Channel Myanmar

Eri Tokunaga

Popran (2022) 5..9
Popran (2022) 2022 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.2 GB)/(647 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Comedy, fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Popran (2022)

Inumo Kuwanedo Charlie Wa Warau (2022) 6.0
Inumo Kuwanedo Charlie Wa Warau (2022) Inumo Kuwanedo Charlie Wa Warau (2022) ---------------------------------------------------------------------- စတိုးဆိုင်တစ်ခုမှာ ကာစတန်မာနဲ့ အရောင်းဝန်ထမ်းအနေနဲ့ စတင်တွေ့ဆုံခဲ့ပြီး မေတ္တာမျှလို့လက်ထပ်ဖြစ်ခဲ့တဲ့ ယူးဂျီရိုနဲ့ ဟီရိုရိတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း ၄ နှစ်အကြာမှာတော့ တစ်ယောက်ကိုတစ်ယောက် ပြစ်ချက်တွေမြင်လာပြီး အရင်လို ကြင်နာမယုယနိုင်တော့ဘဲ ရင်ထဲမှာကျိတ်ပြီးစိတ်ကုန်နေကြတာပေါ့။လုပ်ငန်းခွင်မှာပင်ပန်းတဲ့အပြင် အိမ်မှာလည်းယောက်ျားဖြစ်သူက ကူဖောင်လောက်ဖက်မရလို့ စိတ်ထွက်ပေါက်ပိတ်နေတဲ့ အိမ်ရှင်မဟီရိုရိဟာတစ်နေ့မှာတော့ "ခင်ပွန်းသည်သေမင်းမှတ်တမ်း" ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကိုရှာတွေ့သွားပြီး အဲဒီမှာချာလီဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ယောက်ျားအပေါ် မကျေနပ်ချက်တွေကိုရဲ့ စာအဖြစ်ပယ်ပယ်နှယ်နှယ်ရေးချပြီး ပေါက်ကွဲ ဘဝတူအိမ်ထောင်ရှင်မတွေကလည်းသူ့ကိုထောက်ခံကြနဲ့ အဲဒီဝက်ဘ်ဆိုဒ်စိတ်ထွက်ပေါက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ယောက်ျားအလုပ်ထဲကအိမ်ရှင်မတစ်ယောက်က သူရေးထားတဲ့စာတွေကို သူ့ယောက်ျားဖြစ်သူ ယူးဂျီရိုကိုသွားပြမိတဲ့အခါမှာတော့ အက်ကွဲကြောင်းပေါ်နေတဲ့ ဒီအိမ်ထောင်ရေးပြဿနာကို သူတို့လင်မယားနှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ File size…1.8GB / 665MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Inumo Kuwanedo Charlie Wa Warau (2022)

2022
Will I Be Single Forever? 6.3
Will I Be Single Forever? ‎Will I be single forever (2021)"တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား" ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။အထူးသဖြင့် "သားကိုသခင် လင်ကို ဘုရား" ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ​ဆက်ဆံခံနေရတာပါ။အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB ...
movie

Will I Be Single Forever?

2021