Channel Myanmar

Eugene Levy

Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Bringing Down the House (2003) 5.6
Bringing Down the House (2003) Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie

Bringing Down the House (2003)

Almost Heroes (1998)
Almost Heroes (1998) Imdb 5.7/10  rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကို‌ရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်File size…(1.6 GB)/(1.3 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Adventure, Western, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phil
movie

Almost Heroes (1998)

New York Minute (2004) 4.9
New York Minute (2004) New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါကTeen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ်ဇာတ်လမ်းအကျဉ်းဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့်စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ ...ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီးဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ဂီတလိုက်စားသူ ကျောင်းပြေးမတစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက်ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက်အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ်တူတူလိုက်ပါလာတဲ့ ခရီးက စလို့ ..ဂယက်‌တစ်သိန်းဇာတ်လမ်း စတင်ပါတယ် ...အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီနှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ ‌လောဂျစ်က ဒီညီအစ်မနဲ့တော့ ‌လားလားမျှမဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကိုမြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size…  2.3 ...
movie

New York Minute (2004)

2004
Splash(1984) 7.0
Splash(1984) Splash(1984)************မင်းသားကြီး Tom Hanksကားမို့ မကောင်းမှာမပူရတဲ့အပြင် သူ့ရဲ့ငယ်ရွယ်စဉ်တုန်းကဆင်ခဲ့မှုကို ရှုစားရမှာပါ။ ဒါအပြင် မင်းသမီးကြီး Daryl Hannahကတော့ အခုတောင် အတော်လန်းတဲ့ဘွားတော်ကြီးဆိုတော့ ငယ်စဉ်က ဘယ်လောက်လှခဲ့မလဲဒီဇာတ်ကားထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ခင်ဗျားတို့မကြည့်ဖူးလောက်သေးတဲ့ မင်းသားကြီးTom Hanksရဲ့ ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရအောင်ဗျာ။လူတွေဟာ လက်တွေ့ဘဝမှာနေထိုင်ရပေမဲ့ စိတ်ရဲ့တစ်ထောင့်တစ်နေရာမှာတော့စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေနဲ့ ပျော်မွေ့ချင်ကြတာပဲမဟုတ်လား။ ဒီဇာတ်ကားလေးမှာလည်းအလုပ်ဂျပိုးတစ်ယောက်ဖြစ်သူ Allenဟာ ငယ်ငယ်က ရေနစ်စဉ်မှာ ရေသူမလေးတစ်ယောက်ကလာကယ်ဖူးတာကို ထင်ယောင်ထင်မှားတစ်ခုအမှတ်နဲ့ပဲ စိတ်ထဲမှာမှတ်ထားသူပါ။မိဘတွေကချန်ရစ်ခဲ့တဲ့လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်ရင်း ရည်းစားတော့ထားပါရဲ့အချစ်ဆိုတာ ဘာမှန်းမသိသူပေါ့။ အချစ်မခံရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းခွဲသွားတဲ့ရည်းစားကြောင့်အရက်မူးမူးနဲ့တစ်ညမှာ ငယ်စဉ်ကရေနစ်ဖူးတဲ့နေရာကိုသွားဖို့ ညတွင်းချင်းပဲဆုံးဖြတ်လိုက်ပါတယ်။အဲဒီနေရာကိုအရောက်မှာ သူငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရေသူမဆိုတာဟာ အမှန်တကယ်ပဲလားဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ File Size :(3.5GB)(1.3GB) and (391MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo ...
movie

Splash(1984)

Taking Woodstock (2009)
Taking Woodstock (2009) Taking Woodstock (2009)လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ..၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ..ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ ...
movie

Taking Woodstock (2009)

Serendipity (2001) 6.8
Serendipity (2001) Serendipity (2001) ============== IMDb Rating - 6.8/10ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ)( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ...
movie

Serendipity (2001)

