Channel Myanmar

Garrett Clayton

Peel(2019) N/A
Peel(2019) Peel(2019) IMDb.....6.0 ဒီတစ်ခါတော့ ဒရမ်မာကား ကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 2019 မှာ အသစ်စက်စက် ထွက်ထားတဲ့ Peel ဆိုတဲ့ ဇာတ်ကားလေးပါ ..... ဒီထဲမှာတော့ ပီးလ်ဆိုတဲ့ ကောင်လေးရဲ့ ဘဝအကြောင်းလေးကို ရိုက်ပြထားတာပါ..... ပီးလ် ငယ်ငယ်က သူ့အဖေနဲ့ အမေ အဆင်မပြေကြရာက ကွဲသွားကြပါတယ်....... ပီးလ်မှာ အစ်ကို ၂ ယောက် ရှိပါတယ် ......သူ့အဖေက သူ့အစ်ကို ၂ ယောက်ကို ခေါ်သွားပြီး သူကတော့ အမေဖြစ်သူနဲ့ နေခဲ့ရပါတယ်..... အမေဖြစ်သူရဲ့ သားတွေကို ပြုစုပျိုးထောင်ပုံကို သဘောမကျလို့ စကားများရာကနေ အိမ်က ထွက်သွားတဲ့ထိ ဖြစ်ခဲ့ရတာပါ ..... အမေဖြစ်သူက သားတွေကို ကလေးတွေလိုပဲ အမြဲ ကာကွယ်ပေးနေတယ် ကိုယ့်အားကို ကိုးတတ်လာအောင် သင်မပေးဘဲ ကလေးတွေလိုပဲ ပျိုးထောင်နေတာပါ ...... အဖေ ခေါ်သွားတဲ့ အစ်ကို ၂ ယောက်ကတော့ ဘယ်လို ကြီးပြင်းလာလဲ မသိရပေမဲ့ ပီးလ်ကတော့ သူ့အမေရဲ့ ပြုစုပျိုးထောင်နည်းတွေနဲ့ အမေနားမှာပဲ အမေချစ်သားအဖြစ်နဲ့ လောကကြီးအကြောင်း ဘာမှ မသိနားမလည်ဘဲ ...
movie

Peel(2019)

2018
Reach (2018) N/A
Reach (2018) ကျွန်တော်တို့အားလုံးမဟုတ်ရင်တောင်၂၀%လောက်က လူ့ပတ်ဝန်းကျင်မှာအဆင်မပြေကြပါဘူး လွယ်လွယ်နဲ့ရထားတဲ့ဘ၀ဖြစ်ပြီးလွယ်လွယ်နဲ့အဆုံးသတ်လိုက်ဖို့တွေးမိနေကြပါတယ် သောကြာနေ့ညတွေဟာ24/7ပါပဲ အထီးကျန်လွန်းလှပါတယ် တကယ်ရှင်သန်ရတယ်ဆိုတာဘယ်လိုလဲမသိပါဘူး အဲ့လိုပါပဲ စတိဗင်လည်းမသိခဲ့ပါဘူး ငယ်ငယ်လေးထဲကအမေဖြစ်သူက သူရှေ့မှာသတ်သေသွားခဲ့လို့ရှေ့ဆောင်လမ်းပြလည်းကောင်းခဲ့တယ်လို့ပြောရမယ် စတိဗင်လည်းသူရဲ့ဆယ်တန်းနှစ်မှာသတ်သေဖို့လုပ်နေပါပြီ ၁၈နှစ်ပြည့်မွေးနေ့မှာသေဖို့ဆိုပြီးဆေးတောင်ဆောင်ထားပါတယ် အဖေဖြစ်သူရဲ့အုပ်ထိန်းမှုဟာ ဘယ်လောက်ကောင်းကောင်းအမေကိုတော့မမှီတာဟာမဆန်းပါဘူး စတိဗင်ရဲ့အဖေမှာလည်းအဲ့လိုလိုအပ်ချက်တွေရှိနေတဲ့အပြင် ရဲဝန်ထမ်းဖြစ်နေတော့အခြေအနေတွေကကောင်းလှတယ်လို့မရှိပါဘူး ဒါပေမယ့်စတိဗင်မှာသူငယ်ချင်းရလာပါတယ် အသစ်ပြောင်းလာတဲ့ ကလဲရန့်စ်ဟာဂျစ်ပစီတွေကမွေးလာတာဖြစ်ပြီး နေရာအစုံကနေရလာတဲ့သူ့ပုံပြင်တွေနဲ့အမူအကျင့်တွေကစတိဗင်အတွက်တော့ လူပတ်ဝန်းကျင်ထဲပြန်ဝင်ခွင့်ရဖို့မျှော်လင့်ချက်ပြတင်းပေါက်တွေဖြစ်ခဲ့ပြီး ရှင်သန်ရတဲ့အရသာကိုသူရှာတွေ့ခဲ့ပါတယ် အရာအားလုံးပြောင်းလဲသွားပြီလို့ သူထင်နေတဲ့အချိန်မှာကလဲရန့်စ်ရဲ့လျှိုဝှက်ချက်နဲ့ သူနဲ့သိတယ်လို့ခံစားရတဲ့သူ့အဖေနဲ့ကလဲရန့်စ်ဆီကနေ သူ့၁၈နှစ်ပြည့်မွေးနေ့ကိုအမေ့ခံလိုက်ရတဲ့အခါမှာတော့... ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းစတိဗင်နဲ့ကလဲရန့်စ်လိုလူတွေရှိနေပါတယ်စတိဗင်လိုလူတွေအတွက်ကလဲရန့်စ်ဖြစ်ပေးလိုက်ပါသတ်သေဖို့ဆိုတာဆုံးရှုံးစရာတွေများလွန်းပါတယ်ကလဲရန့်စ်ကိုစောင့်ရင်းနေကြပါ<3
movie

Reach (2018)

2016
Between Worlds (2018) 6.5
Between Worlds (2018) မင်းသားကြီး Nicolas Cage ရဲ့ Action, Mystery, Thriller ဇာတ်ကားသစ်လေးပါ။သေပြီးသူတွေကို ပြန်အသက်သွင်းနိုင်တဲ့ အစွမ်းဆိုတာမျိုးကို ရှိသင့်တယ်ထင်ပါသလား။ရှိရင်လည်း အဲဒါက ကောင်းမလား ဆိုးမလား။ အလုပ်ရောဖြစ်ပါမလား။ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ဆောင် Julie က သူကိုယ်တိုင် သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ တခြားတစ်ဖက်ကိုကူးသွားပြီးတော့ ဝိညာဉ်တွေကို ပြန်ခေါ်နိုင်စွမ်းရှိပါတယ်။သူ့ရဲ့သမီးဖြစ်သူ Billie တစ်ယောက် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဝိညာဉ်ထွက်သွားတော့မယ့်အချိန်မှာ မိသားစုမရှိ ဦးတည်ချက်မရှိ ဘဝသေနေတဲ့ Truck ကားမောင်းသမား Joe ရဲ့အကူအညီကိုယူပြီးတော့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့သမီးက သူ့နဲ့စိမ်းနေသလိုဖြစ်ပြီးတော့ အခုမှမြင်ဖူးတဲ့ Joe ကိုတော့ ရင်းနှီးနေသလိုဖြစ်နေတာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ကြပါတော့။ကြမ်းခန်းရမ်းခန်းတွေပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : ...
movie

Between Worlds (2018)

2018