Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Erika Toda
Motherhood (2022)
Motherhood (2022)"အမှောင်ထဲမှာ ကျွန်မရဲ့လက်တွေကို ဆုပ်ကိုင်ပေးထားတာ အမေရယ်ပါလို့ကျွန်မတွေးနေမိတာ.... ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာပါလိမ့်နော်" (ဆာယာခါ)"ကျွန်မသူ့ကို အကြင်နာတွေ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပျိုးထောင်လာခဲ့တာ သူသတ်သေတယ်ဆိုတာမဖြစ်နိုင်ဘူး" (စုယုကိ)"ပင်ကိုဓာတ်ခံ အမျိုးသမီးတစ်ယောက်ရဲ့ဗီဇလို့သတ်မှတ်နေကြပေမဲ့ 'မိခင်မေတ္တာ'ဆိုတာ ကျွန်မတို့မှာ မွေးကတည်းကပါလာတဲ့အရာမှမဟုတ်တာ"လောကကြီးမှာ ရင်နာစရာအကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ ကိုယ့်ကိုမုန်းတီးနေတဲ့လူဆီက ချစ်ခြင်းမေတ္တာကိုမှ တမ်းတမိနေခြင်းပါပဲ။ ဒါပေမဲ့ ဝဋ်ကြွေးလို့ပဲဆိုရမလား မရနိုင်မှန်းသိနေတဲ့အရာကိုမှတမ်းတတတ်တဲ့ညဉ်ဆိုးပါလာတာလား မပြောတတ်ပေမဲ့ လူတော်တော်များများကတော့ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ကိုမဝံ့ရဲတတ်ကြပါဘူး။ဒီMotherhoodဆိုတဲ့ရုပ်ရှင်လေးမှာလည်း သမီးဖြစ်သူကိုမချစ်နိုင်တဲ့အမေ၊ ကိုယ့်ကိုမချစ်မှန်းသိသိကြီးနဲ့ အမေဖြစ်သူရဲ့ချစ်ခြင်းမေတ္တာကိုမှ တမ်းတနေတဲ့သမီးဖြစ်သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပြထားတာပါ။စုယုကိဟာ အမေကိုသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက် အမေက ၁ ဆို ၂ မလုပ်တတ်တဲ့ အမေ့စကားဆိုရင် မြေဝယ်မျကနားထောင်တတ်တဲ့သူလေးပေါ့။ စုယုကိကတော့ တာဒိုကိုရိုကိုသဘောမကျပေမဲ့ အမေဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်နဲ့မလိုက်ဖက်မှန်းသိသိကြီးနဲ့ ဘေးလူတွေကလည်းတားဆီးနေပါရက်နဲ့ ဇွတ်လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ တာဒိုကိုရိုတို့မိသားစုက တော်တော်လေးမွန်းကြပ်စရာကောင်းတဲ့မိသားစုဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူတာဒိုကိုရိုဟာ စုယုကိကိုကြင်နာဖေးမရကောင်းမှန်းမသိပါဘူး။ ဒါပေမဲ့ စုယုကိကတော့ အမေ့မျက်နှာတစ်ကမ္ဘာနဲ့ ပျော်ရွှင်နေဆဲပါပဲ။ဒီလိုနဲ့ စုယုကိတစ်ယောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ သူကိုယ်တိုင်မိခင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။ တာဒိုကိုရိုနဲ့ အချစ်တွေ သံယောဇဉ်တွေမပါဘဲ ဝတ္တရားသက်သက် တည်ဆောက်ထားတဲ့ ဒီအိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆာယာခါလေးကို စုယုကိတစ်ယောက် ဘယ်လိုမှမေတ္တာမပေးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ မီးလောင်မှုဖြစ်ပြီးတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရချိန်မှာတော့ စုယုကိနဲ့ဆာယာခါကြားမှာ ...
