Channel Myanmar

Gabrielle Rose

If I Stay (2014) 6.7
If I Stay (2014) If I Stay (2014) IMDb-6.7/10အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက်သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ်သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရစာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက်ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့်မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်းလမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီးသတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ်ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။  File size…  829 mb /  684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre .....  ...
movie

If I Stay (2014)

2014
The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

The More Love Grows (2023) 6.4
The More Love Grows (2023) The More Love Grows (2023)The More Love Grow(2023) ဆိုတဲ့ ဇာတ်လမ်းလေးဟာ Romance အမျိုးအစားဒရာမာကားလေးဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပြီး ဂရုစိုက်လေအချစ်တိုးလာလေဖြစ်တဲ့အခါမျိုးရှိသလို၊ အချစ်ဆိုတာအချိန်နဲ့အမျှပြောင်းလဲနေတာလည်းရှိတတ်ပါတယ်။ ဒီလိုပါပဲ ဒီဇာတ်လမ်းလေးမှာ ဟယ်လန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းဖြစ်သူရဲ့ကွာရှင်းမှုကြောင့် စိတ်ဓာတ်တွေကျပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေအောင် သူ့ကိုကုစားပေးမယ့်အရာကဘာလဲ။ဟုတ်ကဲ့ဆက်ပြီးရှူစားပေးကြပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.3GB | 678MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

The More Love Grows (2023)

2023
{18+}Where the Truth Lies (2005) 6.4
{18+}Where the Truth Lies (2005) IMDb Rating/(6.4)ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်‌တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်)(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe
movie

{18+}Where the Truth Lies (2005)

Timecop(1994) 5.9
Timecop(1994) ဒီဇာတ်ကားလေးကတော့ လူတိုင်းသိကြတဲ့ ရုပ်ရှင်မင်းသားကြီး ဗန်ဒိမ်း ငယ်ရွယ်စဉ်က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ် အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေ သိပ္ပံကားတွေ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်တွေ အချိန်ခရီးသွားခြင်းကို တီထွင်နိုင်တော့ အစိုးရက မသမာမှုတွေကို ကာကွယ်ဖို့ အေဂျင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ် အေဂျင်စီဖွဲ့တော့ ဗန်ဒိမ်း ပါဝင်ခဲ့ရပြီး မသမာမှုတွေကို တိုက်ခိုက်ရင်း ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားတွေကနေ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့အကြောင်းကို သည်းထိတ်ရင်ဖို ရင် တလှပ်လှပ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် File size…1.68GB / 609.9MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Timecop(1994)

Jennifer’s Body (2009) 5.3
Jennifer’s Body (2009) ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်‌ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်‌တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်‌ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေး‌ဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။)  File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Jennifer’s Body (2009)

In the Name of the King: A Dungeon Siege Tale (2007) 3.8
In the Name of the King: A Dungeon Siege Tale (2007) In the Name of the King: A Dungeon Siege Tale (2007)======================================Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။ တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီးတွေ လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ် သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။ မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။ ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။ သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။ In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ် ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ...
movie

In the Name of the King: A Dungeon Siege Tale (2007)

