Channel Myanmar

Gavin Earle

American Woman (2018) 6.8
American Woman (2018) American Woman (2018) IMDb - 6.8/10_____Rotten - 88%    မိသားစုဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မိန်းကလေးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ အသက်ဆယ့်ခြောက်နှစ်နဲ့ကိုယ်ဝန်ရခဲ့ပြီး သမီးလေးတစ်ယောက်မွေးထားပေမယ့် အဲဒီသမီးကလည်းငယ်ငယ်နဲ့ကလေးတစ်ယောက်ရလာတော့ မြေးကိုပါထိန်းနေရတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ရဲ့ဘဝအခြေအနေတွေ နေထိုင်မှုပုံစံတွေကိုသေသေချာချာရိုက်ပြထားတာပါ တစ်ရက်သူ့သမီးကကောင်လေးနဲ့ညစာထွက်စားပြီးပျောက်သွားတဲ့အခါမှာတော့ သူ့သမီးကိုလည်းရှာရ မြေးကိုလည်းထိန်းရ ဒီကြားထဲသူ့ရဲ့ပင်ကိုယ်စရိုက်အရယောကျာၤးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့တွဲ တွဲသမျှယောကျာၤးတိုင်းရဲ့အနိုင်ကျင့်တာခံလိုက်ရ ထားသွားတာခံလိုက်ရနဲ့သူ့ရဲ့ဘဝကိုလက်လွှတ်အရှုံးပေးချင်ပေမယ့်လည်း သူ့သမီးကိုရှာတာကလည်းလက်မလျော့ မြေးကိုလည်းမထားခဲ့နိုင်နဲ့ နောက်ဆုံးသူ့ရဲ့မျှော်လင့်ချက်သမီးသတင်းကိုကြားရတဲ့အချိန်မှာ သတင်းကောင်းဖြစ်မလား သတင်းဆိုးဖြစ်မလား သူ့ဘဝကိုရော သူဒီအတိုင်းဆက်သွားပြီနေမလား ဘာတွေဘယ်လိုသူဆက်လုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ   File Size : (1 GB) Quality :  WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Phue Encoded by Moe Myint Lwin  
movie

American Woman (2018)

2018
Professor Marston and the Wonder Women (2017) 7.1
Professor Marston and the Wonder Women (2017) Professor Marston and the Wonder Women (2017) IMDb - 7.1/10_____Rotten - 86%   ကျွန်တော်တို့အားလုံး Wonder Woman ဆိုတဲ့စူပါဟီးရိုးကို သိကြပါတယ်။မပေါ့်တပေါ် အဝတ်အစားရယ်၊ ဆွဲဆောင်နိုင်လွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားရယ်၊ သူ့ရဲ့ စွမ်းအားတွေရယ်က အတော်လေးကို ရေပန်းစားပါတယ်။ဒီကားလေးကတော့ Batman, Superman တို့လို ဒိတ်ဒိတ်ကြဲဇာတ်ကောင်တွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်တဲ့ ဒီ Wonder Woman ဇာတ်ကောင်ကို ဖန်တီးခဲ့သူ စိတ်ပညာပရော်ဖက်ဆာ မာစတန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။လူတိုင်းဟာ အချစ်ကို တစ်ယောက်တစ်မျိုးစီ လက်ခံထားကြပါတယ်။တစ်ချို့က လိင်ကွဲပဲ ကြိုက်သလို၊ လိင်တူပဲ စိတ်ဝင်စားသူလဲရှိပါတယ်။ဒါပေမယ့် 20 ရာစုအစောပိုင်း၊ အချစ်နဲ့ပတ်သက်ပြီး အမြင်ကျဉ်းမြောင်းခဲ့ကြတဲ့ခေတ်မှာ လိင်တူချစ်သူတွေ၊ အမျိုးသမီးရေးရာ လှုပ်ရှားသူတွေ အတော်အကျပ်ရိုက်ခဲ့ပါတယ်။ထူးခြားတာက ပရော်ဖက်ဆာ မာစတန်ရဲ့ မိန်းမဖြစ်သူ အက်လီဇဘတ်ကိုယ်တိုင်က လိင်တူချစ်သူတစ်ဦးဖြစ်နေတာပါပဲ။Wonder Woman ဇာတ်ကောင်ကလဲ Bisexual ...
movie

Professor Marston and the Wonder Women (2017)

2017