movie
Motherhood (2022)
6.6
Goemon (2009)
Goemonဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
Goemon (2009)
6.1
L: change the WorLd(2008)
Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za
movie
L: change the WorLd(2008)
2008
7.2
Death Note: The Last Name (2006)
Death Note: The Last Name (2006) -------------------------------Death Note 2006ရုပ်ရှင် ထွက်ပြီးနောက်ဆက်ထွက်လာတဲ့ ရုပ်ရှင်ကားတခုပဲဖြစ််ပါတယ်....ဒီရုပ်ရှင်မှာတော့ ဇာတ်ရှိန်ဟာ ပိုမိုတက်လာပြီးနောက်ထပ် သေမင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရတဲ့လူသားတစ်ယောက်ထပ်တိုးလာမှာပါ...ဇာတ်လမ်းအကျဉ်း ------------လူတွေအားလုံးဟာ တနေ့မှာသေကြရမှာပါပဲ...ဒိတော့သေမင်းကို ကြောက်ရတာပေါ့..ဒါပေမယ့် သေမင်းနဲ့သာမိတ်ဆွေဖြစ်ခွင့်ရမယ်ဆိုရင်ရော...အာဆာနဲမီဆာက သေနေ့စေ့ပြီဖြစ်တဲ့မိန်းကလေးတစ်ယောက်.သူက စိတ္တဇလူသတ်သမားရဲ့လက်မှာ သေရမှာဖြစ်ပေမယ့်ကံကြမ္မာအလှည့်ပြောင်းနဲ့မသေရတော့ပဲ သေမင်းနဲ့မိတ်ဆွေဖြစ်ပြီးသေမင်းတမန်စာအုပ်ကိုပါပိုင်ဆိုင်ခွင့်ရလာတဲ့အခါ...သူမရဲ့ခံယူချက်ကလဲ ကီရာလိုပါပဲလောကကြီးကို ဥပဒေဘောင်ပြင်ကနေတရားစီရင်ချင်လာတဲ့အခါ...မီဆာကလဲ ညဏ်နီညဏ်နက်များပြီးကီရာနဲ့ဆုံတွေ့ရတဲ့အခါ စုံထောက်Lတစ်ယောက်ဘယ်လိုဘယ်ခြေနေထိ ခေါင်းသုံးဖြေရှင်းရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားကြပါခင်ဗျာ File size…2.2GB / 1.28GB Quality…1080p Blu Ray Remux DTS 5.1 Ch and 720p Format…Mp4 Duration….2h 21min Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Aung Tay Za
movie
Death Note: The Last Name (2006)
2006
7.6
Death Note (2006)
Death Note 2006 -----------------------2006ခုနှစ်က ထွက်ခဲ့တဲ့ Animationကို adaption ပြန်လုပ်ပြီးရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ လူငယ်တွေကြားအတော်လေးရေပန်းစားခဲ့ပြီး ဆု၄ဆုနဲ့ စကာတင်ဆုတချို့လဲရခဲ့ပါတယ်.Ratingပိုင်းမှာလဲ ပြောစရာမရှိအောင်ကောင်းတာကြောင့်ကျွန်တော်တို့ Channel MyanmarကနေQuality အကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်.ဇာတ်လမ်းအညွန်း -------------------တိုကျိုရဲ့သာမန်မနက်ခင်းတခုရဲ့ သတင်းစာမှာ ရာဇဝတတ်သားတွေရဲ့နာရေးသတင်းတွေ တန်းစီတက်နေတာကြောင့်် ပြည်သူလူထုတချို့ရဲ့အံ့ဩတုန့်လှုပ်မှုက အတော်လေးမြင့်တက်နေပါတယ်. သေဆုံးပုံကလဲတပုံစံတည်းဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေကြပါတယ်..သူတို့ရဲ့သေဆုံးပုံကတော့ နှလုံးရပ်ပြီး ရုတ်တရက်ပဟေဌိဆန်ဆန်သေဆုံးကြတာပါပဲ. လူသတ်မှုနဲ့အကျဉ်းကျနေသူတွေ မုဒိန်းကောင်တွေလာဘ်လာဘ်ယူလုပ်ခဲ့တဲ့ ဝန်ကြီးတွေ ခရိုနီတွေနဲ့သူတို့ရဲထင်တိုင်းကြဲနေတဲ့သားသမီးတွေပါ သေဆုံးနေတာကြောင့်် တချို့သောလူတွေကလဲ ဒါကမှတရားမျှတမှု တချို့လူတွေကတော့ ဒါက အစွန်းရောက်မှုဆိုတဲ့ငြင်းခုန်မှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်. ဒါတွေက သမားရိုးကျတိုက်ဆိုင်မှုလေလား လူတစ်ဦးတစ်ယောက်ရဲ့ ပယောဂလားဆိုတာကိုတော့ဇာတ်အိမ်ခိုင်ခိုင်အပေါ် သရုပ်ဆောင်တွေရဲ့လေးနက်တဲ့သရုပ်ဆောင်မှုနဲ့ကြည့်ရှုခံစားသွားရမှာပါ…..File size…1.98GB / 1.15GB Quality…1080p Blu Ray Remux DTS 5.1CH Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung TayZa
movie
Death Note (2006)
2006Shûsuke Kaneko
7.2
Blade of the Immortal (2017)
နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါManga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ...
movie
Blade of the Immortal (2017)
2017
7.3
Liar Game: The Final Stage (2010)
သင် လူတွေကို အလွယ်တကူယုံကြည်တတ်ပါသလား... ရိုးသားလွန်းတဲ့...ယုံကြည်လွယ်လွန်းတဲ့ လူတစ်ယောက်အဖို့ ယနေ့ခေတ်ကြီးမှာ ရှင်သန်နေထိုင်ရတာ အန္တရာယ်များလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ရတဲ့ကစားပွဲတစ်ခုမှာဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒီ Liar Game ဆိုတဲ့ဇာတ်ကားလေးက ဂျပန်ကားကြိုက်နှစ်သက်တဲ့လူတွေအတွက်တော့ ကြည့်ပျော်စေမယ့် ဇာတ်ကားလေးပါ။ လှည့်ကွက်များစွာနဲ့ တဖြေးဖြေးဆွဲဆောင်သွားတဲ့ ဒီဇာတ်ကားလေးဟာ IMDb Rating (7.3) ထိရရှိထားပါတယ်။Liar Game ဆိုတဲ့ ဂျပန်စီးရီးကို အခြေပြုဖန်တီးတင်ဆက်ထားပြီး ကိုရီးယားစီးရီး Liar Game အဖြစ်လဲ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းပါ။Liar Game ဇာတ်ကားအဆက် Liar Game 2:Reborn ဇာတ်ကားလဲ ၂၀၁၂ မှာထပ်မံထွက်ရှိခဲ့ပါတယ်...https://channelmyanmar.org/?s=liar+game မှာရှာပါ။ File size…(999 MB) and (420MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Daniel Sharman
movie
2010