Channel Myanmar

Erin Wilhelmi

The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
Baby Ruby(2023) 6.7
Baby Ruby(2023) Baby Ruby(2023)****************လောကမှာ တစ်ချို့တစ်ချို့သောမိဘတွေဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်း စိတ်ဖိစီးမှုဒဏ်တွေ ပြဿနာတွေကိုအနည်းနဲ့အများတော့ခံစားကြရတာချည်းပါပဲ...ဒီဇာတ်ကားထဲမှာတော့ မွေးကင်းစကလေးငယ်ကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဝေဒနာ‌တွေကို တစ်ဦတည်း ခါးစီးခံနေရတဲ့ မိခင်တစ်ဦး၏ အခြေအနေကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါဖြစ်ပါတယ်... အဲ့လိုအခြေအနေမျိုးမှာ မရှိတာကိုအရှိထင် မကြားတာကို ကြား‌နေရပြီးကိုယ်ကိုတိုင်က စရိုက်နှစ်ယောက်အသွင်ဖြစ်မှန်းမသိ ဖြစ်လာတာမျိုးပါ... ဇာတ်ဆောင်များလောကမှာ တစ်ချို့တစ်ချို့သောမိဘတွေဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်းစိတ်ဖိစီးမှုဒဏ်တွေ ပြဿနာတွေကို အနည်းနဲ့အများတော့ခံစားကြရတာချည်းပါပဲ...ဒီဇာတ်ကားထဲမှာတော့ မွေးကင်းစကလေးငယ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဝေဒနာ‌တွေကိုတစ်ဦတည်း ခါးစီးခံနေရတဲ့ မိခင်တစ်ဦး၏ အခြေအနေကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါဖြစ်ပါတယ်... မင်းသားကတော့ အားလုံးနှင့်ရင်းနှီးပြီးသားဖြစ်သူ ဂျွန်စနိုး လို့သိကြတဲ့ Kit Harington ဖြစ်ပြီးမင်းသမီးကတော့ Noemie Merlant တို့မှအားဖြည့်သရုပ်ဆောင်ထားကြပါ.. ဇာတ်လမ်းအကျဉ်းကတော့ ဘလော့ဂါတစ်ယောက်တဲ့ ဂျိုး ဟာ ကိုယ်ဝန်သည်တစ်ယောက်...မကြာခင်အချိန်အတောအတွင်းမှာ ပထမဆုံးအနေနဲ့ မိခင်ဖြစ်တော့မယ့်သူဆိုလည်း မမှားပါဘူး... သူစိတ်ကူးထားတဲ့မိခင်ဘဝနဲ့ တစ်ကယ့်လက်တွေ့မိခင်ဘဝတို့က လုံးဝကို ကွဲပြားနေခဲ့ပါတယ်..ကလေးမွေးပြီးနောက်ပိုင်းမှာ ဂျိုးတစ်ယောက် ဘယ်လိုမျိုး အခြေအနတွေကို တွေ့ကြုံခံစားသွားရမှာလဲ...File Size :(1.3 GB) and (528 MB) Quality : WEB-DL ...
movie

Baby Ruby(2023)

Unsane (2018) 6.5
Unsane (2018) ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ပိုဆိုးတာက အဲဒီဆေးရုံကဝန်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့...။အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)File Size : (800 MB) and (360 MB) Quality : Blu-Ray 720p Running Time : ...
movie

Unsane (2018)

2018
The Perks of Being a Wallflower (2012) 8.0
The Perks of Being a Wallflower (2012) The Perks of Being a Wallflower (2012)IMDb - 8.0/10_____Rotten Tomatoes - 86%    Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါကြောင်း။     Harry ...
movie

The Perks of Being a Wallflower (2012)

2012