Channel Myanmar

Eric Godon

Erased (2012) 6.0
Erased (2012)  မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။File size…(1.9 GB)/(920 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy ...
movie

Erased (2012)

Suite Francaise (2014) 7.0
Suite Francaise (2014) Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo ...
movie

Suite Francaise (2014)

Freaks Out (2021) 7.2
Freaks Out (2021) Freaks Out (2021) ဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ Fantasy, History, Supernatural, Comedy ဇာတ်ကားလေးဖြစ်ပါတယ်။ဆပ်ကပ်ပြစားတဲ့ လူထူးဆန်း၄ယောက် စစ်ကာလမှာ လမ်းပျောက်ပြီး အမေရိကကို သွားမယ်‌လို့ စီစဉ်လိုက်ကြပေမဲ့ စီစဉ်ပေးတဲ့ အစ်စရေးဆိုတဲ့ ခေါင်းဆောင်က ဂျူးတွေကို ဖမ်းခေါ်သွားတဲ့အထဲ ပါသွားခဲ့တယ်။ အဲ့မှာ လူထူးဆန်း လေးယောက် လမ်းပျောက်ပြီး အစ်စရေးကို ရှာတဲ့သူကရှာ ၊ ဖရန့်စ် ဆိုတဲ့လူ ဖွင့်ထားတဲ့ ဇူးကပ်စ်ဘာလင် ဆပ်ကပ်ကို သွားတဲ့သူက သွားနဲ့ အုပ်စုကွဲသွားလေရဲ့။ဖရန့်စ်ဆိုတဲ့လူက အီသာအသုံးလွန်ပြီး အနာဂါတ်ကို အိပ်မက်ထဲမှာ မြင်လိုက်တယ်။ ဟစ်တလာသေပြီး သူတို့ စစ်ရှုံးတာကို မြင်လိုက်ရပြီး အနာဂါတ်ကိုပြောင်းဖို့ စစ်ပွဲမှာ အနိုင်ရဖို့ တိုက်ပေးဖို့ စွမ်းအားရှင်တွေကို ရှာပြီး ဟစ်တလာကို ဆက်သမယ်ပေါ့ သူ့အစီအစဉ်က။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဇာတ်လမ်းကလည်း ကောင်းတာမလို့ ဘာတွေဆက်ဖြစ်မလဲ သိရအောင် ကြည့်လိုက်ကြ‌ရအောင်။ (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Freaks Out (2021)

Yummy (2019) 6.1
Yummy (2019) Yummy (2019)============IMDb Rating - 6.1/10#Unicodeဇွန်ဘီကားစစ်စစ်ကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်ရင်တော့ IMDb rating 6.1 ရထားတဲ့ ဒီကားကအသင့်တော်ဆုံးပါပဲ။ ပြင်းထန်တဲ့ပြကွက်တွေနဲ့ သွေးထွက်သံယိုတွေအများကြီးပါလို့ အသဲငယ်ရင်မကြည့်တာကောင်းပါတယ် :'Dအယ်လီဆန်ဟာ သူမရဲ့ ကြီးမားတဲ့ရင်သား‌တွေကြောင့် ယောက်ျားလေးတွေရဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာစနောက်ခြင်းကိုခံနေရတာကြောင့် ရင်သားဆိုဒ်ကို သေးအောင်ခွဲစိတ်ဖို့အတွက် သူ့ရဲ့အမေ၊ ကောင်လေးဖြစ်သူတို့နဲ့အတူ ပလစ်စတစ်ဆာဂျရီဆေးရုံကို အတူလာခဲ့ကြပါတယ်။ ဆေးရုံအုပ် ဒေါက်တာခရောချက်ကတော့ "ကမ္ဘာကြီးကို ပိုမိုလှပအောင်လုပ်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကြီးတာကိုရပ်တန့်စေတဲ့ ကုသမှုကို စမ်းသပ်နေတဲ့ ခွဲစိတ်ဆရာဝန်‌တစ်ယောက်ပါ။ အယ်လီဆန်ရဲ့ကောင်လေးဖြစ်တဲ့ ပိုပီဟာ အယ်လီဆန်မခွဲစိတ်ခင်မှာ ဆေးရုံဝန်ထမ်းတချို့နဲ့ စကားများပြီး စိတ်ပြေလက်ပျောက် ဆေးရုံအခန်း‌တွေကိုလိုက်ကြည့်ရာကနေ တားမြစ်ထားတဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။အဲဒီ့အခန်းထဲမှာ ကြိုးတွေနဲ့တုပ်ပြီး ပါးစပ်အပိတ်ခံထားရတဲ့ ရုန်းကန်နေတဲ့မိန်းမတစ်ယောက်ကို သူတွေ့လိုက်ရတဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ ပါးစပ်ပိတ်ထားတဲ့အစွပ်ကို ဖြုတ်ပေးလိုက်တဲ့အခါ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေစတင်ကြုံရပါတော့တယ်။ အဲဒီ့အမျိုးသမီးကို ဆေးရုံရဲ့ကန့်သတ်ခန်းထဲမှာ ဘာကြောင့်ထည့်ပိတ်ထားရတာလဲ..........ဒီကိစ္စဟာ စမ်းသပ်မှုနဲ့ရော ဘယ်လိုတွေသက်ဆိုင်နေလဲ..........ဆေးရုံကလူတွေကရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ဒီ ...
movie

