Channel Myanmar

Freeman Coffey

Chicago Overcoat (2009) 5.9
Chicago Overcoat (2009)  အက်ရှင်ကားတွေထဲမှာ အဖိုးကြီးတွေကြမ်းရင်လူငယ်တွေကြမ်းတာထက်ကို နှစ်ဆပိုပါတယ်။ဘာလို့လဲဆိုတော့ သူတို့ကကြမ်းတမ်းတဲ့အရာတွေကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကပိုများပြီး ရှေ့ဆက်ရမဲ့ဘ၀ဆိုတာကလဲသေမထူးနေမထူးဖြစ်နေလို့ပါပဲ။အခုလည်းရှယ်ကြမ်းပြီး ရှယ်သွေးအေးတဲ့နာမည်ကြီးလူသတ်သမားကြီးတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံတွေကိုပုံဖော်ထားတဲ့ IMDb Rating 5.9 ရရှိထားတဲ့ ChicagoOvercoat ဆိုတဲ့ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။"လူ" ဆိုတဲ့အဖိုးကြီးတစ်ယောက်ကငယ်ရွယ်စဉ်မှာကြေးစားလူသတ်မှုပေါင်းများစွာကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီးအခုဆိုရင် သူလူမသတ်ပဲအနားယူနေခဲ့တာတော်တော်ကိုကြာနေခဲ့ပါပြီ။ဒါပေမယ့် သူ့သမီးလေးနဲ့မြေးလေးတို့ရဲ့နောင်ရေးအပြင် သူကိုယ်တိုင်ကလဲ လက်စ်ဗီးဂတ်စ်မှာသွားအနားယူချင်နေတဲ့အတွက် ပိုက်ဆံကလိုလာပါတော့တယ်။ဒီလိုနဲ့ သူ့အတွက်သေနတ်ကိုင်ပြီး လူပြန်သတ်ဖို့အကြောင်းဖန်လာပါတော့တယ်။ဒါပေမယ့် သူပြန်လာတာကိုသိနေခဲ့တဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဟိုးအရင်တုန်းကပန်းပို့သမားဆိုပြီး "လူ" နာမည်ကြီးခဲ့တဲ့အချိန်ကတည်းကလိုက်နေခဲ့တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။အခုလည်း"လူ" ကအရင်ပုံစံအတိုင်းပြန်လာတဲ့အခါမှာတော့တစ်ချိန်တုန်းကနာမည်ကြီး လူသတ်သမားတစ်ယောက်ကိုအသည်းအသန်လိုက်ဖမ်းပုံတွေနဲ့ ဒုစရိုက်အရှုပ်တော်ပုံတွေများစွာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73GB / 864MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Chicago Overcoat (2009)