါပေမယ့်လဲ သူဖြစ်ချင်တဲ့ အကောင်အထည်ဖော်ချင်တဲ့အတိုင်း စာအုပ်ဆိုင်ကိုဇွတ်အတင်းရအောင်ဖွင့်ခဲ့ပါတယ်။ ဖလော့ရမ့်စ်ဂရင်းတစ်ယောက်သူ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးက အောင်အောင်မြင်မြင်ဖြစ်သွားမလား သူ့ကို မနာလိုမရှုစိမ့်ဖြစ်နေသူတွေကနေ ဘယ်လိုများနှောင့်ယှက်သွားအုန်းမလဲ တစ်ကိုယ်တည်း မုဆိုးမတစ်ယောက်အနေနဲ့ လောကဓံကိုဘယ်လိုများတောင့်ခံသွားသလဲဆိုတာတော့ဆက်လက်ဒေါင်းကြည့်ကြပါကုန်။။။။ ဇာတ်ကားတွေမှာ ရယ်စရာကောင်းတဲ့ကား၊ ကြောက်စရာကောင်းတဲ့ကား၊ ငိုရတဲ့ကား ဆိုပြီးရှိကြသလိုကျနော်ကတော့ ဒီကားလေးကို ချစ်စရာကောင်းတဲ့ကားလေးလို့ ခေါ်ချင်ပါတယ်။ ဒရာမာကားစစ်စစ် တစ်ကားဖြစ်သလို ၁၅၀၀ အချစ်လုံးဝမပါတဲ့ ဒရာမာကားလဲဖြစ်နေပြန်ပါသေးတယ် အဲ့ဒါအပြင် အပြင်ဖက်လက်တွေ့ဘ၀နဲ့ အများကြီးထပ်တူကျတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် ဒရာမာရုပ်ရှင်ချစ်မြတ်နိုးသူတွေလက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တယ်ဆိုတာကို လက်တို့လိုက်ပါရစေလားဗျာ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File ...
6.5
IMDB: 6.5/10 3,824 votes
movie

The Bookshop (2017)

2017
Blu-Ray 720p
The Pink Panther (2006) 5.6
The Pink Panther (2006) The Pink Panther . . . ဒီကားလေးဟာ နာမည်ကြားလိုက်တာနဲ့ လူတော်တော်များကတော့ ကြည့်ဖူးသိဖူးကြမယ်ထင်ပါရဲ့။ မကြည့်ဖူးတဲ့ သူများလည်း ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စုံထောက်ကြီး ကလူးဆိုး . သူဟာ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်ပြီး အလွဲလွဲအချော်ချော်တွေနဲ့ အမြဲတမ်းကြုံတွေ့နေရသူဖြစ်ပါတယ်။ အဲ့လိုပဲ သူ့ကို ချောက်တွန်းချင်တဲ့ စုံထောက်ချုပ်က လူသတ်မှုတစ်ခုကို လိုက်ခိုင်းပြီး အမှားတွေပဲဖြစ်အောင်လို့ ချောက်တွန်းပို့ပေးလိုက်ရာကနေ စုံထောက်ကြီး ကလူးဆိုးရဲ့ ဗလူးဗလဲရယ်စရာတွေစတင်လာပါတော့တယ်။ (ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးသူကတော့ Ma Myat Noe Wutt Yi ဖြစ်ပါတယ်။) @sanwinmaung   File Size >>>  (850 MB) Quality >>>  Blu-Ray 720p Running Time >>> 1hr 33min Genre >>> Adventure, Comedy, Crime  Subtitle >>> Myanmar Subtitle (Hard Sub) Translator >>> Myat Noe Wutt Yi Encoder >>> San Win Maung
5.6
IMDB: 5.6/10 70,992 votes
movie

The Pink Panther (2006)

2006
Cars 2 (2011) 6.2
Cars 2 (2011) ဒီဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်ထွက်animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Cars ရဲ့ဒုတိယကားလေးပဲဖြစ်ပါတယ်။ ပထမဇာတ်ကားမှာထဲကပရိသတ်အခိုင်အမာရထားတဲ့ဇာတ်ကားလေးဆိုတော့အထူးညွှန်းစရာမလိုတော့ပါဘူး။ ဒီဇာတ်လမ်းထဲမှာတော့ဂျိန်းစဘွန်းဇာတ်ကားထဲကလိုအက်ရှင်အလန်းစားတွေကိုမြင်တွေ့ရမှာပါ။ ကားမောင်းပြိုင်ပွဲနဲ့စပိုင်တွေရဲ့အက်ရှင်အလန်းစားတွေပေါင်းစပ်ထားတဲ့ဒီဇာတ်ကားလေးဟာလည်းပရိတ်သက်အကြိုက်တွေ့မှာအသေအချာပါပဲဗျာ။ IMDb rating ကတော့ 6.2/10 ဖြစ်ပါတယ်။   (ဘာသာပြန်ပေးသူက ကို Saw Wunna ပါ)   File Size : (850 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 46min Format : Mp4 Genre :Animation, Comedy, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-CiNEFiLE Translated by Saw Wunna Encoded by Thanhtike Zaw
6.2
IMDB: 6.2/10 118,184 votes
movie