Yummy (2019)

2019
Anna (2019) 6.6
Anna (2019) unicodeAnna (2019)အခုကားလေးကတော့ အန်နာဆိုတဲ့ရုရှားမလေး တစ်ယောက်အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပါအမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျိုတွေနိုင်ငံရေးရှှုပ်ထွေးမှုတွေကို ဒီကားမှာ ပုံဖော်ရိုက်ကူးထားပါတယ်စပိုင်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ကားတစ်ကားပါပဲFile Size : ( 1 GB , 330 MB )Quality : BluRay 1080p 5.1CH , BluRay 720p , 480pRunning Time : 1 hr 49minFormat : Mp4Genre : Action , ThrillerSubtitle ...
movie

Anna (2019)

Anna (2019) 6.6
Anna (2019) အခုကားလေးကတော့ အန်နာဆိုတဲ့ရုရှားမလေး တစ်ယောက်အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ.... သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပါအမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို ဒီကားမှာ ပုံဖော်ရိုက်ကူးထားပါတယ်စပိုင်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ကားတစ်ကားပါပဲ File Size : ( 1 GB , 416 MB)Quality :  WEB-DL 720pRunning Time : 1 hr 59 minFormat : Mp4 ...
movie

Anna (2019)

2019
From Paris with Love (2010) 6.5
From Paris with Love (2010) From Paris with Love (2010) ဒီဇာတ်ကားရဲ့နာမည် နဲ့ ပိုစတာကို ယှဉ်ကြည့်ပြီးRomance လား Drama လား Action လား ဇဝေဇဝါဖြစ်မိကြပါလိမ့်မယ်တကယ်တော့ ဒီဇာတ်ကားလေးဟာ Action ကြမ်းကြမ်းထဲDrama လေး နည်းနည်းကဲထားတဲ့အပြင် လှည့်ကွက်ကလေးတွေနဲ့ပါထပ်ပေါင်းထားတာကြောင့် ရသစုံလင်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါဒီဇာတ်ကားကို ကြည့်ဖူးသူတွေ အများကြီးရှိပါလိမ့်မယ်မြန်မာစာတန်းထိုးလေးနဲ့ ပြန်ကြည့်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်Face Off မင်းသားကြီး ဂျွန်ထရာဗိုလ်တာ ရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပညာကို ဒီကားမှာ ထပ်မံမြင်တွေ့ကြရမှာပါ IMDb 6.2 ရရှိထားပါတယ်ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ကိုယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ချက်စ် ကစားသမား ဂျိမ်းစ်ရိစ် ဟာအမှန်တကယ်တော့ အသေးစားလျို့ဝှက်တာဝန်များကို ထမ်းဆောင်နေတဲ့စီအိုင်အေ အေးဂျင့်တစ်ဦး ဖြစ်ပါတယ်တစ်နေ့မှာတော့ ဂျိမ်းစ်ရိစ်ရဲ့တည်ငြိမ်အေးဆေးလှတဲ့နေ့ရက်တွေထဲချာလီဝက်စ် ဆိုတဲ့ ကောင်းဘွိုင်ဆန်ဆန် စီအိုင်အေ အေးဂျင့်တစ်ဦးရောက်ရှိလာတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ရေကန်ထဲခဲပစ်ခံရသလို ဖြစ်လာပါတော့တယ်ဘာတာဝန်နဲ့မို့ ချာလီဝက်စ် ပဲရစ်အထိ ရောက်လာခဲ့တာလဲ............အထက်အရာရှိတွေက ဘာ့ကြာင့်များ အသွင်မတူတဲ့အေးဂျင့်နှစ်ဦးကို ...
movie

