Channel Myanmar

Georgia Craig

Good Luck Chuck (2007)
Good Luck Chuck (2007)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆု‌တွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်‌ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေး‌ဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ‌ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီး‌တွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆို‌တော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေး‌တွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie

Good Luck Chuck (2007)

How to Lose a Guy in 10 Days (2003) 6.4
How to Lose a Guy in 10 Days (2003) အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2003 ခုနှစ်က ထွက်ခဲ့တဲ့ How to lose a Guy in 10 days ဆိုတဲ့ကားပါဒါကတော့Romance/Comedy အမျိုးအစားလေးပါဒီထဲမှာတော့ ဘန်ဂျမင်ဘယ်ရီဆိုတဲ့ ကြော်ငြာတာဝန်ခံတစ်ယောက်ဟာ စီမံကိန်းအကြီးကြီးတစ်ခုကို ရဖို့အတွက် အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘန်ဂျမင်ဟာ မိန်းကလေးတစ်ယောက်ကို 10 ရက်အတွင်း သူ့ကိုကြွေဆင်းလာစေရမယ်လို့ လောင်းကြေးထပ်လိုက်တာပါတစ်ချိန်တည်းမှာပဲ မဂ္ဂဇင်းမှာ 10 ရက်အတွင်း ယောကျ်ားတစ်ယောက်က ကိုယ့်ကိုထားခဲ့ချင်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို ရေးဖို့ ကုန်ကြမ်းလိုက်ရှာမယ့် အန်ဒီ အန်ဒါဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ်သူဟာစမ်းသပ်ဖို့အတွက် ယောကျ်ားတစ်ယောက်ကိုရှာဖွေဖို့ ဖြစ်လာပါတယ်အလောင်းအစားလုပ်ပြီး သိပ်မကြာခင်မှာ သူတို့ နှစ်ယောက် ဆုံတွေ့ခဲ့ကြပါတယ်သူတို့ရည်ရွယ်ချက်တွေအတိုင်း ဘယ်သူကအောင်မြင်သွားမလဲဘာတွေဖြစ်သွားတယ်ဆိုတာကို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါcomedy ချစ်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေFile Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie

How to Lose a Guy in 10 Days (2003)

2003