Channel Myanmar

Famke Janssen

Locked In (2023) 5.5
Locked In (2023)  X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ....။ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်...။လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံးအကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ....။ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့.....ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကိုလက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့....‌ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲသားဖြစ်သူအတွက်သာ အမွေ‌တွေအကုန်ပေးအပ်ခဲ့ပါတယ်...။ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့....။အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့်အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ....။အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကိုပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်....။ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါထပ်ရလာတဲ့အခါမှာတော့....အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ....။မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်ကအမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့်Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Locked In (2023)

Deep Rising (1998) 6.1
Deep Rising (1998) Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Deep Rising (1998)

1998
Knights of the Zodiac (2023)
Knights of the Zodiac (2023) Knights of the Zodiac (2023)စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းသမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို ...
movie

Knights of the Zodiac (2023)

2023
Redeeming Love (2022)
Redeeming Love (2022) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုး ကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့ မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ​ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့် ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ​ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်​ထောင်မှုရဲ့အ​ဝေး ကျွန်မအမြဲထွက်​ပြေး​နေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်​နေ ဦးမှာလား..... မိုက်ကယ်အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့ ==========================================မင်းကိုဘာလို့ ဒီ​လောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူးကိုယ်က လယ်သမားတစ်​ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ ...
movie

Redeeming Love (2022)

Dangerous (2021)
Dangerous (2021) အန္တရာယ်ကောင်ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်လိုက်ရအောင်။ ဒီ ဖော်ရက်စတာဆိုတဲ့ လူတစ်ယောက်ဟာ လူတွေရဲ့ခံစားချက်ကို နားမလည်တတ်တဲ့ စိတ်ရောဂါတစ်မျိုးနဲ့လူပါ။ ဝမ်းနည်းတာတွေ ကြောက်တာတွေကို မခံစားတတ်ဘူး။ အထူးတပ်ဖွဲ့မှာ အထက်အရာရှိကို သတ်မိမလိုဖြစ်ပြီး တပ်က ထွက်လာခဲ့ရတယ်။ ပြီးတော့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ပေါင်းမိပြီး သွေးအေး လူသတ်သမားဖြစ်လာတယ်။ ထောင်ထဲမှာ စိတ်ဆရာဝန်တွေပြပြီး သူ့ရဲ့ အရင်အကျင့်ဟောင်းနဲ့ စိတ်တွေကို ပြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့မှာ သမိုင်းပါမောက္ခ လူရိုးလူဖြောင့် ရှောင် ဆိုတဲ့ ညီတစ်ယောက်ရှိတယ်။ ဇာတ်လမ်းက အဲဒီက စတာပါ။ ရှောင်ဟာ ကွှန်းတစ်ကျွန်းကိုဝယ်ပြီးမိသားစုနဲ့အတူနေထိုင်ရင် တစ်နေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ အဲဒီစျာပနကို အစ်ကိုဖြစ်သူ ဒီ ရောက်လာရင်းနဲ့ ကျွန်းပေါ်မှာ လူဆိုးအဖွဲ့တွေနဲ့ အရှုပ်အရှင်းတွေကြားထဲကို ရောက်သွားပါတယ်။ သူ့မိသားစုကိုလည်း ကာကွယ်ရင်း အရင်လိုလည်း လူမသတ်မိအောင်ထိန်းနေရတဲ့ ဒီ တစ်ယောက်ဘယ်လို ရုန်းကန်ရမလဲဆိုတာ.....File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time ...
movie

Dangerous (2021)

The Faculty (1998) 6.5
The Faculty (1998) Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

The Faculty (1998)

The Vault(2021) 7.0
The Vault(2021) The Vault(2021)အညွှန်း*********************IMDb...7.0Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ....ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်....Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ.....အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်.....လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်....လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့...ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်...ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတွေကတော့ Khine Khine Wai & Ei Phyu Khin တို့ပဲဖြစ်ပါတယ်.... File Size : (2.2GB) and (0.9GB) Quality : HEVC 1080p 5.1,WEB-DL720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae   
movie

The Vault(2021)

HEVC 1080p 5.1
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] GoldenEye (1995) Golden Eye

