Channel Myanmar

Flora Nicholson

Wonder Woman (2017) 7.4
Wonder Woman (2017) DCEU ရဲ့ လေးကားမြောက် ရုပ်ရှင် ဖြစ်တဲ့ Wonder Woman ရုပ်ရှင်ပါ။ Box Office မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေ အားပေးမှုအပြည့်ရထားပါတယ်။ သူ့ကိုတော့ Batman vs Superman မှာ မြင်ဖူးခဲ့ပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒိုင်ယာနာ ရဲ့ ငယ်ဘဝနဲ့ လူ့လောကထဲကို ပထမဆုံးခြေချချိန် စွန့်စားခန်းတွေကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဒိုင်ယာနာဟာ လူတွေသာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကျွန်းတစ်ကျွန်းမှာ နတ်ဘုရားတွေဖန်ဆင်းထားတဲ့ အမေဇုံလို့ခေါ်တဲ့ စစ်သည်တော်တွေလက်ထဲမှာ မွေးဖွားကြီးပြင်းလာသူပါ။ ဒိုင်ယာနာဟာ ဘုရင်မ ဟစ်ပိုလီတာရဲ့ သမီးတော်လည်း ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ ယောကျာ်းတစ်ယောက်မှ မရှိပါဘူး။ တစ်နေ့မှာတော့ပထမကမ္ဘာစစ်ထဲက လေယာဉ်မှုးတစ်ယောက် လေယာဉ်ပျက်ကျပြီး ပင်လယ်ထဲ ပြုတ်ကျလာတာကို ကယ်တင်မိပြီး ကမ္ဘာစစ်ကြီးအကြောင်းကို ပထမဆုံးကြားသိသွားပါတော့တယ်။ အမေဇုံတွေဟာ ကမ္ဘာကြီးကို စစ်နတ်ဘုရားလက်က ကယ်တင်ဖို့လို့ ယုံကြည်ထားတဲ့ ဒိုင်ယာနာဟာ လေယာဉ်မှုး ဗိုလ်ကြီး စတိ ထရီဗာနဲ့အတူ လူတွေရဲ့ လောကကြီးထဲကို ခြေချပြီး ...
movie

Wonder Woman (2017)

2017
Darkest Hour (2017) 7.4
Darkest Hour (2017) Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations.  Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie

Darkest Hour (2017)

2017