Channel Myanmar

Geoffrey Rush

Ned Kelly (2003) 6.4
Ned Kelly (2003)  ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်...အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ...။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ ...
movie

Ned Kelly (2003)

Finding Nemo (2003) 8.1
Finding Nemo (2003) Finding Nemo (2003) IMDb - 8.1/10_______Rotten - 99% Won 1 Oscar. Another 48 wins & 62 nominations  အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် ... နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ ... အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် ... ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ ... ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ်     File size…  6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / ...
movie

Finding Nemo (2003)

2003
4K HEVC
Finding Dory (2016) 7.3
Finding Dory (2016) Finding Dory (2016) IMDb - 7.3/10_______Rotten - 94%  မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်.... ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O' Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside ...
movie

Finding Dory (2016)

2016
4K HEVC
Shakespeare in Love (1998) 7.1
Shakespeare in Love (1998) “Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် ...
movie

Shakespeare in Love (1998)

The Tailor of Panama(2001)
The Tailor of Panama(2001) The Tailor of Panama(2001)**************************James Bond မင်းသားကြီး Pierce Brosnan အပြင် Geoffrey Rush,Jamie Curtis တို့လိုနာမည်ကြီး သရုပ်ဆောင်များနဲ့ ဟယ်ရီပေါ်တာမင်းသားလေး Daniel Radcliffe ကကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးရဲ့ အပျော်မယားနဲ့ကိစ္စတွေရှုပ်ခဲ့လို့ ပန်နမာကိုစေလွှတ်ခံရတဲ့ စစ်တပ်သတင်းဌာနက အန်ဒီအော့စ်နာဟာ ပန်နမာမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုဒုစရိုက်တွေကိုစုံစမ်းဖို့ ပုံပြောကောင်းတဲ့ အပ်ချုပ်သမား ဟယ်ရီပန်ဒယ်ကိုအကြပ်ကိုင်ခိုင်းစေပါတယ်။ ဟယ်ရီအနေနဲ့ သူ့ရဲ့အတိတ်ကအကြောင်းတွေကို မပေါ်စေချင်တဲ့အတွက်ကြောင့်ပဲ အန်ဒီခိုင်းသမျှကိုလိုက်လုပ်ပေးရာကနေ ဘယ်လောက်အထိဆိုးဝါးသွားမလဲ... သူ့ရဲ့ပုံပြောကောင်းတဲ့အရည်အချင်းနဲ့ ဘယ်လိုဇာတ်လမ်းတွေဖန်တီးခဲ့တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်.....File Size :(3.4GB) (0.9GB) and (472MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:49:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

The Tailor of Panama(2001)

Shine(1996) 7.6
Shine(1996)  မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် ...
movie

Shine(1996)

The Best Offer(2013) 7.8
The Best Offer(2013) The Best Offer(2013)==================The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကိုတန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီးတန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်းသူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူအမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်းများကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲအချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကိုပေါက်ဖွားလာစေခဲ့ပါတယ်။ Miss ...
movie

The Best Offer(2013)

Pirates of the Caribbean: Dead Men Tell No Tales(2017) 6.6
Pirates of the Caribbean: Dead Men Tell No Tales(2017) Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae 
movie

Pirates of the Caribbean: Dead Men Tell No Tales(2017)

2017
4K HEVC
Pirates of the Caribbean: At World’s End(2007) 7.1
Pirates of the Caribbean: At World’s End(2007) Pirates of the Caribbean: At World's End(2007) IMDb...7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... --------------------------------------------------------------------------------------  File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae  
movie

Pirates of the Caribbean: At World’s End(2007)

2007
4K HEVC
Pirates of the Caribbean: Dead Man’s Chest(2006) 7.3
Pirates of the Caribbean: Dead Man’s Chest(2006) Pirates of the Caribbean: Dead Man's Chest(2006)အညွှန်း ************************************************** IMDb....7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi ...
movie

Pirates of the Caribbean: Dead Man’s Chest(2006)

2006
4K HEVC
Pirates of the Caribbean: The Curse of the Black Pearl(2003) 8.0
Pirates of the Caribbean: The Curse of the Black Pearl(2003) Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb...8,,,Rotten....79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း ...
movie

Pirates of the Caribbean: The Curse of the Black Pearl(2003)

2003
4K HEVC
Gods of Egypt (2016) 5.4
Gods of Egypt (2016) ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခု။နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှဲပေးဖို့လုပ်တယ်။ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို့ Bek လို့ခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး ...
movie

Gods of Egypt (2016)

2016
4K HEVCHDR
Legend of the Guardians: The Owls of Ga’Hoole(2010) 6.9
Legend of the Guardians: The Owls of Ga’Hoole(2010) Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie


2010
Quills (2000) 7.3
Quills (2000) မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( က​လောင်​တံများ)IMDB - 7.3 ခရမ်​းချဉ်​သီး - ၇၅ လုံးဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။* တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​ တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ အရူးတစ်​​ယောက်​....။* ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​....။* အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက်​ က​လောင်​သွားထက်​တယ်​တဲ့..။ လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့ ​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ ဒီ​တော့ ...
movie

Quills (2000)