Cars 2 (2011)

2011
Shutter Island (2010) 8.1
Shutter Island (2010) ဒီmovieလေးမှာ Leonardoဟာ အင်ဒရူးအဖြစ် သရုပ်ဆောင်ထားပြီး ခန့်မှန်းနားလည်ရခက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ပရိသတ်တွေကို ဒီဇာတ်လမ်းမှာ စီးမျောစေမှာပါ… ဇာတ်လမ်းအစမှာတော့ အင်ဒရူး နဲ့ ဂျက် တို့သူငယ်ချင်းနှစ်ယောက် ကျွန်းတစ်ကျွန်းကို သွားနေကြပုံနဲ့ အစချီထားပါတယ်… ကျွန်းပေါ်မှာတည်ထားတဲ့ အကျဉ်းထောင်ပေါ်က အကျဉ်းသူတစ်ယောက် ပျောက်ဆုံးသွားမှုကိုစစ်ဆေးဖို့ အရောက်သွားနေကြတာပေါ့… ကျွန်းပေါ်ရောက်တော့အကျဉ်းသားတွေအားလုံးဟာ လူနာတွေလိုပဲ… သူတို့ကိုတောင် မင်းနားမလည်ပါဘူးကွာ ဆိုတဲ့အကြည့်နဲ့ဝိုင်းကြည့်လိုက်ကြသေး… ကဲ အမှုအကြောင်းစစ်ဆေးတော့လည်း အားလုံးက မသိဘူး ဆိုတာချည်း… ဒီလိုဆို ထွက်ပေါက်မရှိတဲ့ဒီအကျဉ်းခန်းက ဒီဂြိုဟ်သူမ ကဘယ်လိုများ လွတ်မြောက်သွားတာတုန်း ဆိုတာလည်းအဖြေမတွေ့ … ပိုဆိုးတာက အင်ဒရူးကိုယ်တိုင်က…ဝိညာဉ်လိုလို မသိစိတ်လိုလိုပုံရိပ်တွေ တွေ့လာရပြီး… သူကိုယ်တိုင်လည်း ဆေးတွေသောက်လိုသောက်နေတော့…သူပဲရူးသွားပြီလား ပုံရိပ်တွေကရော ဘာတွေလဲ… အကျဉ်းသူကလည်း ဘယ်ရောက်သွားလဲ…အစရှိသည်ဖြင့် ပဟေဠိ ဆန်လှတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကိုခံစားရမှာပါ… Rating ကလည်း8.1ဆိုတော့ကာ…တကယ်မိုက်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါကြောင်း…   File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 18min Format : Mp4 Genre :Mystery, Thriller Subtitle ...
8.1
IMDB: 8.1/10 889,831 votes
movie

Shutter Island (2010)

2010
Hugo (2011) 7.5
Hugo (2011) ဒီတစ်ခါတော့ 2011 ကထွက်ခဲ့တဲ့ အင်္ဂလိပ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hugo ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ သူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ် သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါ သူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ် အဲစက်ရုပ်လေးမှာ အထူးပြုလုပ်ထားတဲ့သော့လေးမရှိရင် ဘာမှအလုပ်မလုပ်နိုင်ပါဘူး ဟူဂိုက သေဆုံးသွားတဲ့ သူ့အဖေနဲ့ပတ်သက်တဲ့ မယ်မိုရီတွေကို သိနိုင်ဖို့ သော့လေးကိုရှာဖို့ လိုတယ်ဆိုတာ သိလာတဲ့တစ်နေ့ ဟူဂိုတစ်ယောက်ဘာတွေ ဆက်လုပ်မလဲ ဘာတွေကြုံရမလဲ သူလိုချင်တာကို နောက်ဆုံးမှာ ရနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါလို့ မှော်ဆန်ဆန် ဆန်းကြယ်ဖြစ်ရပ်ဇာတ်ကားလေးတွေကိုရူးသွပ်ကြတဲ့ ပရိသတ်တွေ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ   File Size : (800 MB) and (450 MB) Quality : 720p Blu – Ray Running Time : 2hr 6min Format ...
7.5
IMDB: 7.5/10 264,191 votes
movie

Hugo (2011)

2011