2001
Cheaper by the Dozen 2 (2005)
Cheaper by the Dozen 2 (2005) Cheaper By the Dozen 2 (2005) ======================2003 ခုနှစ်မှာထွက်ခဲ့တဲ့ Cheaper By the Dozen ရဲ့အဆက်ကားဖြစ်ပါတယ် ဒီကားမှာလည်း ပထမကားလို လူ ၅ သောင်းကျော်ပေးတဲ့ Rating မှာ ၅.၅ ဆက်လက်ရရှိထားပြီး ဇာတ်လမ်းပေါ့သွားတာမျိုးမရှိဘဲ လူကြိုက်များဆဲကားလေးဖြစ်ပါတယ်။ ပထမကားကို ကြည့်ထားရင်တောာ့ ဒီကားကိုပါ ဆက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအရ ဘိတ်ကာ မိသားစုဝင် သမီးကြီးဖြစ်တဲ့ နိုရာဟာလည်း အိမ်ထောင်ကျကိုယ်ဝန်ရပြီး ဟူစတင်ကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ် လော်ရိန်းကလည်း နယူးရောက်ကိုပြောင်းရွှေ့ကာ တစ်ခြားမိသားစုဝင်ကလေး ၁၀ ယောက်ကလည်း ကျောင်းကိုယ်စီတက်နေကြပါပြီ သားသမီးတွေ ကြီးပြင်းလာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မှာကို လက်မလွှတ်နိုင်ဖြစ်နေတဲ့ ဖခင်ကြီး တွန်ဘိတ်ကာဟာ နောက်ဆုံးတစ်ကြိမ်အဖြစ် အားလုံးကိုစုရုံးကာ သူတို့အရင်ကပျော်ပွဲစားထွက်ခဲ့ဖူးတဲ့ ဝန်နက်ကာရေကန်ကြီးကို အလုပ်သမားနေ့ပိတ်ရက်မှာ အပန်းဖြေခရီးထွက်ဖို့ စီစဉ်လိုက်ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီရေကန်အနီးတစ်ဝိုက်မှာ တွန်ရဲ့လူငယ်ဘဝက ပြိုင်ဘက်ဟောင်းကြီး ဂျင်မီမားတော့နဲ့ အတူ မိသားစုဝင် ၈ ယောက်နေထိုင်ကြတာဖြစ်ပါတယ်.... ဒီလိုနဲ့ ဘိတ်ကာနဲ့ မားတော့ မိသားစုကြီး ၂ ခုရဲ့ အားပြိုင်ကြပုံကို ရယ်ရယ်မောမော ဟာသများစွာနဲ့ အလွဲအလွဲအချော်ချော်ဖြစ်ပုံကို မိသားစုနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ...
movie

Cheaper by the Dozen 2 (2005)

Night at the Museum: Battle of the Smithsonian (2009) 6
Night at the Museum: Battle of the Smithsonian (2009) Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie

Night at the Museum: Battle of the Smithsonian (2009)

2009
The Man (2005) 5.6
The Man (2005) The Man 2005IMDb 5.6Motherfucker လို့ဆဲနေကျ Samuel L. Jackson ရဲ့ ဟာသအက်ရှင် Agent ဇာတ်ကားဟောင်းလေးတင်ဆက်လိုက်ပါတယ်.. သူနဲ့အပြိုင်ကြဲမယ့် ဟာသသရုပ်ဆောင်ကတော့ American Pie ထဲက မင်းသားကြီး Eugene Levy ပါ။ဇာတ်လမ်းကတော့... စုံ​ထောက်ဗန်တစ်ယောက် ကြေကွဲနာကျပြီး တင်းနေပါတယ်... အကြောင်းကတော့ သူ့ရဲ့တွဲဖက် ပါတနာအသတ်ခံလိုက်ရတဲ့အပြင် လက်နက်တိုက်ပါဖောက်ထွင်းခံလိုက်ရလို့ပါ... သူဟာ ဒီလူသတ်သမားကို ဖမ်းမိဖို့ မိုးဆုံးမြေဆုံး လိုက်လံစုံစမ်းနေပါတယ်...ဒီလိုနဲ့ လူဆိုး​​ခေါင်း​ဆောင်ကို ဖမ်းမိနိုင်ဖို့ လက်နက်အ​ရောင်းအဝယ်တစ်ခုကို ​ထောင်​ခြောက်ဆင်ဖမ်းရာမှာ ဘာမှမဆိုင်တဲ့ သွားဘက်ဆိုင်ရာအ​ရောင်းဝန်ထမ်း အန်ဒီကို လူဆိုးတွေက လက်နက်လာဝယ်တဲ့သူလို့ အထင်မှားသွားတဲ့ အခါ... အ​မေးအမြန်းထူတဲ့ အန်ဒီ နဲ့ အဆဲသန်တဲ့ဗန်တို့ နှစ်​ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ....။  File size…(1.6 GB) / (800 MB) / (300 MB) Quality…WEB-DL 1080p /720p/ 360p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya
movie