2000
The Warrior’s Way (2010) 6.3
The Warrior’s Way (2010) "This is the Story of a Sad Flute....a Laughing Baby and a Weeping Sword."ဖြူစင်စွာရယ်မောနေတဲ့ကလေးလေးနဲ့ ၀ိဥာဉ်တွေရဲ့ငိုသံတွေပြည့်နှက်နေတဲ့ဓား တို့ရဲ့ ၀မ်းနည်းသံစဉ်ဇာတ်လမ်းလေးတစ်ပုဒ်အကြီးကျယ်အခမ်းနားဆုံးသော ဓားသမားဖြစ်ချင်ခဲ့တဲ့ စစ်သည်တစ်ဦးသူအလိုချင်ဆုံးအရာကိုရရှိလိုက်တဲ့အချိန်မှာ အရာအားလုံးဘာမှမရှိ(ပျောက်ကွယ်သွား)တော့သလိုခံစားလိုက်မိတဲ့ စစ်သည် တပြိုက်နက်ထဲမှာပဲ သူ့ဘ၀တစ်လျှောက်လုံး မကြုံဖူးမခံစားဖူးသေးတဲ့ ကလေးရဲ့ရယ်သံလေးကြောင့်ဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့မေတ္တာ ဒါပေမယ့်လဲ ကံကြမ္မာရဲ့လှည့်ကွက်ဆိုသလို ကလေးလေးက သူ့ရဲ့ရန်သူတော်ဂိုဏ်းကမျိုးဆက်ဖြစ်နေပါတယ်ဒါပေမယ့်လဲ အချစ်နဲ့အမုန်းလွန်ဆွဲလိုက်တဲ့အခါ အချစ်ကအနိုင်ရပြီး ကလေးကိုပိုက်ကာ အဝေးကိုထွက်ပြေးခဲ့ပါတယ်အဲ့အကျိုးဆက်ကြောင့် စစ်သည်ဟာ သူ့ဂိုဏ်းရဲ့Black list ထဲအထည့်ခံရမယ်ဆိုတာ အတိအကျသိနေပေမယ့်လည်းပေါ့အဲ့လိုနဲ့ သူ့မိတ်ဆွေဟောင်းတစ်ဦးရှိတဲ့ အနောက်ဖက်ကိုခရီးထွက်လာခဲ့တယ်သူ့မိတ်ဆွေကဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့် သူ့မိတ်ဆွေရဲ့လုပ်ငန်းဖြစ်တဲ့ အ၀တ်လျှော်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ရင်း ဇာတ်မြုပ်နေလိုက်ပါတယ် သူ့ရဲ့ဓါးကိုပါ ချိတ်ပိတ်လိုက်ရင်းပေါ့တစ်နေ့တော့ သူ့ရဲ့ဓါးကိုမသုံးမဖြစ်သုံးရမယ့်အချိန်လဲရောက်လာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့....ဓါးသမားစစ်သည်အဖြစ် ကိုရီးယားမင်းသား ဒါရိုက်တာ ရင် အဖြစ်တစ်ချိန်ကမြန်မာပြည်ပရိသတ်တွေအကျွမ်းဝင်ခဲ့သူ Jang Dong Gunမင်းသမီးကတော့ superman returns(2006)ထဲက Lois Lane အဖြစ်သရုပ်ဆောင်ခဲ့သူ Kate Bosworthနောက်ထပ်သရုပ်ဆောင်တစ်ဦးကတော့ Pirates ...
movie

The Warrior’s Way (2010)

2010
The Book Thief(2013) 7.6
The Book Thief(2013) The Book Thief(2013)IMDb....7.6စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီးဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်...လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်... ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် ...ဒုတိယကမ္ဘာစစ်အတွင်း  ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်...လင်မယား (၂)ယောက်ရှိတယ်...သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာလီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်ကဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်...ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး...သူမဟာ အသက်ငယ်ပေမယ့် ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်...ဒီတော့ အဲ့ဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကိုပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်....နောက်ပြီး လီဆယ်တို့ မိသားစုဟာဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်....ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်...အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...File Size : (900 MB) and (396 ...
movie

The Book Thief(2013)

2013
The King’s Speech (2010) 8.0
The King’s Speech (2010) The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations   သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie

The King’s Speech (2010)

2010
Holding the Man (2015) 7.3
Holding the Man (2015)  ကဲ အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ခဲ့တဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Bl ပရိတ်တ်ကြီးတွေ ကွီးယား တို့ တရုတ်တို့လိုသေးသေးကွေးကွေး BL  Ship တာတွေပဲ ကြည့်နေကြတာတွေ့တော့ သိပ်အားမရမိတာမို့အားရပါးရ  Ship တဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကို တင်ဆက်ပေးလိုက်တာကတော့LGBT ကို Support လုပ်တဲ့အနေနဲ့ တင်ဆက်ပေးလိုက်တာဖြစ်ပြီးတော့ ဒီကားလေးက လူအခွင့်အရေး တစ်ခု ကိုပါမီးမောင်းထိုး ပြထားတာပါ တကယ်တော့ LGBT ဆိုတာလဲ လူတွေထဲက လူတွေပါပဲ  သူတို့ဖာသာ ၂ဦးသဘောတူကြိုက်က ချစ်ကြတာကို အပြစ်တစ်ခုအနေနဲ့တော့ မပြောသင့်ဘူးလို့ ထင်မိပါတယ်သူတို့မှာလဲ သူတို့ ကြိုက်ချင်တဲ့သူ ချစ်တဲ့သူနဲ့ တွဲဖို့ အခွင့်အရေးရှိမယ်လို့ ထင်ပါတယ်ဒါ့ကြောင့်ဒါကို အပြစ်တစ်ခု အနေနဲ့ ပြောနေတာကိုတော့ ရှုတ်ချမိပါတယ်ဇာတ်လမ်းလေးကတော့ ၁၉၇၀ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့သြစတေးလျသား လူငယ်၂ယောက်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းလေးကို ဖော်ကျူးပြထားတာပါကဲ ဇာတ်လမ်းအကျဉ်းလေးကိုသွားလိုက်ကြရအောင်ဇာတ်လမ်းကတော့ ...
movie

Holding the Man (2015)

2015