Channel Myanmar

Frédéric Vallet

The Transporter (2002) 6.8
The Transporter (2002) Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ...ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။The Transporter(2002)မှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။ File size…(2.3 GB)/(760 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:32:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Transporter (2002)

1080p HEVC
OSS 117: From Africa with Love (2021) 5.9
OSS 117: From Africa with Love (2021) OSS 117: From Africa With Love (2021) *********************************** IMDb-5.9/10CM ပရိတ်သတ်ကြီးတွေကို ဒီတစ်ခါမှာတော့ ပြင်သစ်စုံထောက်ဇာတ်လမ်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။တကယ်လို့ ပရိတ်သတ်ကြီးတွေကJames Bonds ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်၊နောက်ပြီး Johnny English လိုဟာသဆန်ဆန် စုံထောက်အေးဂျင့်ကားမျိုးကို သဘောကျတတ်တယ်ဆိုရင် ဒီကားလေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ဒီဇာတ်လမ်းလေးထဲမှာတော့ ဇာတ်လိုက်စုံထောက်ကျော်ရဲ့ လျှို့ဝှက်နံပါတ်က OSS 117 ပါတဲ့။ဇာတ်လမ်းအစမှာတင် စုံထောက်ကျော် OSS 117 ကို အရေးကြီးတဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုကိုဆောင်ရွက်ဖို့ အာဖရိကတိုက်ကို စေလွှတ်လိုက်ပါတယ်။သိကြတဲ့အတိုင်းအာဖရိကဆိုတာ သားရဲတိရစ္ဆာန်တွေပြည့်နှက်နေပြီး မတူညီတဲ့လူမျိုးစုတွေနေထိုင်ရာနေရာဖြစ်တာမို့ တော်ရုံအေးဂျင့်စုံထောက်တွေ လက်ဖျားခါလောက်တဲ့ နေရာဆိုလည်းမမှားပါဘူးစုံထောက်ကျော်ဇာတ်လိုက်ကြီးကတော့ အာဖရိကကို မရောက်စဖူးရောက်သွားပြီး လျှို့ဝှက်မစ်ရှင်ကိုဆောင်ရွက်နေချိန်မှာပဲ ထင်မထားလောက်တဲ့ ကိစ္စတွေဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်။ပိုအရေးကြီးတဲ့အချက်က ဒီမစ်ရှင်သာကျဆုံးသွားခဲ့ရင် အာဖရိကတိုက်ရဲ့အနာဂတ်ကိုပါထိခိုက်နိုင်သလို ပြင်သစ်နဲ့အာဖရိကတို့ရဲ့ နှစ်ပြည်ထောင်ချစ်ကြည်ရေးကိုပါ ပြိုလဲသွားစေနိုင်မှာဖြစ်လို့ OSS 117 တစ်ယောက်ဘယ်လိုဆက်ပြီးဖြေရှင်းသွားမလဲ....အာဖရိကမှာ ဘယ်လိုအသက်ဘေးတွေနဲ့ကြုံရပြီး ဘယ်လိုလက်နက်ဆန်းတွေနဲ့ရန်သူတွေကိုချေမှုန်းနိုင်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်...ပုံမှန်ကြည့်နေကျစုံထောက်ကားတွေလို ရိုးအီနေတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့်အပြင် ဘယ်လိုအလွဲတွေလုပ်ရင်း ဒုက္ခရောက်လေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့လို့ အခုပဲကြည့်ကြည့်လိုက်ဖို့ ညွှန်းပါရစေ။ဒီဇာတ်လမ်း​လေးထဲမှာ​တော့ - ပြင်သစ်မင်းသားကြီးJean Dujardin ...
movie

OSS 117: From Africa with Love (2021)

2021