Channel Myanmar

Evan Jonigkeit

Weak Layers (2023)
Weak Layers (2023)  ခေါင်းဆောင်မင်းသမီး Katie Burrell ကိုယ်တိုင်ရေးသားရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။ Katie Burrell အပြင် Jadyn Wong ၊Evan Jonigkeit နဲ့ Neal Bledose တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ နှင်းလျှောစီးအပန်းဖြေစခန်းရှိရာမြို့တွေကို ခရီးသွားတွေနဲ့ကြေးစားနှင်းလျှောစီးအားကစားသမားတွေရောက်ရှိလာချိန်မှာ ဒေသခံတွေအတွက်ပေးတဲ့မေတ္တာစာတစ်စောင်လို လွမ်းမောဖွယ်ရာခံစားချက်မျိုးရရှိစေတဲ့အတွက် အော်ဟစ်ရယ်မောနေရတဲ့ဟာသ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း***************ပါတီကိုခုံမင်လွန်းတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဟာငှားနေတဲ့အိမ်ကနေနှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် နှင်းလျှောစီးရုပ်ရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲကရရှိတဲ့ဆုကြေးငွေနဲ့အိမ်ငှားရမှာဖြစ်ပေမယ့် နာမည်ကျော်ရုပ်ရှင်ရိုက်ကူးသူတွေ၊ ကြေးစားနှင်းလျှောစီးသမားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေကြီးစိုးထားတဲ့နှင်းလျှောစီးအားကစားလောကကိုနောက်ခံထားပြီး တောင်ပေါ်မြို့လေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ဗရုတ်သုတ်ခဟာသတွေကိုကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ File size…1.37GB / 701MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Weak Layers (2023)

Bone Tomahawk (2015) 7.1
Bone Tomahawk (2015)  ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie

Bone Tomahawk (2015)

Manodrome (2023)
Manodrome (2023) Manodrome (2023)အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ ...
movie

Manodrome (2023)

2023
Somebody I Used to Know(2023) 6.7
Somebody I Used to Know(2023) Somebody I Used to Know(2023)*******************************ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတော့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှသူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Somebody I Used to Know(2023)

Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

The Empty Man (2020) 6.2
The Empty Man (2020) The Empty Man (2020) ================= IMDb Rating - 6.2/10အမန်ဒါလို့ခေါ်တဲ့ မိန်းမကလေးတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးသွားပြီးနောက် ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျိမ်းစ် လဆွန်ဘရာဟာ အမှုကို စုံစမ်းဖို့ဖြစ်လာခဲ့ ပါတယ်။ သိုပေမယ့် ထိုပျောက်ဆုံးမှုဟာ သမားရိုးကျမဟုတ်ပဲ ထူးဆန်းတဲ့ ဘာသာ ရေးအုပ်စုတစ်စုက နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တာနဲ့ ဆက်စပ်နေခဲ့ပါတယ်။ ထိုသို့သော ပုံမှန်မဟုတ်တဲ့ အမှုကို ဖြေရှင်းပြီး အမန်ဒါကို တွေ့အောင်ရှာနိုင်ပါ့မလား။ လှည့်ကွက်တွေကြားကနေ ကလေးအတွေးလိုလို စိတ်ကူးယဉ်လိုလိုနဲ့ The Empty Man လို့ခေါ်တယ့် နတ္ထိလူကရော (မြန်မာအလိုဆိုရင်တော့ အုန်းမှုန့်ခွက်သရဲပေါ့) ကရော ဘယ်လိုအရာမျိုးလဲ....။ပေါင်းကူးတံတားကနေ လူဖြစ်လာတယ်၊ လူကနေပြီးတော့ သူ့ရဲ့အတွေးတွေ ဖြစ်လာတယ်၊ သူ့ရဲ့အတွေးတွေကနေ အိပ်မက်ဖြစ်လာတယ်၊ အိပ်မက်တွေကနေ စွမ်းအားတွေဖြစ်လာတယ်၊ စွမ်းအားတွေကနေ ပေါင်းကူတံတားတွေဖြစ်လာတယ်၊ အသင်ထုတ်လွှင့်လိုက်တာကို ကျွန်ုပ်တို့လက်ခံရရှိတယ်....... ဒါဟာ The Empty Man နတ္ထိလူပါပဲ။ဒီဇာတ်ကားရဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ တစ်ခြား horror ကားတွေနဲ့မတူပဲ ထူးခြားပြီး ကြောက်စရာလည်းကောင်းပါတယ်။ Rated R သတ်မှတ်ခံထားရပြီး ဝတ်လစ်စလစ်အခန်း (18+}လည်း အနည်းငယ်ပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ မိသားစုအတူ ကြည့်တာတွေ မလုပ်ပါနဲ့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw ...
movie

The Empty Man (2020)

2020
The Night House (2020) 6.9
The Night House (2020) The Night House (2020)====================IMDb Rating - 6.9/10ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း....ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ...
movie

The Night House (2020)

2020