Channel Myanmar

Esme Creed-Miles

Silver Haze (2023) 6.3
Silver Haze (2023)  အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေးနာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကိုများစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက်လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူအမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြားရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်းအဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကိုကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်းအချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်းဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရောစောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…1.33GB / 633MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Silver Haze (2023)

Dark River (2017) 6.5
Dark River (2017) နာမည်ကြီးမင်းသမီး Ruth Wilson ပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDB Rating 5.8 နဲ့ Rotten Tomato 75% ရရှိထားပါတယ်။Heavy Drama ဇာတ်ကားတစ်ပုဒ်ဖြစ်လို့ ဇာတ်ကားကိုအေးအေးဆေးဆေးနဲ့ ခံစားပြီးကြည့်တတ်တဲ့သူတွေ အတွက်ပဲအဆင်ပြေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းကတော့ ၁၅ နှစ်ကြာ အိမ်ကနေ စိတ်နာစရာဇာတ်လမ်းတွေကြောင့်ထွက်သွားခဲ့တဲ့ Alice တစ်ယောက် ဖခင်ဆုံးပါးခဲ့ချိန်မှာ စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူရဲ့မောင်ဖြစ်သူ Joe နဲ့ ဆက်ဆံရေးကိုပြန်တည်ဆောက်နေချိန်မှာ အတိတ်ကနာကျင်စရာများကိုပြန်အမှတ်ရပြီးခံစားရတာတွေ ဒီလယ်ကိုဘယ်သူအမွေဆက်ခံသင့်မဆက်ခံသင့်အငြင်းပွားကြ ပြီးတော့ သူတို့ အဆင်ပြေသွားကြပါမလား။အတိတ်ကအရိပ်ဆိုးတွေကရောရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-EiDER Translated ...
movie

Dark River (2017)

2017