From Paris with Love (2010)

2010
In Bruges (2008) 7.9
In Bruges (2008) In Bruges (2008) IMDb - 7.9/10_____Rotten - 84%    ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက   Martin McDonagh  ဖြစ်ပါတယ်...တစ်လောတုန်းက  အော်စကာ (၂)ဆုရခဲ့တဲ့ Three Billboards ကားကို ရိုက်ကူးခဲ့တာ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ် ...နောက်ပြီးတော့ ဒီကားရဲ့ ဟန်ပန်ဟာ Pulp fiction (1994) လို ကားမျိုးပါပဲ... Pulp fiction လောက် ဇာတ်ကောင်မများသလို သိပ်လည်းမရှုတ်ထွေးပါဘူး... သို့ပေမယ့် ဒီကားမဒေါင်းခင် ဒါရိုက်တာက  Martin McDonagh  ဆိုတာရယ်  Pulp fiction (1994) နဲ့ ဟန်ပန်အနည်းငယ်တူတာရယ်ဆိုတော့ တစ်ချို့သူတွေအတွက်တော့ အနည်းငယ်ဆင်ခြင်စေချင်ပါတယ်.... ကြေးစားလူမိုက်လောကကိုစဝင်တဲ့ ရေးဆိုတဲ့ လူတစ်ယောက်ရဲ့ ပထမဆုံးတာဝန်က  ခရစ်ယာန်ဘုန်းတော်ကြီးတစ်ယောက်ကိုသတ်ဖို့ပါပဲ... .သူ့အတွက်အခက်အခဲမရှိခဲ့ဘူး ..ပစ္စတိုနဲ့ အနီးပ် ပစ်လိုက်ရုံပဲ...သေချာသွားအောင်  ကျည်တောင့်တွေဆက်ပစ်သွင်းလိုက်တယ်... အဲ့ဒီမှာ ကျည်ဟာ  ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ အသက်ကိုနှုတ်ယူရုံတင်မကဘူး ဘုန်းတော်ကြီးနောက်မှာရပ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အသက်ကိုပါ နှုတ်ယူသွားတယ်...အပစ်ကင်းတဲ့ကလေးတစ်ယောက်အတွက် မနက်ဖြန်ဆိုတာ ချုပ်ငြိမ်းသွားတယ်... .ဒီဖြစ်ရပ်ကြောင့် လူသတ်ဖို့ခိုင်းတဲ့အလုပ်ရှင်ဟာ ရေးနဲ့ သူ့သူသယ်ချင်းဖြစ်သူ ကန် ကို ဘယ်ဂျီယံရဲ့ ဘရုချ်ဆိုတဲ့မြို့လေးတစ်မြို့ကိုတိမ်းရှောင်ခိုင်းလိုက်တယ်.. .. ဒီကားက ဇာတ်ကောင်(၃)ယောက်ဖြစ်တဲ့ ရေး၊ကန်နဲ့ ...
movie

In Bruges (2008)

2008