Channel Myanmar

Gerald Okamura

The Shadow (1994) 6.0
The Shadow (1994) The Shadow (1994) =============== IMDb Rating - 6.0Beetlejuice, The Cat in the Hat , Pearl Harbor တို့ထဲက မင်းသား Alec Baldwinနဲ့ The Last Emperor , M. Butterfly တို့ရဲ့ မင်းသား John Lone နဲ့ ဂန္တဝင်ကြီး Ian McKellenတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ Action/Adventureကားဖြစ်ပြီး စူပါဟီးရိုးဆန်ဆန်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းကတော့ အရိပ်လို့ခေါ်တဲ့ သဘာဝလွန်သူရဲကောင်းတစ် ယောက်က ကမ္ဘာကိုဖျက်ဆီးချင်နေတဲ့ ဂျင်ဂစ်ခန်ရဲ့မျိုးဆက်သစ်နဲ့ ထိပ်ဆိုက်ရင်ဆိုင်ရတဲ့ ဇာတ်ပါ။ မှော်အစွမ်းတွေ အက်ရှင်တွေမနည်း ပါတာမို့ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ ဂျွန်လုံး ကလည်း ဗီလိန်အဖြစ်ပြောင်မြောက်အောင် သရုပ်ဆောင်ပေးထား သလို ဇာတ်က ထူးထူးခြားခြားဟီးရိုးဇာတ်မို့ စူပါဟီးရိုးကားကိုမှ အရမ်း ကြီးပါဝါတွေမပြဘဲ စုံထောက်ဆန်ဆန်ကြည့်ကောင်းနေတဲ့ကားကို ကြည့် ချင်ရင်တော့ ဒီကားကိုရွေးသင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size..........(3.4 GB) / ...
movie

The Shadow (1994)

1994
Samurai Cop (1991) 4.6
Samurai Cop (1991) Samurai Cop (1991)(အချို့သောအခန်းတွေက 90s ခေတ်ရုပ်ရှင်တွေနည်းတူ နည်းနည်းအပြကြမ်းလို့ တစ်ယောက်တည်းကြည့်စေချင်ပါတယ်ခင်ဗျာ)ဒီရုပ်ရှင်ကို best and worse action movie ever လို့ခေါ်ကြတယ်။ ကားကတော့ကောင်းပါတယ်။ အက်ရှင်ခန်းတွေလည်းလန်းတယ်။ သူ့ခေတ်နဲ့ဆို ဇာတ်အိမ်လေးလည်းမဆိုးဘူး။ ဒီတော့အက်ရှင်ကားကောင်းလို့ ယူဆရမလိုပါပဲ။ ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိသွားခဲ့ပါတယ်။ ဒါကြောင့်မို့ rating စုတ်သွားခဲ့တာပါ။ ဒီရုပ်ရှင်က အခန်းတွေအားလုံးနီးပါးကို single take နဲ့ ရိုက်ယူခဲ့သလို ဒါရိုက်တာကလည်း သေနတ်ကိုလက်တစ်ဆုပ်စာပဲသုံးခဲ့ပါတယ်။ မင်းသားတွေက ကိုယ်ပိုင်အဝတ် ကိုယ်ပိုင်ကားနဲ့ ရိုက်ရတဲ့အထိ ဘတ်ဂျက်ချွေတာခဲ့တယ်။ သို့ပေမဲ့လည်း အက်ရှင်ခန်းအလန်းတွေကြောင့် အက်ရှင်ကားကောင်းဖြစ်နေတုန်းပါပဲ။လူမဆန်အောင်ရက်စက်တဲ့ ဂျပန်ယာကူဇာဂိုဏ်းဖြစ်တဲ့ Katana ဂိုဏ်းက နယူးယောက်မှာရှိတဲ့ ဖာ ဆေး လောင်းကစားတွေစတဲ့ မကောင်းမှုမှန်သမျှကို ချုပ်ကိုင်ထားတယ်။ ဒါတင်မကသေးဘူး၊ သူတို့က လူသတ်ရတာကို သဘောကျတဲ့ လူသတ်သမားတွေလည်းဟုတ်တယ်။ ဒီအဖွဲ့ကို ဖမ်းဖို့က တော်တော်ခက်တယ်။ မဖြစ်နိုင်သလောက်ပဲ။ ဒီတော့ ...
movie

Samurai Cop (1991)

1991
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1