Channel Myanmar

Ethan Phillips

Bad Santa (2002) 7.1
Bad Santa (2002)  ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie

Bad Santa (2002)

The Island (2005) 6.8
The Island (2005) IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie

The Island (2005)

The Shadow (1994) 6.0
The Shadow (1994) The Shadow (1994) =============== IMDb Rating - 6.0Beetlejuice, The Cat in the Hat , Pearl Harbor တို့ထဲက မင်းသား Alec Baldwinနဲ့ The Last Emperor , M. Butterfly တို့ရဲ့ မင်းသား John Lone နဲ့ ဂန္တဝင်ကြီး Ian McKellenတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ Action/Adventureကားဖြစ်ပြီး စူပါဟီးရိုးဆန်ဆန်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းကတော့ အရိပ်လို့ခေါ်တဲ့ သဘာဝလွန်သူရဲကောင်းတစ် ယောက်က ကမ္ဘာကိုဖျက်ဆီးချင်နေတဲ့ ဂျင်ဂစ်ခန်ရဲ့မျိုးဆက်သစ်နဲ့ ထိပ်ဆိုက်ရင်ဆိုင်ရတဲ့ ဇာတ်ပါ။ မှော်အစွမ်းတွေ အက်ရှင်တွေမနည်း ပါတာမို့ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ ဂျွန်လုံး ကလည်း ဗီလိန်အဖြစ်ပြောင်မြောက်အောင် သရုပ်ဆောင်ပေးထား သလို ဇာတ်က ထူးထူးခြားခြားဟီးရိုးဇာတ်မို့ စူပါဟီးရိုးကားကိုမှ အရမ်း ကြီးပါဝါတွေမပြဘဲ စုံထောက်ဆန်ဆန်ကြည့်ကောင်းနေတဲ့ကားကို ကြည့် ချင်ရင်တော့ ဒီကားကိုရွေးသင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size..........(3.4 GB) / ...
movie

The Shadow (1994)

1994
Irrational Man (2015)
Irrational Man (2015)  Irrational Man (2015)အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား...မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား....ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ..ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်... ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ...
movie

Irrational Man (2015)

For Richer or Poorer (1997) 5.8
For Richer or Poorer (1997) ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

For Richer or Poorer (1997)

Rugrats Go Wild (2003) 5.5
Rugrats Go Wild (2003) Rugrats Go Wild (2003)IMDb 5.5 အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲပင်လယ်ထဲရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီ းသင်္ဘောကတစ်စစီဖြစ်သွားပါတယ် အသက်ကယ်လှေလေးနဲ့လွတ်ရာလွတ်ကြောင်းပြေးရင်း ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ် ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲရောက်မသွားဘဲ လူသူမရှိတဲ့ကျွန်းပေါ်ရောက်သွားခဲ့တာပါ သားရဲတိရစ္ဆာန်တွေလည်းပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စုနဲ့လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ ချောချောမွေ့မွေ့နဲ့အိမ်ပြန်နိုင်မှာလား ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား ဆက်ကြည့်ရှုလိုက်ကြပါဦး File size…1.84GB / 930MB Quality…1080p BluRay AAC5.1CH / 720p Format…Myanmar Subtitle(Hard Sub) Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Rugrats Go Wild (2003)