HEVC 1080p 5.1
The Postcard Killings(2020) 5.7
The Postcard Killings(2020) The Postcard Killings(2020)(unicode)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ လန်ဒန်ကရဲတွေနဲ့ပူးပေါင်းလုပ်ဆောင် လူသတ်သမားကိုဖမ်းဖို့ကြိုစားပါတော့တယ် ....သူတကယ်ပဲဖမ်းဆီးဖို့ကြိုးစားရာမှာအောင်မြင်ပါ့မလား.... ဖမ်းဆီးဖို့ကြိုးစားစဉ်မှာလည်း အလားတူ လူသတ်မှုမျိုးတွေ ဆက်လက်ဖြစ်ပေါ်နေဉီးမှာလား....ဒီလောက်နှစ်ကြာနေတာတောင် ဘာဖြစ်လို့ လူသတ်သမားကို မဖမ်းနိုင်ကြတာလဲ....လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ဒါမျိုးတွေလိုက်သတ်ရတာလဲ...ခံစားကြည့်ကြပါဉီး...Crime,Mystery ကားကြိုက်သူတို့အတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...(zawgyi)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ ...
movie


Primal (2019) 4.9
Primal (2019) Nicholas Cage ရဲ့ အသစ်ထွက် အက်ရှင်ဇာတ်ကားသစ်ပါ။သာမန်အက်ရှင်ကားတွေနဲ့ မတူဘဲတမူထူးခြားနေတဲ့ ဇာတ်ကားမို့ ပရိသတ်တွေ သဘောကျဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ သင်္ဘောကြီးတစ်စီးပေါ်မှာအမဲလိုက်မုဆိုးတစ်ယောက်နဲ့ သူ့ရဲ့တိရစ္ဆာန်တွေရယ်၊လူသတ်မှုပေါင်းများစွာနဲ့ ဖမ်းဆီးလာတဲ့စိတ္တဇလူသတ်သမားတစ်ယောက်နဲ့သူ့ကို ဖမ်းဆီးလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေရယ် ပါလာကြပါတယ်စိတ္တဇ လူသတ်သမားက မထင်မှတ်ဘဲ လွတ်မြောက်သွားတဲ့အခါ.....သူတို့ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ?????သူတို့က သူ့ကို မိပါ့မလား????တစ်ကားလုံးကို အသည်းတယားယား ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ File Size : ( 907 MB , 341 MB)Quality :  WEB-DL 720pRunning Time : 1 hr 37 minFormat : Mp4Genre : Action Subtitle : Myanmar Subtitle ...
movie

Primal (2019)

2019
The Poison Rose(2019) 4.5
The Poison Rose(2019) The Poison Rose(2019)"ကျွန်တော်က PI တစ်ယောက်ပါ" တဲ့ ပြောလိုက်တဲ့သူကို ကြည့်လိုက်တော့ အရက်ပုလင်း တစ်ပုလင်းကိုကိုင်ထားတယ်... အလွတ်စုံထောက်ဆိုတဲ့အတိုင်း သူ့ကို သတ်ချင်နေတဲ့ လူဆိုးတွေလည်း ရှိတာပေါ့...... လိုက်သတ်နေတဲ့လူတွေဆီကနေ ထွက်ပြေးရင် သူ့ကြောင်ကြီးကို လှောင်အိမ်ထဲထည့်ပြီး မ ပြေးတတ်တယ်.....သူ့နာမည်က ကာဆင်ဖီးလစ်တဲ့ သူဟာ တစ်ချိန်က တက္ကဆက်မြို့ရဲ့ နာမည်ကျော် American Football ကစားသမား...အကြောင်းတစ်ခုကြောင့် သူ ကစားသမားဘဝကို အဆုံးသတ်လိုက်ရတဲ့အချိန်မှာတော့ သူဟာ တက္ကဆက်မြို့ကို ကျောခိုင်းခဲ့တယ်...သို့သော်လည်း အလွတ်စုံထောက်တစ်ဦးဖြစ်တဲ့သူ့ကို လူပျောက်အမှုတစ်ခုအတွက် ငှားယမ်းလိုက်တဲ့သူ ရောက်ရှိလာပြီး သူ့ရဲ့ တက္ကဆက်ပြည်နယ်လေးကို ပြန်လာရဖို့ ဖြစ်လာခဲ့ပါတယ်......တကယ်တမ်းအမှုလိုက်တဲ့အခါမှာတော့ လူပျောက်အမှုဆိုတာထက် ပိုပြီးနက်နဲတဲ့ မှုခင်းကွင်းဆက်တွေကို တွေ့ရှိလာရာမှာတော့..မင်းသားကြီး John Travolta နဲ့ Morgan Freeman တို့ ပါဝင်ထားပါတယ်.....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....File Size : (900 ...
movie

