Channel Myanmar

Fiona Dourif

On Fire (2023)
On Fire (2023)  ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

On Fire (2023)

Don’t Look at the Demon (2022)
Don’t Look at the Demon (2022) Horror ပရိသတ်တွေအတွက် 2022က ထွက်ရှိခဲ့တဲ့ Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားထဲမှာတော့ ဂျူးစ်ဆိုတဲ့ကောင်မလေးဟာ သာမာန်လူ‌တွေလိုမဟုတ်ပဲ ငယ်စဉ်ကတည်းက ပရလောကသားတွေ ဝိဉာဉ်တွေနဲ့ စကားပြောနိုင် ဆက်သွယ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအစွမ်းဟာ ကောင်း‌တာတွေလဲရှိနိင်သလို မကောင်းတာတွေလဲဖြစ်နိုင်ကြောင်းကို ထိတ်လန့်ဖွယ်ရာရိုက်ပြထားတာပါ။ဇာတ်လမ်းအညွှန်းကတော့ဂျူးစ်ဟာ သူ့ရဲ့မွေးရာပါအစွမ်းကို အသုံးချပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ပရလောကနဲ့ပတ်သက်တာမှန်သမျှကို စုံစမ်းကြ လိုက်ရှာကြပြီး လူတွေကို လိုက်ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့‌ထောင်ထားကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့အဖွဲ့ဟာ သူတို့ကို အကူအညီတောင်းထားတဲ့ အီးမေးလ်တစ်ခုကိုလက်ခံလိုက်ပြီး ထိုလိပ်စာအတိုင်း လူနေနည်းတဲ့ တောင်ကုန်းပေါ်ကရွာလေးတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်လုံးဆီကိုသွားကြတော့တာပါပဲ။သူတို့မသိလိုက်တာတစ်ခုကတော့ ထိုအိမ်ကြီးမှာရှိတဲ့အရာဟာ သူတို့ကြုံဖူးနေကျထက် ပိုပြီးကြောက်စရာကောင်းပြီး အရမ်းအန္တရာယ်ရှိတဲ့အရာတစ်ခု ဖြစ်နေချိန်မှာတော့ သူတို့ဟာ ထိုပြဿနာကိုဖြေရှင်းဖို့ထက် အသက်ရှင်ဖို့တောင်အနိုင်နိုင်ကြိုးစားရတာကိုတွေ့ရမှာပါ။ဒီဇာတ်ကားမှာ ခြောက်ခြားစရာတွေ၊ သွေးထွက်သံယိုတွေကို ကောင်းကောင်းကြီးထည့်ထားတဲ့အတွက် Horror fanတွေအတွက်တော့ ကြည့်ရှုရတာတန်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(1.5 GB)/(818 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Horror Subtitle….Myanmar Subtitle ...
movie

Don’t Look at the Demon (2022)

Arbor Demon (2016)
Arbor Demon (2016)  ဇာတ်လမ်းအညွှန်း တောနက်ကြီးတွေဟာ တကယ်ပဲကြောက်ဖို့ကောင်းသလားဆိုတာအပြင် တောတွေအကြောင်း ရှေးလူကြီးတွေပြောပြတဲ့ပုံပြင်တွေက တကယ်ပဲအမှန်တွေ ဖြစ်လောက်လားဆိုတာကိုရောတွေးမိကြပါသလား။ ဒါဆိုရင်တော့ horror/ thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့ Arbor Demon ဇာတ်လမ်းလေးကိုကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းလေးမှာ ချားလ်စ်နဲ့ ဒေနာ တို့ဟာ ကလေးမယူကြသေးဘဲသူတို့ဘဝရဲ့ကိုယ်ပိုင်စွန့်စားခန်းလေးတွေကို လုပ်နေကြစဲဖြစ်တဲ့လင်မယားအတွဲလေးဖြစ်ပါတယ်။ ဒေနာက တောနက်ကြီးတစ်ခုအကြောင်းကို ထူးဆန်းစွာ အမြဲမြင်မက်နေပါတယ်။ တစ်နေ့မှာသူတို့နှစ်ဦးရဲ့မင်္ဂလာနှစ်ပတ််လည်အနေနဲ့ တောထဲကို စခန်းချခရီးထွက်ဖို့ နှစ်ယောက်သား ထွက်လာကြပါတယ်။ တောနက်နက်ထဲမှာကြောက်စရာအသံတွေလည်း စကြားလာရပြီး ဘယ်အရာကလာတိုက်ခိုက်လဲမသိ တိုက်ခိုက်ခံလာရတဲ့အခါ…သူတို့ကို ဘယ်အရာတွေက တိုက်ခိုက်နေတာလဲ၊ ဘာအကြောင်းကြောင့်တိုက်ခိုက်နေတာလဲ၊သူတို့နှစ်ဦး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.73GB / 841MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 32m Genre ..... Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Arbor Demon (2016)

Tenet (2020) 7.8
Tenet (2020) Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ...
movie

Tenet (2020)

4K HEVC
The Master(2012) 7.2
The Master(2012) The Master(2012)အညွှန်း********************IMDb...7.2,,,,,Rotten....85%အမိုက်စားကားမို့ (BLU-RAY 1080P 5.1CH,720P)တို့ဖြင့်တင်ဆက်ပေးထားပါသည်.....(unicode)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့....ဒါ့ကြောင့် ဒီမင်းသားကြီးရဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်း၀◌င်တဲ့ The Master ဆိုတဲ့ ကားကိုတင်ဆက်ပေးလိုက်ပါတယ်... ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်... ကံဆိုးတာက သူကိုယ်တိုင်က အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ...သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်... သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်....သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲဆိုတာသိတော့ စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီး တော့ သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..IMDb..7.2နဲ့ Rotten 85%တောင် ရထားတာဖြစ်လို့ ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....(zawgyi)Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Joaquin ...
movie

The Master(2012)

2012
Cult of Chucky (2017) 5.2
Cult of Chucky (2017) ထောင်ထဲမှာ လူမသတ်ဘဲနဲ့ လူသတ်မှုနဲ့နေနေရတဲ့ နီကာတစ်ယောက် အရုပ်က လူသတ်တယ်ပြောလို့nအရူးလို့သတ်မှတ်ထားခြင်းခံရတဲ့အတွက် ၃နှစ်အကြာမှာတော့ မျက်စိစုံမှိတ်သတ်တယ်ပြောတော့မှ စိတ္တဇဆေးရုံကို အပို့ခံရတော့တယ်။ ဆေးရုံက ထောင်ထဲလိုတော့ မတင်းကျပ်ဘူးပေါ့။ ဆေးရုံမှာ ဘယ်လို အရူးတွေနဲ့ ထပ်ဆုံရမလဲ???အရုပ် သတ်ခဲ့တာက သူအမအရင်း မိသားစု သူ့တူမလေးAliceတစ်ယောက်ပဲကျန်တာ ေ နာက်ဆုံး Aliceဆုံးသွားတော့ သူ့ဆီ အဲ့အရုပ်က ရောက်လာတယ်။ဆေးရုံမှာ အဲ့အရုပ်ရယ် အရူးတွေရယ် ဘာပဲဆက်ဖြစ်ကြမလဲ??? (ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (912 MB) and (270 MB) Quality : 720p Bluray Running Time : 1hr 31min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Luna Encode ...
movie

Cult of Chucky (2017)

2017
The Messenger(2009) 7.1
The Messenger(2009) The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie

The Messenger(2009)

2009