Channel Myanmar

Franck Mercadal

The Emperor of Paris (2018) 6.3
The Emperor of Paris (2018)  IMDB - 6.3Rotten Tomatoes - 70%ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလိုခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီးနောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိကရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Emperor of Paris (2018)

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

Café de Flore (2011) 7.3
Café de Flore (2011) Café De Flore (2011)IMDb - 7.3/10ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက်ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်…. ဇာတ်လမ်းအညွှန်း၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားကဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာသူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။ အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီးစွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကိုလက်မခံနိုင်သေးဘဲ move on ...
movie

Café de Flore (2011)

2011
Waiting for Bojangles (2022) 6.5
Waiting for Bojangles (2022) Waiting for Bojangles (2022) ==================== IMDb Rating - 6.5/10လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(2.02 GB) / (842 MB) / (476 MB) Quality............BluRay 1080p / 720p ...
movie

Waiting for Bojangles (2022)

2022