Channel Myanmar

Gabriel Wong

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

New Fight Back To School (2021) 6.0
New Fight Back To School (2021) ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogyဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။- ခေါင်းဆောင်မင်းသားက မူရင်းFight Back to Schoolမှာ Turtleအဖြစ်ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်Gabriel Wong - မင်းသမီးကတော့ From Vegas to Macauထဲက မင်းသမီး Kimmy Tongပဲဖြစ်ပြီး - Wong Yet Feiနဲ့ Law Kar Yingတို့လို Stephen Chowရဲ့ ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့ နာမည်ကြီးဇာတ်ပို့တွေကို ပြန်သုံးထားတဲ့အတွက် ရယ်မောရမှာတော့ သေချာပါတယ်။SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။ သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။ ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား ...
movie

New Fight Back To School (2021)

The Magnificent Scoundrels (1991)
The Magnificent Scoundrels (1991) The Magnificent Scoundrels(1991)👥=========================== Magnificent ဆိုတဲ့အဓိပ္ပာယ်အရ ခမ်းနားတယ်လို့ဘာသာပြန်နိုင်ပြီး Scoundrels ဆိုတာ လူလိမ်၊လူဆိုးလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ဒီတော့အနီးစပ်ဆုံးပြန်ဆိုရလျှင်(စတိုင်ရှိတဲ့လူဆိုးများ၊လူလိမ်များ)😆သောက်ရမ်းကြမ်းပြီး သာမန်မဟုတ်တဲ့လူဆိုး နှင့် သူခိုးတွေပေါ့ဗျာ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေရဲပအကြောင်းအရာတစ်ချို့ကို အနည်းကျဉ်းရေးပေးထားတယ်။🙏 ၁၉၉၁ အောက်တိုဘာလ ၁၀ရက်နေ့မှာ ဟောင်ကောင်၌ စတင်ထွက်ရှိခဲ့ပြီး Imdb Rate 6.6/10 အထိရရှိထားတဲ့ဇာတ်ကားတစ်ကားပါ။ ချောင်ရဲ့ပင်တိုင်စံဒါရိုက်တာဖြစ်တဲ့ Lee Lik-Chi ကမွေးထုတ်ထားတဲ့ဇာတ်ကားဖြစ်ပြီး Final Justice ရုပ်ရှင်ရဲ့ မင်းသားဖြစ်တဲ့ Danny Lee နှင့် Karl Maka တို့မှ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်၊၊📽 Karl Makaဆိုတဲ့သူကတော့ ကတုံးမင်းသားအဖြစ် လူသိများပြီး ကျွန်တော်တို့ငယ်ငယ်က တရုတ်ဟာသ၊ဖိုက်တင် ဇာတ်ကားတွေရဲ့ ဒိတ်ဒိတ်ကြဲဝါရင့်ဆရာတစ်ပါးပါပဲ... Aces Go Places Series တို့၊(ဖက်တီးမင်းသား)Samon Hung နဲ့တွဲရိုက်တဲ့ Skinny Tiger,Fatty Dragon တို့မှာနာမည်ရရှိထားပြီး နောက်ပိုင်းမှာ Flim Producer အဖြစ်သာရပ်တည်နေပြီးယခုဆို အသက်၇၅ထဲရှိနေသူတစ်ယောက်ပါ။ ၁၉၈၀ရှေ့ပိုင်းက တရုတ်ကားတွေနဲ့ ရင်းနှီး‌တဲ့သူဆိုရင် ...
movie

The Magnificent Scoundrels (1991)

HEVC 1080p
The Mad Monk (1993) 6.2
The Mad Monk (1993) The Mad Monk (1993)IMDB(6.2)+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ရယ်စရာအတိတ်တွေခပ်များများ။ဘဝဆိုတာ ဘာမှလဲမဟုတ်လှ။ဒီလိုဘာမှမဟုတ်တဲ့ ဘဝကြီးကို ဟာသတွေနဲ့ ...
movie

The Mad Monk (1993)

1993
The Flirting Scholar (1993) 7.6
The Flirting Scholar (1993) IMDb Rating (7.6) ထိ ရရှိထားတဲ့ မင်းသားကြီး စတီဖင်ချောင်ရဲ့ Epic ဇာတ်ကားတစ်ကားပါ။မင်းသမီးကလဲ ဂေါင်လီဆိုတော့ ကြည့်သင့်နေပြီဆိုတာ သေချာပါတယ်။စာပေအနုပညာအရာမှာ သူမတူအောင် ထူးချွန်သူ စတီဖင်ချောင်ဟာ သူ့ခေတ်မှာပေါ်ထွန်းတဲ့ ပညာရှိ ၄ ယောက်ထဲက အကျော်ကြားဆုံး ပညာရှင်ပါ....လူတိုင်းက သူ့ကို လေးစားအားကျရလောက်အောင် မိန်းမကလဲ ၈ ယောက်တောင် ရှိပါတယ်။ဒါပေမယ့် အရမ်းကို နက်နဲတဲ့ သူ့ဘဝကို တော်ယုံလူက မစာနာတတ်ဘဲ လိုတိုင်းရဘဝလို့ ထင်ကြပါတယ်။သူ့မှာ အဓိက လိုအပ်နေတာ တစ်ခုရှိပါတယ်...ချစ်ခြင်းမေတ္တာပေါ့။မိန်းမ ၈ ယောက်နဲ့ မလုံလောက်တဲ့ သူ့အချစ်တွေ ဘယ်သူ့ဆီမှာ ကျရှုံးမလဲဆိုတာ........။အသေရီရတဲ့ ဇာတ်ကားပါ...တစ်ချိန်လုံး သွားမစေ့ရပါဘူး။သူ့ရဲ့ ဟာသဖန်တီးနိုင်စွမ်းကို ဒီဇာတ်ကားမှာ တစ်ချိန်လုံးမြင်နေရပါတယ်..အသေးအဖွဲလေးတွေက အစ ရီရဖို့ လက်လွတ်မခံထားပါဘူး။ဟာသရသ မကျန်ရစ်ရအောင် စာသံကဗျာသံတွေမှာလဲ အတတ်နိုင်ဆုံး ဆက်စပ်ပြီး ဘာသာပြန်တင်ဆက်ထားပါတယ်။ခံစားအားပေးကြပါဦး။  File size…(999 MB) and (470 ...
movie

The Flirting Scholar (1993)

1993