Channel Myanmar

Finn Jones

The Visitor (2022) 5.1
The Visitor (2022) The Visitor (2022) =============ထူးဆန်းတဲ့ ကံကြမ္မာတွေနဲ့ အလှည့်အပြောင်းကြမ်းတဲ့ Horror, Thriller, Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရောဘတ်နဲ့ ဇနီးဖြစ်သူ မိုင်ရ်တို့ဟာ လန်ဒန်မြို့မှာ နေထိုင်ရင်း တစ်နေ့မှာ ရင်သွေးလေးနဲ့အတူ မိုင်ရ့်ရဲ့ဖခင်ကိုပါ မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတယ်။အဲဒီအတွက်ကြောင့် မိုင်ရ်ရဲ့ ဇာတိမြို့လေးကို ပြန်လာခဲ့ပြီး မိုင်ရ်အရင်က နေထိုင်ခဲ့တဲ့ အိမ်လေးဆီ ပြောင်းရွှေ့လာခဲ့ကြတယ်။ ထူးဆန်း‌မှုတွေရဲ့ အစကတော့ အဲဒီအိမ်လေးမှာ ရောဘတ်နဲ့ တစ်ပုံစံတည်းတူတဲ့ လူပုံပါရှိနေတဲ့ ပန်းချီကားကြီး တစ်ချပ်ကနေ စတင်လာခဲ့တော့တာပါ။တစ်မြို့လုံးမှာလည်း ရောဘတ်နဲ့ဆင်တူတဲ့လူပုံပါတဲ့ ပန်းချီကားတွေ ရှိနေပြီး မြို့ကလူတွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ရောဘတ်တစ်ယောက် ယုန်တွင်းကို နှိုက်မိသလိုပါပဲ။ မဆုံးနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ စောင့်ကြိုနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကြည့်ရှု့သူတွေ အကြိုက်တွေ့ ကြဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (420 MB) / (220 MB) Quality............WebRip 1080p / 720p / ...
movie

The Visitor (2022)

2022
Awake 2021 5
Awake 2021 နက်ဖလစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားထွက်လာပါပြီ။ ဒါကလည်း ကမ္ဘာပျက်တဲ့ကားပါပဲ။ ဒီတစ်ခါ အရင်နဲ့မတူအောင်ပျက်ရမှာပေါ့။ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကမ္ဘာလုံးက လျှပ်စစ်တွေအကုန် ပြတ်တောက်သွွားပြီး လူတွေအကုန်လုံး အိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပါတယ်။ မေ့ဆေးပေးတောင် အိပ်လို့မရတော့ပါဘူး။ သေတာနဲ့နိုးနေတာ နှစ်မျိုးပဲ ကျန်ပတော့တယ်။ လူတွေဟာ မအိပ်ဘဲနေနိုင်တဲ့ ရက်အကန့်အသတ်ရှိပါတယ်။ ရက်ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းတွေ ပျောက်လာတယ်၊ ထင်ယောင်ထင်မှားတွေ မြင်လာတယ် ၊ ချိနဲ့လာတယ် စသည်ဖြင့်ပေါ့။ ဒီတော့ ရက်ပိုင်းအတွင်းမှာ မလွှဲမရှောင်သာ ကမ္ဘာပျက်ပါတော့မယ်။ အဲဒီအချိန်မှာပဲ အိပ်လို့ရနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားကြတဲ့အခါ သူ့ကိုစမ်းသပ်ပြီး အချိန်မီ ကုထုံးကိုရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် ကလေးမလေးရဲ့အမေကလည်း သူ့ကလေးကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာတဲ့အခါ... File size…(1.7 GB) and (1 GB) Quality….web 1080p and 720p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson  
movie

