Channel Myanmar

Emily Thorling

In Bruges (2008) 7.9
In Bruges (2008) In Bruges (2008) IMDb - 7.9/10_____Rotten - 84%    ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက   Martin McDonagh  ဖြစ်ပါတယ်...တစ်လောတုန်းက  အော်စကာ (၂)ဆုရခဲ့တဲ့ Three Billboards ကားကို ရိုက်ကူးခဲ့တာ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ် ...နောက်ပြီးတော့ ဒီကားရဲ့ ဟန်ပန်ဟာ Pulp fiction (1994) လို ကားမျိုးပါပဲ... Pulp fiction လောက် ဇာတ်ကောင်မများသလို သိပ်လည်းမရှုတ်ထွေးပါဘူး... သို့ပေမယ့် ဒီကားမဒေါင်းခင် ဒါရိုက်တာက  Martin McDonagh  ဆိုတာရယ်  Pulp fiction (1994) နဲ့ ဟန်ပန်အနည်းငယ်တူတာရယ်ဆိုတော့ တစ်ချို့သူတွေအတွက်တော့ အနည်းငယ်ဆင်ခြင်စေချင်ပါတယ်.... ကြေးစားလူမိုက်လောကကိုစဝင်တဲ့ ရေးဆိုတဲ့ လူတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က  ခရစ်ယာန်ဘုန်းတော်ကြီးတစ်ယောက်ကိုသတ်ဖို့ပါပဲ... .သူ့အတွက်အခက်အခဲမရှိခဲ့ဘူး ..ပစ္စတိုနဲ့ အနီးပ် ပစ်လိုက်ရုံပဲ...သေချာသွားအောင်  ကျည်တောင့်တွေဆက်ပစ်သွင်းလိုက်တယ်... အဲ့ဒီမှာ ကျည်ဟာ  ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ အသက်ကိုနှုတ်ယူရုံတင်မကဘူး ဘုန်းတော်ကြီးနောက်မှာရပ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အသက်ကိုပါ နှုတ်ယူသွားတယ်...အပစ်ကင်းတဲ့ကလေးတစ်ယောက်အတွက် မနက်ဖြန်ဆိုတာ ချုပ်ငြိမ်းသွားတယ်... .ဒီဖြစ်ရပ်ကြောင့် လူသတ်ဖို့ခိုင်းတဲ့အလုပ်ရှင်ဟာ ရေးနဲ့ သူ့သူသယ်ချင်းဖြစ်သူ ကန် ကို ဘယ်ဂျီယံရဲ့ ဘရုချ်ဆိုတဲ့မြို့လေးတစ်မြို့ကိုတိမ်းရှောင်ခိုင်းလိုက်တယ်.. .. ဒီကားက ဇာတ်ကောင်(၃)ယောက်ဖြစ်တဲ့ ရေး၊ကန်နဲ့ ...
movie

In Bruges (2008)

2008