Channel Myanmar

Faizal Hussein

Dukun (2018) 6.6
Dukun (2018) Dukun (2018)2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။ တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့ အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှ မှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။ မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။ သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက် အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။ တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်က နိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။ မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။ မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် "ငါဘယ်တော့မှမသေဘူး" လို့ပြောသွားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကို ဖန်တီးဖြည့်စွက်ပြီး ...
movie

Dukun (2018)

2018
Remp-It 2 (2022)
Remp-It 2 (2022) Remp-it 2 (2022)2022 ခုကထွက်ရှိထားတဲ့ မလေးရှားဆိုင်ကယ်ပြိုင်ပွဲကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ယခင်က လမ်းမပေါ်မှာတရားမဝင် ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်နေတဲ့ မဒီ တစ်ယောက်လမ်းပေါ်ကနေဆင်းကာ တရားဝင် ဆိုင်ကယ်ပြိုင်ကွင်းထဲဝင်ပြီး ရိုးရိုးသားသားနဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး နေနေပါတယ်။ ဒါ့အပြင်ရွိုင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ ဆိုင်ကယ်မောင်းသင်တန်းဖွင့်ပြီး ဆိုင်ကယ်မောင်းနည်းပြအဖြစ်နဲ့ ဘဝကိုကြိုးစားနေသူပါ။ ဒါပေမဲ့ အရင်ကသူနဲ့ ရန်ငြိုးရှိခဲ့တဲ့ ဆိုင်ကယ် ဂိုဏ်းတစ်ခုက ပြန်လည်ပေါ်လာပြီး အရင်ကရန်ကြွေးတွေ မဒီရဲ့ ဘဝထဲပြန်ဝင်ရောက်လာတဲ့အခါ ဘယ်လိုပြန်လည်ပြီး ရင်ဆိုင်မလဲ။ ကြားထဲကနေ ဘယ်ကမှန်းမသိတဲ့ သူ့ရဲ့သားဆိုတဲ့ ကလေးတစ်ယောက်ပေါ်လာပြီး ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့ သူ့အကျင့်တွေနဲ့ ဒီကလေးတစ်ယောက်ကို ဘယ်လို တာဝန်ယူပြီး သားအဖဆက်ဆံရေးကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size… 2.1GB | 969MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Remp-It 2 (2022)

2022
Blood Flower (2022) 5.7
Blood Flower (2022) Blood Flower (2022)ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ...
movie

Blood Flower (2022)

2022
Mrs K (2016) 6.2
Mrs K (2016) ဒီတစ်ခါအက်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Mrs K (2016)ပါ။ကမ္ဘာပေါ်မှာကိုယ်အယုံကြည်စိတ်ချရဆုံးသူဟာ ဘယ်သူဖြစ်မလဲ။ ကျွန်တော်တို့ရဲ ့မိခင်ပါပဲ။ဒီကားလေးမှာလဲ အတိတ်ကအရိပ်တွေကြောင့် လျမ်းမြေ့စွာထူထောင်ထားတဲ့ မိသားစုလေးကိုအနှောင့်အယှက်ဖြစ်လာတဲ့အခါ မစ္စ ကေတစ်ယောက်မိသားစုကိုကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ခင်ပွန်းဖြစ်သူနဲ့သမီးကိုကာကွယ်ပေမယ့် မစ္စကေ အားလုံးရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား။ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတာ လုံးဝစိတ်ဝင်စားစရာပါ။အေးချမ်းစွာနေလာတဲ့မိသားစုဘဝလေးကို တစ်ရန်ပြီးတစ်ရန် ကာကွယ်ပုံတွေနဲ့ စိတ်ဝင်စားစရာဒီကားလေးကတော့ Imdb Rating 6ရရှိထားပါတယ်။ Qty - DVD ripGern - Action / Crime / DramaDuration - 1hr 34minTranslator - Kaung Thet NaingReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Mrs K (2016)

2016