Awake 2021

Leatherface (2017) 5.0
Leatherface (2017) Leatherface (2017)_____IMDb - 5.0/10    တက္ကဆက်ပြည်နယ်လူသူမနီးတဲ့နေရာတစ်ခုမှာခြောက်သွေ့ထူးဆန်းပြီးSawyerအိမ်ကြီးတစ်အိမ်ရှိပါတယ် အဲ့ဒီအိမ်မှာနေကြတဲ့မိသားစုနာမည်ကိုအစွဲပြုပြီးမှည့့်ထားတာပါ Sawyer မိသားစုပေါ့ဗျာ အဲ့ဒီအိမ်ကြီးကလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သိပ်ပတ်သတ်မှုမရှိတဲ့မိသားစုပါ Antiဖြစ်နေလားတော့မသိ အဲ့ဒီအိမ်ကြီးထဲရောက်လာတဲ့သူမှန်သမျှက နည်းလမ်းအမျိုးမျိုးနဲ့သတ်ဖြတ်ခြင်းခံရပါတယ် အဲ့ဒီအိမ်ကြီးရဲ့သတင်းကြောင့်လည်း အစိုးရကကလေးသူငယ်များစိတ်ဓာတ်ပျက်ပြားမှုမရှိဖို့နဲ့ဘေးကင်းလုံခြုံဖို့ Gorman အဆောက်အဦးကိုတည်ဆောက်ပေးထားပါတယ် Gormanအဆောက်အဦးဆိုတာကတော့ပြစ်မှုမှာပါဝင်တယ်လို့ယူဆရတဲ့ကလေးငယ်တွေကိုဘဝသစ်ပြန်စဖို့အခွင့်အရေးပေးတဲ့အနေနဲ့ဆေးကုသမှုပေးထားပြီးစောင့်ရှောက်ထားတဲ့နေရာပါ     တစ်နေ့တော့ အဲ့ဒီအဆောက်အဦးဆီကို Lizzyလို့ခေါ်တဲ့သူနာပြုဆရာမအသစ်လေးတစ်ယောက်ရောက်လာပါတယ် စောင့်ရှောက်ခံထားတဲ့သူတွေကလည်းဒီအိမ်ကြီးကစည်းကမ်းတင်းကြပ်ပြီးငြီးငွေ့စရာကောင်းတဲ့အတွက် အားလုံးကလွတ်လမ်းရှာနေကြပါတယ် တစ်နေ့မှာSawyer မိသားစုက ထိန်းသိမ်းခံထားရတဲ့ကောင်လေးJed ကိုတွေ့ခွင့်မပေးတာကြောင့့်ပြသနာတွေတက်ခဲ့ရပြီးထိန်းသိမ်းထားသမျှလူတွေလည်းဝရုန်းသုန်းကားနဲ့လွတ်မြောက်ကုန်တဲ့အထိဆိုးရွားသွားခဲ့ပါတယ် လွတ်မြောက်သွားတဲ့ထဲမှာ ခပ်အေးအေးနေတတ်တဲ့ Jackson နဲ့ Bud ဆိုတဲ့ကောင်လေး၂ယောက်ရယ် သူနာပြုမလေး Lizzy ရယ် ခပ်ဆိုးဆိုးခပ်ကြမ်းကြမ်း Ike နဲ့Clarice တို့အတွဲရယ်အတူတူထွက်ပြေးဖို့အကြောင်းဖန်လာပါတယ် ဒီလိုနဲ့ပဲရှေ့ဆက်ပြီးသူတု့ိ ၅ယောက်ဘာတွေဆက်ဖြစ်ကြမလဲ ဌာနဆိုင်ရာတွေကလည်းဝရမ်းထုတ်ဖမ်းတာကတဖက် Sawyer မိသားစုကလည်းဘယ်လိုတွေစိတ်ဝင်စားစရာပါဝင်ပတ်သတ်လာမလဲဆိုတာစောင့့်ကြည့်ရမယ့် ကြောက်မက်ဖွယ် ခပ်ကြမ်းကြမ်းကားလေးပါ   (စကားလုံးကြမ်းတမ်းမှုများကိုသတိပြုပါရန်)   (ဘာသာပြန်နဲ့အညွှန်းကတော့ Pyae Xeinn Sett ပါ)      File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae ...
movie

Leatherface (2017)

2017