The Man (2005)

Astro Boy (2009) 6.3
Astro Boy (2009) ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက် IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့ Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့် တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။ Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာ Dr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့ စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာ ထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ ...
movie

Astro Boy (2009)

2009
Over the Hedge 2006 6.7
Over the Hedge 2006 ကဲပါ ဒီတစ်ခေါက် အူတက်နေအောင် ရယ်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဆောင်းခို သတ္တ၀ါ လေးတွေ ရဲ့ အစားအစာ ရှာဖွေတော်မူခန်း ကို တင်ဆက်ပေးချင်ပါတယ် DreamWorks Animation ရဲ့ ထုတ်ကုန် ဆိုရင် ပြောနေစရာမလိုအောင် ကောင်းပြီးသားမှန်း သိမှာပါ ဇတ်လမ်းပုံစံကတော့ လိပ်ကလေး တစ်ကောင် ဦးဆောင်တဲ့ ဆောင်းခို အဖွဲ့ဟာ တစ်ခုသော နွေရာသီမှာ သူတို့ အသိုက်ကနေ ထွက်လာကြပြီး ကျန်တဲ့ ဆောင်းရာသီ အတွက် အစာရှာဖွေခြင်း လက်ရှိရာသီ အတွက် အသက်ရှင် နေထိုင်ရေး အတွက် ကြိုးပမ်းမှု များကို စတင်လုပ်ဆောင်ပါတော့တယ် ဒါပေမယ့် သူတို့ မသိလိုက်တာက သူတို့ ဆောင်းခိုနေစဉ် ကာလ အတိုလေးမှာပဲ သူတို့ တောအုပ်လေးကို ကွပ်လပ်လေး တစ်ခုအဖြစ် အလယ်ဗဟိုထားပြီး မြို့သေးသေးလေး တစ်ခု ဆောက်လုပ်လိုက်တာပါပဲ ဒီတော့ သူတို့ အတွက် အစာရေစာ ရှားပါးသည့် အပြင် လူသားတွေ ရဲ့ သက်ဖြတ် နှိမ်နှင်းမှု ကိုလဲ ခံရနိုင်ပါတယ် ဒီတော့ ဘယ်လိုလုပ်ကြမလဲ ? အဲ့ဒီအချိန်မှာပဲ လူတွေ ကို လှည့်စားပြီး အစာရှာနည်းသင်ပေးမယ့် ကြောင်လည်ပတ်ကား တောကြောင် တစ်ကောင် သူတို့ မိသားစုလေးထဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလို့ ...
movie

Over the Hedge 2006

2006
American Pie 8: American Reunion (2012) 6.7
American Pie 8: American Reunion (2012) American Pie 8: American Reunion (2012) IMDb - 6.7/10_____Rotten - 45%   နာမည်ကျော်ကျောင်းသား ဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နောက်ဆုံးဇာတ်ကားကို ထပ်ဖြည့်လိုက်ပြီဖြစ်တာကြောင့် American Pie (၈) ကားလုံးမြန်မာစာတန်းထိုးနဲ့တင်ဆက်ပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ မူလဘူတ American Pie အဖွဲ့သားတွေ အသက်တွေကြီး ... အိမ်ထောင်တွေ ဘာတွေကျပြီးသွားတာတောင် ဘယ်လောက်ထိ လွဲချော် သောင်းကျန်းကြဦးမလဲဆိုတာကို တွေ့ရမှာပါ။ အနောက်တိုင်းဆန်ဆန် ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားတာကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(905 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:53:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 8: American Reunion (2012)

