Channel Myanmar

Eric Kofi Abrefa

The Book of Clarence (2023) 5.7
The Book of Clarence (2023)  ပိတ်ရက်လည်းနီးပြီဆိုတော့ အခွီဓာတ်လေးလည်းပါရမယ်ပေါကားကြီးလည်း မကြိုက်ဘူးဆိုသူတွေအတွက်Biblical comedyလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သမ္မာကျမ်းစာက အသုံးအနှုန်းတွေများတဲ့ကားလေးဆိုတော့အမှားပါခဲ့ရင် မေတ္တာရှေ့ထား သည်းခံပေးကြဖို့ တောင်းဆိုရင်းနဲ့ပဲဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။ကလဲရန့်စ်ဆိုတာ ရွာထဲကပြဿနာအိုးငမွှေထိုး သူခိုး ကြမ်းပိုးတစ်ယောက်၊ ညိုကီတို့တောင် တချီတချီထထလုပ်ချင်တဲ့ဝိစိုက်ရောင်းတဲ့အလုပ်ကို အကောင်အထည်ဖော်ထားတဲ့သူပေါ့။မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့သူဟာ ခရစ်တော်ကိုမယုံကြည်တဲ့ ဘာသာမဲ့ အပယ်ခံလည်း ဖြစ်‌နေပါသေးသတဲ့။ဒီလိုနဲ့တစ်နေ့မှာ ကံလေးများတက်မလားဆိုပြီး မယ်ရီဆိုတဲ့စော်လေးနဲ့ ရထားပြိုင်မောင်းရာက ချော်တောငေါ့ပြီးရှုံး၊ငွေတိုးချေးစားတဲ့ ဂျေဒဒိုင်ယာဆိုတဲ့ ရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့ဘဲကြီးဆီမှာ အကြွေးတင်သွားပါတော့တယ်။ရက် ၃၀ အတွင်းအကြွေးမဆပ်ရင် လည်ကုပ်နားဝဲနေတဲ့ဂျေဒဒိုင်ယာရဲ့ဓားကိုလည်းကြောက်ရ၊ တသက်လုံး ရုန်းကန်ခဲ့ရတဲ့အမေ့ကိုလည်း အိမ်ကောင်းကောင်းနဲ့ထားချင်၊ နှလုံးသားထဲကချစ်ဦးသူဖြစ်တဲ့ ဂျေဒဒိုင်ယာရဲ့ညီမလေး ဗာရီယာနဲ့လည်းအကြောင်းပါချင်တဲ့ ကလဲရန့်စ်တစ်ယောက် သူငယ်ချင်းတစ်စုနဲ့ဘူရှိန်းဘိန်းရှူရင်းနဲ့ အတွေးပေါက်သွားပါသတဲ့။ ဒါကတော့သူ့ကိုယ်သူ ယေရှုရဲ့ ၁၃ ယောက်မြောက် တမန်တော်မေရှိယအဖြစ်ခံယူပြီးတော့ လှူစာကမ်းစာတွေကို တစ်ဝစားလို့ အကြွေးပါဆပ်ပြီးလူချမ်းသာလုပ်မယ်ဆိုတဲ့ ဘုရားစူးအတွေးလေးပါပဲ။ဘာသာမဲ့မှသည် ဘုရားသခင်ရဲ့တမန်‌တော်လုပ်မယ့် ရွှေဉာဏ်တော်နဲ့သူ့ရဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ခရီးထွက်လာတဲ့ ကလဲရန့်စ်တစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူရှုစားလိုက်ရအောင်ပါ.... File size…2.73 GB / 1.11 ...
movie

The Book of Clarence (2023)

Fury(2014) 7.6
Fury(2014) Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie

Fury(2014)

2014
Blue Story(2019) 6.0
Blue Story(2019) Blue Story(2019)ဒီတစ်ခါမှာ​တော့ Action / Drama ဇာတ်ကား​ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်။Blue Story လို့အမည်ရတဲ့ ဒီကားဟာဆိုရင်​တော့ 2019မှာ ထွက်ရှိလာတာဖြစ်ပြီး 2020ခုနှစ်အတွက် NME (best film award) ကို ရရှိခဲ့တဲ့ ဇာတ်ကား​ကောင်းတစ်ကား ဖြစ်ပါတယ်။လန်ဒန်မြို့ရဲ့ အ​ရှေ့​တောင်ဘက်ခြမ်းမှာ​ Peckham Youths နဲ့ Ghetto Boys ဆိုတဲ့ ဂိုဏ်း၂ဂိုဏ်းအကြားက အားပြိုင်မှုဟာ ပြင်းထန်လွန်းလှပါတယ်။နယ်​မြေစွဲ​တွေနဲ့ အမြဲတမ်းတိုက်ခိုက်​နေကြတဲ့ အဖွဲ့ ၂ဖွဲ့ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ​တော့ မာကို ဟာ Peckham Youths အဖွဲ့​ခေါင်း​ဆောင်ရဲ့ ညီ ဖြစ်ပြီး သူ့ဆီမှာ အချစ်ဆုံးသူငယ်ချင်း တင်မီ ရှိပါတယ်။ မာကို နဲ့တင်မီတို့ဟာ အတူသွား အတူစားကြရင်း ညီအကို​ရင်းချာ​တွေလို ​နေထိုင်ကြတာ ဖြစ်ပါတယ်။တစ်ရက်မှာတော့ အ​ကြောင်းတစ်စုံတစ်ရာ​ကြောင့် သူတို့နှစ်​ယောက် အချင်းများကြပြီး ​နောက်ဆုံး တင်မီက Ghetto Boys ...
movie

Blue Story(2019)

King Lear (2018) 6.1
King Lear (2018) အင်္ဂလန်ပြည့်ရှင်မင်းကြီး King Lear ဟာ တိုင်းပြည်ကိုသုံးပိုင်းခွဲပြီး သမီးတော်သုံးဦးဆီမျှဝေပေးရာကနေ ဇာတ်လမ်းစပါတယ်... ကောက်ကျစ်တဲ့သမီးနှစ်ဦးရဲ့မြှောက်ပင့် စကားတွေကြား ဘ၀င်ခွေ့ခဲ့တဲ့ King Lear... မိမိအပေါ်စိတ်ရင်းနဲ့မေတ္တာထားတဲ့သမီးငယ်ကိုမှ ရက်စက်မိလေခဲ့တဲ့ King Lear... ယုတ်ညံ့သူတွေရဲ့မျက်နှာဖုံးကွာကျလာချိန်မှာ... အမှားအမှန်ကို ကွဲကွဲပြားပြားသိလာချိန်မှာ... အရာအားလုံးက ပြန်ပြင်ဆင်ဖို့အချိန်မှီပါဦးမလား... (ဒီရုပ်ရှင်ထဲမှာ ဘုရင်ကြီးလီယာဘေးက မိတ်ဆွေစစ်တွေရဲ့ တန်ဖိုးကိုလည်းဖော်ကျူးထားပါတယ်)။ Shakespear ရဲ့နာမည်ကျော် King Lear ၀တ္ထုကို ယနေ့ခေတ်အသွင်အပြင်နဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။   Archi Than Gyi ဘာသာပြန်ပြီး အညွှန်းကိုယ်လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

King Lear (2018)

2018