Channel Myanmar

Gertan Klauber

Billion Dollar Brain (1967) 6
Billion Dollar Brain (1967) Billion Dollar Brain (1967)~ IMDb - 6/10, Rotten Tomatoes - 50% ~ဟယ်ရီပါလ်မာ Trilogy ရဲ့ ‌တတိယကားပါ။ တစ်ကားပြီးတစ်ကား ကြည့်ရင်း သိသာတဲ့ Character Development တစ်ခုကတော့ ဟယ်ရီပါလ်မာ စော်ပိုပိုကြည်လာတာပါပဲ။ ဒီ တတိယကားကိုတော့ The Devils, Women in Love နဲ့ Tommy တို့ရဲ့ ဒါရိုက်တာ Ken Russell က ရိုက်ကူးခဲ့တယ်။ သူရိုက်သမျှထဲ ဂယက်တော်တော်ထတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းအနေနဲ့ ဟယ်ရီပါလ်မာ တစ်ယောက် ဘာလင်ကိစ္စအပြီးမှာ အလုပ်ထွက်ပြီး လန်ဒန်မှာ အလွတ်တမ်းစုံထောက်အနေနဲ့ အလုပ်လုပ်နေတာက စတယ်။ ဒါပေမဲ့ မင်းသားဆိုတော့ ပြဿနာတွေက လာလာရှာတာပေါ့လေ။ ကွန်ပျူတာအသံနဲ့ ဖုန်းတစ်လုံးက သူ့ကိုဆက်သွယ်လာပြီး ပစ္စည်းတစ်ခုကို လာပို့ပေးဖို့ပြောတယ်။ ဆရာသမားက ဘဏ္ဍာရေးထိခိုက်နေတယ်ဆိုတော့ ...
movie

Billion Dollar Brain (1967)

1967
Top Secret!(1984) 7.2
Top Secret!(1984) Top Secret!(1984)IMDb....7.2(unicode)အရှေ့ဂျာမနီကိုရောက်နေတဲ့ အမေရိကန်ရော့ခ်အန်ရိုး အဆိုတော် နစ်ခ်ရေးဗားဟာ ဟီလာရီဖလန်မွန်းဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ ဟီလာရီဟာ တော်လှန်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဂျာမန်တွေရဲ့ ဖမ်းဆီးခံ စွမ်းအားကြီး အဖျက်လက်နက်ဖန်တီးဖို့ အကျပ်ကိုင်ခံနေရတဲ့ သူ့အဖေ သိပ္ပံပညာရှင်ဒေါက်တာဖလန်းမွန်းကို ကယ်တင် ဖို့ စောင့်နေတာပါ။ နစ်ခ်က ဒေါက်တာ ဖလန်းမွန်းကို ထောင်ထဲမှာတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပြီးတဲ့နောက် ဟီလာရီ နဲ့ နစ်ခ်ဟာ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဂျယ်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းတော့ တော်လှန်ရေးအဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေလို့ သူတို့ထက် ပြိုင်ဘက်ဟာအမြဲတမ်း ကွက်ကျော်မြင်နေခဲ့ ကြောင်းသိရချိန်မှာ.. အဲ့ဒီသစ္စာဖောက် ဟာ ဘယ်သူဖြစ်မလဲ? ဟီလာရီနဲ့နိုင်ဂျယ်မှာ တစ်ခြားပတ်သက်မှုတွေရှိနေမလား? Top Secret!ဟာ ဒုတိယကမ္ဘာစစ် စပိုင်ဇာတ်ကားတွေနဲ့ ဂီတအခြေခံရုပ်ရှင်တွေ အများစုကို သရော်လှောင်ပြောင်ထားတဲ့ parody ကားတစ်ကားပါ။ ငယ်ငယ်က ရင်းနှီးပြီးသဘောကျခဲ့ရတဲ့ Hot shots! 1/2 နဲ့ Scary movies ...
movie

Top Secret!(1984)