2003
Inside Llewyn Davis (2013) 7.5
Inside Llewyn Davis (2013) Inside Llewyn Davis (2013) IMDb - 7.5/10_____Rotten - 92%    ဂရင်းဝှစ်ရွာလေးရဲ့ 1960 ကာလကိုအခြေံထားတာပဲဖြစ်ပါတယ် Folk ဂီတပညာရှင်လူဝိန်ဒေးဗစ်အကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဇာတ်ဝင်သီချင်းတွေနဲ့တင်ကြည့်ရတန်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ် ဂျက်စတင်တင်ဘားလိတ်ခ်လည်းပါဝင်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ် စိတ်အားတက်ကြွစေမယ့်ကားမျိုးထဲမပါပေမယ့် တကယ့်လက်တွေ့ဘဝကပြသနာတွေကိုတော့ မီးမောင်းထိုးပြထားသလိုရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ရှားရှားပါးပါးကားတစ်ခုပါ လူဝိန်းမှာ ပါရမီရှိပါတယ် ပိုက်ဆံမရှိပါဘူး သမီးရည်းစားကိစ္စမှာလည်းအဆင်မပြေသလို အတူတွဲဆိုနေကျပါတနာကလည်းကိုယ့်ကိုကိုယ်သတ်သေသွားပါတယ် မသေချာတဲ့အနာဂတ်ကိုသူဘယ်လိုရွေးချယ်သွားမလဲ ဘယ်လိုကျဆုံးမလဲဆိုတာကို Folk ဂီတသံစဉ်လေးတွေနဲ့အခုပဲကြည့်လိုက်ပါ     File Size - 1.5 GB File Format - mp4 IMDb rating - 7.5/10 Quality - Blu-ray 1080p Running Time - 1h 44min Translated by Aye chansu Encoded by sithu
movie

Inside Llewyn Davis (2013)

2013
The Man without a Face(1993) 6.7
The Man without a Face(1993) The Man without a Face(1993)IMDb.....6.7,,,,,Rotten....64%လူတိုင်းမှာ အတုယူစရာ တစ်ခု သို့မဟုတ် အမြင့်တစ်နေရာကိုတက်လှမ်းနိုင်ဖို့ရာ လေးစားအားကိုးထိုက်သူ တစ်ယောက်ယောက်တော့ ရှိနေတတ်စမြဲပင်...သို့ပေမယ့်လည်း တစ်ချို့သော ကလေးငယ်တွေအဖို့တော့...... မုဆိုးမ အမျိုးသမီးတစ်ယောက်မှာ သားသမီး (၃)ယောက်ရှိတယ်...သမီး(၂)ယောက် သားတစ်ယောက်ပေါ့....မိခင်ရဲ့သားသမီးတွေအပေါ် ထားတဲ့အချစ်က စနစ်တကျမရှိခဲ့... ချက်ဆိုတဲ့ ၁၃နှစ်အရွယ်ကောင်လေးက ဒီအမျိုးသမီးရဲ့သားပေါ့....ဒီကောင်လေးရဲ့ မွေးချင်းတွေကလည်း အမေတူအဖေကွဲတွေ...မည်သို့ပင်ဆိုစေကာမူ ဒီမောင်နှမ(၃) ယောက်ရဲ့ သံယောက်ဇဉ်တွေကို အလှပဆုံးအသိုက်အမြုံဖြစ်အောင် မိခင်က စွမ်းဆောင်နိုင် စွမ်းမရှိသလောက်ပင်...သို့သော်ချက်အတွက် ဂုဏ်ယူစရာတစ်ခုရှိတယ်...ဘာလဲဆိုတော့ ဆုံးသွားတဲ့သူ့ဖခင်က စစ်က္ကသိုလ်က...ကိုးရီးယားမှာလေယာဉ်မောင်းရင်းဆုံးသွားတယ်... ဖခင်ကိုအားကျတယ်..မခင်က သူ့အတွက် ဟီးရိုးပဲ.သူ့ဖခင်လို ဖြစ်ချင်သည်....ရိုးရိုးကျောင်းကပဲအောင်ရင် သူ့ဖခင်တက်တဲ့ ကျောင်းကို တက်ခွင့်ရဖို့လမ်းမမြင်....ချက်အတွက် လေ့လာသင်ယူ လိုစိတ်ရှိပေမယ့် သူ့အတွက် လမ်းကောင်းကောင်းပြပေးမယ့်သူမရှိဘူး.... ဒီလိုနဲ့ ကျောင်းဆရာတစ်ယောက်ကိုသူတွေ့သွားတယ်...အဲ့ဒီဆရာက မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာတွေနဲ့...ဒီဆရာက ခင်မင်သူမရှိ ...ချက်တို့နယ်မြို့လေးမှာ (၇)နှစ်နေခဲ့တယ် ဆိုပေမယ့် သူ့ကိုမြင်ဖူးတဲ့သူခပ်ရှားရှားပင်...စစ်တက္ကသိုလ်ဝင်ခွင့်ရဖို့အရေး အများသူငါ ကြောက်ရွံတဲ့သူမှာ တပည့်ခံဖို့ သူဆုံးဖြတ်ခဲ့သည်..... ဒီကားကတော့ မဲလ်ဂစ်ဆင် ကိုယ်တိုင်ရိုက်ကူးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်... ဒီကားက မေတ္တာ သံယော်ဇဉ် ယုံကြည်အားကိုးမှုကို ရိုးစင်းစွာရိုက်ပြထားပါတယ်... ခံစားမှုစည်းစိမ်တွေ မြောက်များစွာ ခင်ဗျားရရှိသွားလိမ့်မယ်လို့ထင်တယ်...အဲ့ဒီခံစားမှု စည်းစိမ်တွေထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ၊ဒေါသတွေ၊ဝမ်းနည်းမှုတွေ၊မြောက်များစွာပါပဲ... ခင်ဗျားဟာ ဒီကားကိုကြည့်နေရင်းခင်ဗျားတို့လိုချင်တဲ့ဇတ်သိမ်းခန်းကိုရောက်လို့ နှုှုတ်ခမ်း ကပြုံးနေပါလိမ့်မယ်.သို့ပေမယ့် အဲ့ဒီအချိန်မှာ ခင်ဗျားမျက်လုံးကိုမတော်တဆထိကြည့်လိုက်ပါ... မျက်ရည်လေးတွေဝေ့နေပါလိမ့်မယ်...ဘာ့ကြောင့်လဲဆိုတာတော့ ခံစားသာကြည့်လိုက်ပါ....File ...
movie

