Channel Myanmar

Gabriel Casseus

Black Hawk Down(2001) 7.7
Black Hawk Down(2001) Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်  File Size :(14.55 GB) (4.3GB)  (1.4GB) Quality : Web-Dl 4K ...
movie

Black Hawk Down(2001)

4K HEVC
G-Force (2009) 5.1
G-Force (2009) G-Force (2009)IMDb - 5.1CM ပရိသတ်ကြီးကို စိတ်၀င်စားဖို့ကောင်းပြီး အပန်းလည်းပြေစေမယ့် comedy/family film လေးတစ်ခုတဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူးလေးတွေကို ချစ်တတ်သူဆိုရင်လည်း ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဒါ၀င်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို့ဟာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။သူတို့အဖွဲ့ကို G-Force လို့ခေါ်ပြီး သူတို့ဟာ အစိုးရဘက်က လိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါ၀င်အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွားပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံလွတ်အောင်ပြေးပြီး ဆိုလာရုံမက ဒါ၀င်တို့ကိုပါ ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့ ဒါ၀င်တို့ လေးကောင်လည်း ရန်သူတွေလက်က လွတ်အောင်ပြေးပြီး သူတို့ စုံစမ်းခဲ့တဲ့ အမှုက မမှားကြောင်း သက်သေပြန်ပြဖို့ ကြိုးစားကြပါတော့တယ် ....အစိုးရကရော ဘာအမှုကို လိုက်နေတာလဲ G-Force အဖွဲ့ကရော သူတို့မှန်ကန်ကြောင်း ဘယ်လိုလဲ သက်သေတွေပြကြဦးမှာလဲ .....ဟာသလေးတွေနှောပြီး စိတ်၀င်စားဖို့ကောင်းတာမလို့ ကြည့်ရှူကြဖို့တိုက်တွန်းလိုက်ရပါတယ်  Translated by : ...
movie

G-Force (2009)

Fallen(1998) 7.0
Fallen(1998) Fallen(1998) IMDb....7.0 ကျွန်တော်တို့ ဘဝမှာ ယုံကြည်တာလက်ခံထားတာတွေအများကြီးရှိပါတယ်။ လက်မခံတာတွေလည်းအများကြီးရှိပါတယ်။ တစ်နေ့မှာ ကိုယ်မဟုတ်ပါဘူးလို့ထင်နေတာတွေအားလုံးက အမှန်တွေဖြစ်လာတယ်ဆိုရင်လက်ခံယုံကြည်ကြမှာလား။ ကိုယ့်ရဲ့အမှန်တရားက မှားနေခဲ့ရင်ရော လက်ခံနိုင်ပါမလား။ ကျွန်တော်တို့ရဲ့ မင်းသားကြီးမင်းသားကြီး Denzel Washington  က ဒီကားထဲမှာ အဓိကဇာတ်ဆောင် စုံထောက် John Hobb အဖြစ်သရုပ်ဆောင်ထားတယ်...Hobb က အရမ်းတော်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ သူနောက်ဆုံးဖမ်းခဲ့တဲ့သူကို သေဒဏ်မပေးခင်မှာ ထူးခြားတာတွေဖြစ်ပျက်ခဲ့ပါတယ်။ဒါပေမယ့် သတိမထားမိဘဲ နောက်ထပ်ပုံစံတူလူသတ်မှုတွေပေါ်လာချိန်မှာတော့ ပြန်စုံစမ်းရင်း ထူးခြားတာတွေကိုသတိထားမိလာပြီး  သူမယုံချင်တဲ့ အရာတွေကိုလည်း ယုံခဲ့ရတယ်...လူသတ်သမားက သေဒဏ်ကျခံပြီးဖြစ်တဲ့ တရားခံရဲ့ ပုံစံအတိုင်းသတ်ပြီးတော့ Hobb အတွက် သတင်းစကားတွေချန်ထားခဲ့ခြင်းပါ။အဲဒါတွေကိုစုံစမ်းရင်း သူတစ်ခုသိလာရတာတော့ သူမမြင်ဖူးတဲ့ရှုထောင့်ကနေကြည့်မှ ဒီလူသတ်မှုတွေကိုနားလည်နိုင်မယ်ဆိုတာပါပဲ။သူ့ရဲ့အမြင်တွေကိုပြောင်းလဲပြီးတော့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ပါတော့ဗျာ။စုံထောက်အက်ရှင်ကားတွေလည်းကြိုက်တယ်..မင်းသားကြီး  Denzel Washington လည်း ပါတယ်ဆိုတော့ကားးးးးးး....IMDB Rating အနေနဲ့ကတော့ 7 အထိရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ D3monပဲဖြစ်ပါတယ်...File Size : (994MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre :  Action , Crime , Drama  Subtitle ...
movie

Fallen(1998)

1998
Bedazzled (2000) 6.0
Bedazzled (2000) Bedazzled (2000)IMDb - 6.0/10_____Rotten - 50%      အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie

Bedazzled (2000)

2000