Channel Myanmar

Geoff Gustafson

Gilded Newport Mysteries: Murder at the Breakers (2024)
Gilded Newport Mysteries: Murder at the Breakers (2024) အချိန်ကာလအားဖြင့် ၁၈၉၅ ဂျူလိုင်လ။ အမ်မာဟာ ချမ်းသာကြွယ်၀တဲ့ ဗန်ဒါဘစ်မိသားစုနဲ့ ဆွေမျိုးတော်စပ်သူ။ အမ်မာရဲ့ အဖေနဲ့အမေဟာ ဥရောပမှာ ပန်းချီကားတွေကိုသွားရောက်ရောင်းချနေကြသူတွေပါ။အမ်မာဟာ ဆွေကြီးမျိုးကြီးထဲကဆိုပေမဲ့ အမွေစားအမွေခံတစ်ယောက်မဟုတ်ဘဲ သွေးနှောလို့သာ ဗန်ဒါဘစ်မိသားစု၀င်တစ်ဦးဖြစ်နေသူပါ။ အမ်မာဟာ အိမ်မှာ အိမ်ထိန်းအဖွားဖြစ်သူနဲ့အတူနေထိုင်ရင်း နယူးပေါ့ရဲ့သတင်းစာတိုက်တစ်ခုမှာ အမျိုးသမီးကဏ္ဍအတွက် သတင်းဆောင်းပါးတွေကိုရေးသားကာ ၀င်ငွေရှာနေတဲ့ ၂၁ နှစ်အရွယ် သတင်းထောက်မလေးတစ်ယောက်‌ပေါ့။အမ်မာဟာ တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂါထရုရဲ့ ကပွဲကို ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီနဲ့တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ ကပွဲမှာ လူသေမှုတစ်ခုဖြစ်သွားပြီး ဒီအမှုဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဆိုတာကို သိရှိလိုက်ရချိန်မှာတော့ ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီဟာ လူသတ်သမားအဖြစ် မတရားစွပ်စွဲအကျဉ်းချခံလိုက်ရပါတယ်။ဒီလိုနဲ့ အမ်မာတစ်ယောက် စုံထောက်ဂျက်စီဝှိုက်နဲ့အတူ ဒီလူသတ်မှုနောက်ကွယ်ကအကြောင်းစုံကိုစုံစမ်းရင်း မောင်ဖြစ်သူဘရေဒီ အပြစ်ကင်းစင်ကြောင်းသက်သေပြဖို့အတွက် လူသတ်သမားအစစ်ကိုရှာဖွေဖို့ရာ ကြိုးပမ်းရ‌ပါတော့တယ်။ File size…(1.5 GB)/(797 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven ...
movie

Gilded Newport Mysteries: Murder at the Breakers (2024)

Three Wise Men and a Baby (2022) 7.6
Three Wise Men and a Baby (2022) Three Wise Men and a Baby (2022) ========================== IMDb Rating - 7.6/10ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Three Wise Men and a Baby (2022)

2023
Hot Tub Time Machine (2010) 6.4
Hot Tub Time Machine (2010) လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie

Hot Tub Time Machine (2010)

2012 (2009) 5.8
2012 (2009)  လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie

2012 (2009)

The Interview (2014) 6.5

The Interview (2014)