The Man without a Face(1993)

1993
The Babysitters(2007) 5.7
The Babysitters(2007) IMDb 5.7 ......... ချာလေလိုင်နာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ Alfred E.Groves အထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးတစ်ယောက်ပါ ကျောင်းတစ်ဘက်နဲ့အလုပ်တစ်ဘက်ပေါ့ တစ်နေ့တော့ ဘလ်ထရန်မိသားစုကနေ ကလေးထိန်းဖို့ သူမကိုငှားခဲ့တယ် ကလေးတွေထိန်းပေးတဲ့အလုပ် လုပ်ရင်းနဲ့ သူမအတွက် မမျှော်လင့်တဲ့အဖြစ်တစ်ခုကြုံရတယ် အဲ့ဒါကတော့ကလေးတွေရဲ့ဖခင် မစ္စတာ ဘယ်ထရန်နဲ့ သံယော်ဇဉ်တွယ်မိကြတယ် သူတို့က အပျော်ရှာကြရုံအဆင့်ဆိုပေမဲ့ တဖြည်းဖြည်းခံစား ချက်တွေကလေးနက်လာခဲ့တယ်.... 18+ခန်းတစ်ချို့အတော်လေးပါဝင်ပေမဲ့ သိပ်အဆိုးဝါးကြီးတော့ မဟုတ်ပါဘူး အိမ်ထောင်ရေးမှာ တစ်ချို့သောယောင်္ကျားတွေရဲ့အဖြစ်ကို ပုံဖော်ထားတဲ့ကားလေးပါ ဘ၀ရဲ့အနှစ်သာရဟာဘာလဲ ပျော်ရွှင်မှုဆိုတာဘာလဲေ၀၀ါးနေတဲ့အချိန် မိသားစုကိုရွေးမှာလား ငယ်ရွယ်လှပတဲ့မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပြီး လက်ရှိပိုင်ဆိုင်တဲ့မိသားစုကိုစွန့်ပစ်မှာလားဆိုတာကို တော့ ခံစားကြည့်လိုက်ပါဦး အိမ်ထောင်ရေးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦးခင်ဗျ...... ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ  File Size…(759MB) and (246MB) Quality…720p Format…mp4 Duration…01:28:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Pyae Xeinn Sett
movie

The Babysitters(2007)

2007