Channel Myanmar

Erica Mena

You’re Not Alone (2023)
You’re Not Alone (2023)  2023 ခုနှစ်ထွက် mystery,thriller အမျိုးအစား အမေရိကန်ရုပ်ရှင်လေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးသမားကိမစ်ချယ်ဟာ အလုပ်ကိစ္စနဲ့ခရီးသွားဖို့လေယာဉ်ပေါ်ရောက်နေပါတယ်။ သူ့မိန်းမဟာလွန်ခဲ့တဲ့နှစ်အနဲငယ်က စိတ္တဇလူသတ်သမားတစ်ဦးသတ်လိုက်လို့သေဆုံးခဲ့ရတာပါ။ ဒါကြောင့်သူ့ရဲ့တစ်ဦးတည်းသောသမီးကိုလည်း တယောက်ထဲရှိနေချိန်ပြန်လည်ခုခံနိုင်ဖို့ကိုယ်ခံပညာသင်ပေးခဲ့ပါတယ်။ထို့အပြင် သူခရီးသွားတဲ့အချိန်မှာ သူ့သမီးကိုအိမ်ထဲမှာပဲနေစေပြီးဖုန်းကနေတဆင့်သူ့အိမ်ကိုစောင့်ကြည့်နေပါတယ်။စိတ္တဇလူသတ်သမားအကြောင်းပြောရရင်တော့ သူကအိမ်မှာတယောက်ထဲရှိနေတဲ့မိန်းမတွေကိုလိုက်သတ်တာပါ။အွန်လိုင်း chat room တွေကနေတဆင့်သူ့ရဲ့ပစ်မှတ်ကိုရှာဖွေပါတယ်။ ဒီလိုနဲ့ ကိမစ်ချယ်ခရီးသွားနေတဲ့အချိန် အိမ်မှာတယောက်ထဲကျန်နေခဲ့တဲ့သမီးကိုသတ်ဖို့ စိတ္တဇလူသတ်သမားရောက်လာပါတော့တယ်။ ဘာဆက်ဖြစ်သွားမလဲ..စိတ္တဇလူသတ်သမားကိုဘယ်လိုရှာဖွေဖမ်းစီးကြမလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။ File size…(526 MB) Quality….Webrip 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

You’re Not Alone (2023)

The Millennial (2022) 6.9
The Millennial (2022) The Millennial (2022)(1080p ရပါပြီ)အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဖြစ်လည်း Generation-Y ဖြစ်တဲ့ ချက်ဒ် ဆိုတဲ့ လူငယ်လေးကို အင်တာဗျူးနေတဲ့ ပုံစံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ချက်ဒ်ဆိုတဲ့ မာစတာဘွဲ့အထိတောင်ရထားတဲ့ လူငယ်လေးတစ်ယောက် အလုပ်သင်ကာလပြီးတော့ အရွေးမခံလိုက်ရလို့ အိမ်ကို စိတ်ပျက်လက်ပျက်ပြန်လာခဲ့ပါတယ်။ အဖေကလည်း အရမ်းအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတော့ သူ့အနေနဲ့ အလုပ်မရလိုက်တာ ပိုလို့တောင် စိတ်ညစ်နေတဲ့အချိန် အိမ်ကလူတွေက သူ အလုပ်ရပြီအထင်နဲ့ ပါတီပွဲနဲ့ စောင့်ကြိုဂုဏ်ပြုဖို့ အားခဲထားကြတာပေ့ါ။ဒီလိုတွေဖြစ်သွားတော့ သူလည်းအလုပ်မရခဲ့ကြောင်း မပြောနိုင်တော့ဘဲ ဘာလုပ်ရမှန်းမသိ၊ လမ်းပျောက်နေတုန်း ငယ်သူငယ်ချင်းရဲ့ Instagram က ပို့စ်ကို တွေ့ပြီး အတ္တလန်တာသွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။အဲဒီကနေ ဘယ်လိုတွေဖြစ်လာမလဲ? ကြုံတွေ့လာရမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး အောင်မြင်သူ တစ်ယောက်ဖြစ်လာပါ့မလား? စိတ်ဓာတ်ကျပြီး အရှုံးသမား လုံးလုံး ဖြစ်သွားမလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်စို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။)File Size  ...
movie

The Millennial (2022)

2022