Channel Myanmar

Genevieve Buechner

Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
If I Stay (2014) 6.7
If I Stay (2014) If I Stay (2014) IMDb-6.7/10အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက်သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ်သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရစာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက်ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့်မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်းလမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီးသတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ်ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။  File size…  829 mb /  684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre .....  ...
movie

If I Stay (2014)

2014
Jennifer’s Body (2009) 5.3
Jennifer’s Body (2009) ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်‌ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်‌တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်‌ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေး‌ဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။)  File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Jennifer’s Body (2009)

The Hollow Child (2017) 4.6
The Hollow Child (2017) Samantha ခေါ် ဆမ်က မွေးစားမိသားစုတွေနဲ့အတူတူနေရတဲ့ အတိတ်ဆိုးတွေနဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါတစ်နေ့မှာတော့ သွေးမတော်သားမစပ်ပေမယ့် သူ့ကိုခင်တွယ်ရှာတဲ့ ညီမလေး အိုလီဗီရာတစ်ယောက် အိမ်အပြန်လမ်းမှာ ပျောက်သွားပါတော့တယ်ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့အတူ ဆမ်တစ်ယောက်ပြောင်းလဲဖို့ကြိုးစားပေမယ့် ပြန်ရောက်လာတဲ့ အိုလီဗီရာလေးက အရင်ကနဲ့မတူတော့တဲ့အခါ...အိုလီဗီရာလေး တောထဲမှာ ကြုံတွေ့ခဲ့ရတဲ့အရာတွေက ဘာများလဲဆိုတာ ဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်...ဒါရိုက်တာ Jeremy Lutter ရိုက်ကူးထားပြီး ဆမ်အဖြစ် Jessica Mcleod နဲ့ အိုလီဗီရာအဖြစ် Hannah Cheramy က ပါဝင်သရုပ်ဆောင်ထားပါတယ်IMDB Rating ကတော့ 4.9/10 ပါ(ဘာသာပြန်သူကတော့ မေမြတ်သူပါ)File Size : (700 MB) and (237 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Hollow Child (2017)

2017