Channel Myanmar

Franco Castan

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
The Family Plan (2023) 6.2
The Family Plan (2023)  Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာနီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကိုတိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…4.71GB / 2.06 GB  / 989MB Quality…WEB-DL  4K HEVC /1080p 5.1 ...
movie

The Family Plan (2023)

4K HEVC
Blue Beetle(2023) 6.7
Blue Beetle(2023) Blue Beetle(2023)**************** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာစူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင်ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movieမဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ဇာတ်လမ်းအကျဉ်းမက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။မိသားစုက ...
movie

Blue Beetle(2023)

4K HEVC
I Want You Back (2022) 6.7
I Want You Back (2022) ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်‌အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP 
movie

I Want You Back (2022)

Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997
Richard Jewell (2019) 7.5
Richard Jewell (2019) unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie

Richard Jewell (2019)