Channel Myanmar

Geoffrey Pounsett

The Whistleblower (2010) 7.1
The Whistleblower (2010)  ၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie

The Whistleblower (2010)

Resident Evil: Apocalypse (2004)
Resident Evil: Apocalypse (2004) ဒီဇာတ်ကားက Franchiseရဲ့ ဒုတိယ​မြောက်ကားပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဂိမ်းထဲက အဓိကprotagonistတစ်​ယောက်ဖြစ်တဲ့ ​ဂျေး ဗယ်လန်တိုင်း စတင်ပါဝင်လာခဲ့သလို Nemesisဆိုတဲ့ zombie ဗီလိန်ကြီးကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ပထမဇာတ်ကားရဲ့ အဆုံးသတ်နဲ့ တိုက်ရိုက်ချိတ်ထားပြီး Hiveက​နေ ပြန်လွတ်လာတဲ့ အဲလစ်နဲ့မတ်ကို အမ်ဘရဲလားကလူ​တွေ ဖမ်းဆီးသွားတာနဲ့ ဇာတ် စဖွင့်ထားပါတယ်။Hiveထဲမှာ ပျံ့သွားတဲ့ ဗိုင်းရပ်ပိုးက သူ့အ​ပေါ်က ရက်ကွန်မြို့ကို ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံးမှာ ဇွန်ဘီကပ်ကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ အမ်ဘရဲလားက အ​ထက်လူကြီး​တွေကိုပဲ ကယ်ထုတ်ပြီး ပြည်သူ​တွေကို​တော့ ကွာရန်တင်းသ​​ဘော ပိတ်ဆို့ထားပြီး မြို့ကို ​နူကလီယားဗုံးနဲ့ဖောက်ခွဲကာ ပိုးဆက်မပျံ့​အောင် ထိန်းဖို့ကြိုးစား ခဲ့တာပါ။ အဲဒီအချိန် သမီးဖြစ်သူ အန်ဂျလာအက်ရှ်ဖို့ဒ် မြို့ထဲမှာ ကျန်​နေခဲ့တဲ့အခါ အမ်ဘရဲလားရဲ့သု​တေသနပညာရှင် ​ဒေါက်တာ ချားစ်အက်ရှ်ဖို့ဒ်က ရက်ကွန်းမြို့က​နေ ထွက်နိုင်မယ့်နည်းလမ်းနဲ့ သူ့သမီးကို အလဲအလှယ်လုပ်ဖို့ ​ကမ်းလှမ်းခဲ့ပါတယ်။အဲလစ်၊ဂျေးလ်နဲ့ ​ကြေးစားစစ်သားတစ်စုဟာ ဇွန်ဘီ​တွေပြည့်​နေတဲ့ ရက်ကွန်မြို့ထဲမှာ အက်ရှ်ဖို့ဒ်ရှာပုံ​တော်ထွက်ရင်း ဘယ်လိုကိစ္စ​တွေ ကြုံရမလဲ၊ အက်ရှ်ဖို့ဒ်ကို ရှာ​တွေ့ပါ့မလား၊ မြို့ကို ရှင်းပစ်ချင်​နေတဲ့ အမ်ဘရဲလားရဲ့လူ​တွေလက်က လွတ်ပါ့မလားဆိုတာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။   File size…     2.8 GB / 1.5 GB /  ...
movie

Resident Evil: Apocalypse (2004)

4K HEVC
Saw IV (2007) Saw 4 5.9
Saw IV (2007) Saw 4 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw IV (2007) Saw 4

IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC
Total Recall (2012) 6.2
Total Recall (2012) Total Recall (2012) Extended Cutလူသားတစ်ယောက်ခြင်းစီ လိုက်လံရှာဖွေရတဲ့ ပဟေဠိဆိုတာက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတဲ့ မေးခွန်းပါပဲတဲ့။ အဲဒါရဲ့အဖြေဟာ အတိတ်မှာ မရှိပါဘူး၊ လက်ရှိ ပစ္စုပ္ပန်မှာပဲ ရှာတွေ့နိုင်ပါတယ်တဲ့။ ဒီတော့ ကိုယ်ဟာ ဘာကောင်ကြီးဖြစ်တယ်ဆိုတာ အခု ကိုယ်လက်ရှိဖြစ်နေတဲ့ အချိန်ကိုပဲ ကြည့်ပြီး ပြောရမှာလို့ ဆိုလိုတာပေါ့ဗျာ။ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးရုံနဲ့ အခုလက်ရှိမှာ ငါက အကောင်ကြီးလို့ မပြောနိုင်သလို အတိတ်က ဆိုးမိုက်ခဲ့သမျှတွေဟာလည်း အခုအချိန် ဆက်မဖြစ်တော့ဘူးဆိုရင် နှိမ့်ချဆက်ဆံခံရစရာ မလိုပါဘူး။ ပြင်လို့မရတဲ့ အမှားမျိုးကတော့ ချွင်းချက်ပါ။အခုတင်ဆက်ပေးမယ့်ကားကတော့ Total Recall ပါ။ အဲဒီနာမည်က ကျွန်တော်တို့လို ၈၇/၈၈ ပတ်ချာလည်မွေးတဲ့သူတွေအတွက်တော့ ရွှေရောင်အမှတ်တရတစ်ခုပေါ့။ အဲဒီတုန်းကတော့ မင်းသားကြီး Arnold Schwarzenegger (အာနိုး) ပါ။ ၁၉၉၀ ခုနှစ်မှာ ရိုက်ကူးတဲ့ အဲဒီဇာတ်လမ်းမှာတော့ ကမ္ဘာနဲ့ ဗုဒ္ဓဟူးဂြိုလ် ...
movie

Total Recall (2012)

2012