The Sweet Hereafter (1997) 7.6
The Sweet Hereafter (1997) The sweet hereafter (1997) =================အညိုမွဲရောင်မြူနှင်းများက ပတ်ဝန်းကျင်မှာပြည့်လို့နေတယ်။ ခြေဖဝါးများမှာလည်း မြေကြီးပေါ်က နှင်းအစိုင်အခဲများကြားမှာ နစ်မြုပ်နေခဲ့တယ်။ တောင်းစောင်းကလေးက ဒီမြို့ကလေးဟာ နေချင်စဖွယ်မြို့ကလေးဖြစ်တယ်။ တိတိကျကျပြောရရင် ကနေဒါနိုင်ငံက ဒီမြို့ကလေးဟာ စိတ်ရောကိုယ်ပါအေးချမ်းမှုအတိနဲ့ ဖန်တီးထားတဲ့မြို့ကလေးဆိုလည်းမမှားဘူး။ ဒီမြို့ကလေးဆီကို ဟိုးတစ်နေရာက ကံကြမ္မာဆိုးကြီးဟာ တအိအိနဲ့လာနေခဲ့ပြီဆိုတာ ဘယ်သူသိနိုင်မှာလဲ။အဲ့ဒိနေ့မနက်က ကျောင်းကားအဝါရောင်ကြီး အဝေးကိုထွက်သွားတော့ ကားပေါ်မှာ မိဘတွေကိုထာဝရထားရစ်ခဲ့မယ့် ကလေးတွေပါသွားခဲ့တယ်။ မိဘတွေဟာ လက်ပြနေဆဲမှာပဲ ကလေးတွေကို ထာဝရဆုံးရှုံးရမယ်ဆိုတဲ့အသိဟာ ဝင်လာကောင်းဝင်လာနိုင်ပါရဲ့။အကြောင်းကတော့ ဒီမြို့ကလေးရဲ့ ကလေးတွေစီးလာတဲ့ကျောင်းကားအဝါရောင်ကြီး ယာဉ်တိုက်မှုဖြစ်ပါတော့တယ်။ ဒီယာဉ်တိုက်မှုမှာ ကလေး ၁၄တိတိပွဲချင်းပြီးသေဆုံးသွားတယ်။ ကံကောင်းစွာနဲ့လား ကံဆိုးစွာနဲ့လားလို့ပြောရမလဲမသိ ဒါပေမယ့် ဆာရာဆိုတဲ့ကောင်မလေးကတော့ အသက်ရှင်သွားတယ်ပေါ့။ဒီကိစ္စဖြစ်တဲ့သတင်းတွေထွက်ပြီးတဲ့အခါမှာ စတီဗင်ဆိုတဲ့ ရှေ့နေ့ကြီးဟာ ဒီမြို့ကိုရောက်လာပါတော့တယ်။ သူရောက်လာတဲ့အကြောင်းပြချက်ကတော့ သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘဖက်ကနေပြီး အစိုးရနဲ့ပြိုင်တဲ့အမှုလိုက်ပေးဖို့။ ဒါပေမယ့် စတီဗင်ကြောင့်ဖြစ်ရပ်တွေဟာ ကောင်းမလာတာမျိုးတွေ သီးခြားဖြစ်ရပ်ဆိုးတွေနဲ့ကြုံလာတဲ့အခါမှာတော့ …… ။ ဇာတ်လမ်းရဲ့အစဟာ ဒီယာဉ်တိုက်မှုနဲ့စတယ်။ ဒီရုပ်ရှင်ဟာ သာမန်ဟောလိဝုဒ်ဇာတ်ကားတစ်ကားလိုပဲ စဖွင့်တယ်။ ကံကြမ္မာဆိုးတစ်ခုနဲ့စဖွင့်တယ်။ ဒါပေမယ့် ...
movie


1997
Diary of a Wimpy Kid (2010) 6.2
Diary of a Wimpy Kid (2010) Greg Heffley is headed for big things, but first he has to survive the scariest, most humiliating experience of any kid’s life – middle school! That won’t be easy, considering he’s surrounded by hairy-freckled morons, wedgie-loving bullies and a moldy slice of cheese with nuclear cooties!ဒီဇာတ်ကားလေးဟာ Jeff Kinney ရဲ့ စာအုပ်တွေထဲကတစ်တွဲဖြစ်ပြီး Imdb 6.2 ထိရရှိထားတဲ့ မိသားစုကြည့်ဇာတ်မြူးလေးတစ်ကားဖြစ်ပါတယ်ဇာတ်ကားအညွှန်းပြောရရင် Greg ဆိုတဲ့ကျောင်းသားလေးတစ်ယောက်အလယ်တန်းတက်စရတဲ့အချိန်မှာသူ့ကိုဘယ်သူမှမခေါ်ပြောကြတဲ့အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရပါတယ်။သူဒီအဖြစ်ဆိုးတွေကရှောင်ဖို့အတန်းရဲ့အချစ်တော်စာရင်းထဲဝင်အောင် ကြိုးစားရပါတော့တယ် သူဘယ်လိုကြိုးစားလဲ ဘာတွေဆက်ဖြစ်လဲဆိုတာရုပ်ရှင်ကိုသာဆက်လက်ကြည့်ရှုကြပါလို့ပြောချင်ပါတယ်(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ "သရဲကားတွေပဲရေးလေ့ရှိတဲ့ Moe Oo ...
movie

Diary of a Wimpy Kid (2010)

The BFG (2016) 6.4
The BFG (2016) 2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ -------------------------------------------------------File Size ...
movie

The BFG (2016)