The Poison Rose(2019)

2019
Asher (2018) 5.3
Asher (2018) ဇာတ်​လမ်းအကျဉ်း စစ်​မှုထမ်း​ဟောင်းကြီး အာရှာ ဟာ တပ်​ကထွက်​ပြီး ​နောက်​မှာ​ကြေးစားတစ်​​ယောက်​အဖြစ်​အသက်​​မွေးခဲ့ပါတယ်​ အာရှာဟာ အသက်​ကြီး​နေပြီဆို​ပေမယ့်​ အလုပ်​​ကောင်း​ကောင်းလုပ်​နိုင်​​သေးတာ​ကြောင့်​ သူ့အသက်​ထက်​ ထက်​ဝက်​​လောက်​ငယ်​တဲ့ ​ကြေးစား​တွေကြားမှာလည်း အသက်​ကြီး​ပေမယ့်​မပျက်​စီး​သေး ဆိုတဲ့ဂုဏ်​ကိုရ​နေ​သေးတုန်းပဲ ​ဒီလို​လောက​သား​တွေရဲ့ထုံးစံအတိုင်း ​အာရှာရဲ့ တပည့်​ နဲ့ သူငယ်​ချင်းတို့ဟာ သူတို့အားလုံးရဲ့အလုပ်​ရှင်​ကြီး ​အေဗီ ကိုရှင်းပြီး အာဏာလုဖို့ကြိုးစားတဲ့ အခါမှာ​တော့. .အာရှာဟာ ဒီကိစ္စ​တွေကိုဘာမှမသိရပါပဲနဲ့ ​အေဗီက အထင်​အမြင်​မှားပြီး လိုက်​လံလုပ်​ကြံတာကိုခံ​ရပါ​တော့တယ်​... ​သေနတ်​ပစ်​ကား​တွေမှကြိုက်​ပါတယ်​ဆိုတဲ့ ပရိတ်​သတ်​ကြီးအတွက်​ အာရှာ ဆိုတဲ့ဒီကား​လေးက​ဖျော်​​ဖြေမှုတစ်​မျိုး​ပေးနိုင်​လိမ့်​မယ်​လို့​မျှော်​လင့်​မိပါ​တယ်... ဇာတ်လမ်းဘာသာပြန်နဲ့ အညွှန်းကိုတော့ Chanyein Soe ကာဘာသာပြန်တင်ဆက်ပေးထားပါတယ်....  
movie

Asher (2018)