2012
American Pie 5: The Naked Mile (2006) 5.1
American Pie 5: The Naked Mile (2006) American Pie 5: The Naked Mile (2006) IMDb - 5.1/10_____Google users - 85%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(5)ဇာတ်ကားပါ။ ဒီဇာတ်ကားမှာလဲ သူ့ထက်ငါ လူစွမ်းကောင်းဆိုတဲ့ စတစ်ဖလာမျိုးရိုးတွေအကြောင်းကို တွေ့မြင်ရမှာပါ။ စတစ်ဖလာ မျိုးရိုးထဲမှာ အူကြောင်ကြောင်ကောင်တွေပါနေတာကို ဟာသရသမြှောက်အောင် ပုံဖော်ထားပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(903 MB) Quality...HDTV-Rip 720p Format...mp4 Duration....01:41:47 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 5: The Naked Mile (2006)

2006
American Pie 4: Band Camp (2005) 5.1
American Pie 4: Band Camp (2005) American Pie 4: Band Camp (2005) IMDb - 5.1/10_____Rotten - 17%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(4)ဇာတ်ကားပါ။ American Pie အစကမင်းသားတွေ မပါတော့ဘဲ စတစ်ဖလာက မင်းသားဖြစ်သွားပြီး မူရင်း စတစ်ဖလာရဲ့ ညီအကြောင်းကို ပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်။ စတစ်ဖလာ ဆိုတာ မျိုးနဲ့ ရိုးနဲ့ သောင်းကျန်းသူတွေဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(903 MB) Quality...Unrated HDTV Rip 720p Format...mp4 Duration....01:34:10 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 4: Band Camp (2005)

2005
American Pie 3: American Wedding (2003) 6.3
American Pie 3: American Wedding (2003) American Pie 3: American Wedding (2003) IMDb - 6.3/10_____Rotten - 54%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(3)ဇာတ်ကားပါ။ American Pie မင်းသားတွေ ဒီဇာတ်ကားမှာ အဆုံးသတ်သလောက်ဖြစ်သွားပြီး နောက်ကားတွေမှာ နောက်မင်းသားတွေနဲ့ ဆက်သွားတော့မှာပါ။ American Reunion (2012) ဇာတ်ကားကျမှ ဒီမင်းသားတွေပြန်ဆုံကြမှာပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကိုဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   Download Link (2) ပိုင်းလုံးကိုဒေါင်းပါ။ ၂ ပိုင်းခွဲထားလို့ပါ။   File size...(Part 1 - 534 MB) (Part 2 - 273 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:43:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 3: American Wedding (2003)

2003
American Pie (1999) 7.0
American Pie (1999) American Pie (1999) IMDb - 7.0/10_____Rotten - 61%ကဲ.....ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ဇာတ်ကားကြိုက်နှစ်သူပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားများလာပါတော့မယ်။ American Pie ဆိုတဲ့ နာမည်ကျော် ကျောင်းသားဟာသဇာတ်ကားတွေပဲဖြစ်ပါတယ်။ စုစုပေါင်း (၈) ကားရှိပါတယ်။ တစ်ကားနဲ့တစ်ကား မဆက်စပ်ဘဲ ကြည့်လို့ရတဲ့အတွက် ခြားခြားပြီးတော့ မြန်မာစာတန်းထိုးနဲ့ (၈) ကားလုံးတင်ပေးထားပါတယ်။ ဒီနေ့ကတော့ No(1) ဇာတ်ကားပေါ့။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အားပေးမှုတော်တော်လေးရရှိခဲ့ပြီး IMDb Rating (7/10) ရရှိထားလို့ Comedy အမျိုးအစားဇာတ်ကားတွေထဲမှာ Rating မြင့်တဲ့ဇာတ်ကားတစ်ကားပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   (မြန်မာစာတန်းထိုးကိုတော့ ကသာသားလေးမှ တင်ဆက်လိုက်တာပါ။)   File size...(946 MB) Quality...Blu-ray Rip 720p Format...mkv Duration....01:35:37 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie (1999)

1999