2018
Bayou Caviar(2018) 6.2
Bayou Caviar(2018) Bayou Caviar(2018) ဒီကားဟာ Rotten Tomatoesက​​ ​ဆရာကြီး​တွေ Rate လုံးဝမ​ပေးထားပဲ Audience Score 100% အတိရထားတဲ့ကားပါ။ Tom Cruise ရဲ့ Jerry Maguireကားမှာ Supporting Role ​အော်​စကာရထားတဲ့ မင်းသား Cuba Gooding Jr. ကိုယ်​တိုင်​ဇာတ်​ညွှန်း​ရေး ကိုယ်​တိုင်​ရိုက်​ ကိုယ်​တိုင်​ သရုပ်​​ဆောင်​ထားပါတယ်​။ Old X men timeline က Attractive အပြည့်​နဲ့ မမ ဂျင်း Famke Janssenကို တစ်​ဖန်​မြင်​ရဦးမဲ့ ကားလည်း ဟုတ်​ပါတယ်​။ှဇာတ်​လမ်းသွားမှာ​တော့ ​ဘောက်​ဆင်​ ချန်​ပီယံ​ဟောင်း တစ်​​ယောက်​နဲ့ ရုရှ လူဆိုးဂိုဏ်းတစ်​ခုရဲ့ အဖြစ်​အပျက်​​တွေကို ကို ပြထားပြီး လိင်​ကိစ္စ အာဏာ ​ငွေ အကြမ်းဖက်​မှု​တွေကြားမှာ မိသားစုအတွက်​ တိုက်​ခိုက်​​နေတဲ့ လူတစ်​​ယောက်​အ​ကြောင်း ဒရာမာ အပြည့်​ခင်းပြသွားမှာပါ.. ဘယ်​လိုခင်းမလဲ​တော့ ကိုယ်​တိုင်​ပဲ ခံစားကြည့်​ပါ။ ဒီကားမှာ မတ်​မတ်​ Famke Janssenကြီးရဲ့ ခပ်​မိုက်​မိုက်​စတိုင်​​လေး​တွေကို အ​တော်​​ကြွေချင်​စရာ​ကောင်း​အောင်​ မြင်​ကြရမှာပါ။ ဒီ​တော့ကာ Old X men fan ​တွေ ကြည့်​ကို ကြည့်​သင့်​တယ်​လို့ Recommand ​ပေးပါတယ်​။ ထပ်​​ဆောင်း​ပြောရရင်​ Richard Dreyfuss ကြီးဟာလည်း Leading Role Oscar ပိုင်​ရှင်​ကြီးပါ။ ကဲ..Oscar Winner နှစ်​​ယောက်​နဲ့ ဒီကားက ...
movie

Bayou Caviar(2018)

2018
Rounders(1998) 7.3
Rounders(1998) Rounders(1998)IMDB...7.3,,,Rotten...65%Rounders ( ကျားများ) ကျား ။ ။ ကံတိုက်​ကစားတဲ့ ဖဲသမား မဟုတ်​ပဲ ဖဲလိမ်​ရိုက်​သူ ဖဲနဲ့ အသက်​​မွေးသူများကို ကျားဟု​ခေါ်သည်​။Ref..မင်​းသိင်္ခ ဆရာသခင်​နဲ့ နှစ်​​ပေါင်​းများစွာ ခင်​ဗျား ဖဲကစားရတာ စိတ်​ဝင်​စားလား...။ ကျွန်​​တော်​​တော့ မကြာမကြာ ဖဲကစား ဖူးတယ်​။Texas Holdem Poker လို့​ခေါ်တဲ့ ဆိုတဲ့ ဖဲကစား နည်​းလည်​း အပါအဝင်​ပါပဲ။ ဒီ ကစားနည်​းကို ကျွန်​​တော်​ ကံ နဲ့ ဆုံးဖြတ်​ချက်​သက်​သက်​လို့ ထင်​ခဲ့ဖူးပါတယ်​... ဒီ ဇာတ်​ကားကို မကြည်​့မိခင်​ အထိ​ပေါ့။ ဖဲလိမ်​ရိုက်​တယ်​ဆိုတာထက်​လူ့စိတ်​ကို ဖတ်​တယ်​ ဆို ပိုမှန်​မလားပဲ။ ဒီထဲမှာ Matt Damon ​ပြောခဲ့သလို ​ပြောခဲ့သလိုပါပဲ ဖဲချပ်​​တွေကို ကစားတာ မဟုတ်​ပါဘူး လူ​တွေရဲ့ စိတ်​ကို ကစားလိုက်​တာပါ။ ဖဲတစ်​ချပ်​​ဝေတိုင်​းမှာ ဆုံးဖြတ်​မှုတစ်​ခု လုပ်​ရတယ်​။ ဆက်​လိုက်​မလား အရှုံး​ပေးလိုက်​မလား​လောင်​း​ကြေးမြှင်​့မလား ...
movie

Rounders(1998)

1998
Once Upon a Time in Venice (2017) 5.3
Once Upon a Time in Venice (2017)   ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3   (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)  File Size : (700 MB) and (260 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw 
movie


2017