Channel Myanmar
Gideon Adlon
Miller’s Girl (2024)
Miller’s Girl (2024)  မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီ Wednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ် (ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ)ဇာတ်လမ်းအကျဥ်းကတော့....... မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး "ကိုင်ရို"ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ"ဂျွန်နသန်မီလာ"ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့"ကိုင်ရို"တစ်ယောက် "ဂျွန်နသန်"ရဲ့အတန်းကိုလာတက်တဲ့အခါ........"ဂျွန်နသန်"ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး "ကိုင်ရို"ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ "ကိုင်ရို"က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ......"ကိုင်ရို"ရဲ့သူငယ်ချင်း "ဝင်နီ"ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် "ကိုင်ရို"တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား..... File size…(1.2 GB)/(682 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie
Miller’s Girl (2024)
Legion of Super-Heroes (2023) 5.8
Legion of Super-Heroes (2023) Legion of Super-Heroes (2023) ====================== IMDb Rating - 5.8/10DCAUရဲ့ Animationကားသစ်တစ်ကား ထွက်ရှိလာပါပြီ။ ဒီတစ်ခါ အလှည့်ကျတာက​တော့ ကာရာ​​ဇောအဲလ်​ခေါ် စူပါဂဲလ်ပါ။ DCAUရဲ့ ​နောက်ပိုင်း​animation​တွေမှာ ရုပ်ထွက်အပိုင်း​တွေက အ​တော်​လေး ​သေသပ်ပြီး မျက်စိပသာဒဖြစ်လာတာ ​တွေ့ရမှာပါ။ ဒီanimationရဲ့ ရုပ်ထွက်​က အ​တော်​လေး ချစ်စရာ​ကောင်းပါတယ်။ IMDbမှာ​တော့ 5.8 ရထားပါတယ်။ခရစ်ပတွန်ဂြိုဟ်ပျက်စီးမှုက​နေ ကမ္ဘာဂြိုဟ်ဆီ​ရောက်လာတဲ့ ကာရာ တစ်​ယောက် အိမ်အသစ် ဂြိုဟ်အသစ်မှာ အသားမကျ​သလို မိခင်နဲ့ ​မွေးရပ်ဂြိုဟ်ကိုလွမ်းဆွတ်မှု​ကြောင့် ကမ္ဘာဂြိုဟ်မှာ မ​ပျော်ရွှင်နိုင်ဘဲ ဖြစ်​နေတာပါ။ အဲဒီအပြင် သူ့ရဲ့စွမ်းအားကို မထိန်းချုပ်နိုင်မှု​ကြောင့် ကမ္ဘာသား​တွေရဲ့ အိုးအိမ်ပျက်စီးမှု​တွေဖြစ်လာပြီး မကြည်ဖြူမှု​တွေ ရှိလာလို့ ကမ္ဘာက​နေ စွန့်ခွာသွားဖို့ စဉ်းစား​နေသူပါ။ဒါ​ပေမဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူ စူပါမန်းက အချိန်စက်လုံးနဲ့ ၃၁ရာစုရဲ့ ကမ္ဘာဂြိုဟ်ကို ​ခေါ်သွားပြီး လီဂျင်တပ်​​ခေါ် စူပါဟီးရိုးအဖွဲ့အစည်းရဲ့ အကယ်ဒမီမှာ သူ့ရဲ့စွမ်း​အားတွေကိုထိန်းချုပ်နိုင်အောင် ​လေ့ကျင့်ဖို့ ​ခေါ်သွားခဲ့ပါတယ်။ ထိုအကယ်ဒမီမှာ သူနဲ့ရွယ်တူ ဟီးရိုးအငယ်​တွေ စုံမိပြီး အဆင်​ပြေမယ်ကြံကာမှ သူတို့အစွမ်းနဲ့မမျှတဲ့ ဉာဏ်များတဲ့ ဗီလိန်အဖွဲ့တစ်ဖွဲ့က လီဂျင်တပ်ထဲက ပစ္စည်းတစ်ခုကိုခိုးကာ အလွန် ဆိုးဝါးတဲ့အစီအစဉ်တစ်ခုကို ပုံ​ဖော်လာတဲ့အခါ စူပါဂဲလ်တို့ လူငယ် တသိုက် ထိုအဖွဲ့အစည်းကို ...
movie
Legion of Super-Heroes (2023)
2023
Sick (2022) 6.3
Sick (2022) Sick (2022)IMDb 6.3/10 ရထားတဲ့ Horror/Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ...ပါကာနဲ့ မီရီဆိုတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက် ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်း ကွာရန်တင်းဝင်ဖို့အတွက် လူသူကင်းမဲ့တဲ့ ပါကာ့မိသားစုပိုင် ရေကန်နားကအိမ်ကြီးဆီ သွားနေလိုက်ကြပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားတဲ့ၔည့်သည်တွေရောက်လာကြပြီး ပါကာတို့ကိုသတ်ဖို့ကြိုးစားတဲ့အခါ ...ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မနေတာကြောင့် မိန်းကလေးနှစ်ယောက် လူသတ်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ? သူတို့ကိုရော ဘာကြောင့်လိုက်သတ်နေကြတာဖြစ်မလဲ?Teenwolf ထဲက Liam အဖြစ်ပါခဲ့တဲ့ Dylan Sprayberry ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။)File Size          : 1GB, 404MBB, 212MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie
Sick (2022)
2022
Witch Hunt (2021) 4.7
Witch Hunt (2021) Witch Hunt (2021) ===============စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.03 GB) / (438 MB) / (246 MB) Quality............WEB-RIP 1080p ...
movie
Witch Hunt (2021)
2021
The Craft: Legacy (2020) 5.0
movie
The Craft: Legacy (2020)
2020
The Mustang (2019) 7.4
The Mustang (2019) Rating 7.1 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်...မိမိလက်နဲ့ထိန်းကျောင်းပြီး ပြုစုစောင့်ရှောက်ရတဲ့ သတ္တဝါလေးတွေကိုမခင်တွယ်မိသူ ဘယ်သူရှိမှာပါလဲဒီကားလေးမှာတော့ ရိုမန်ကိုးမန်းဆိုတဲ့ အကျဉ်းသားနဲ့ သူရဲ့ မာစတန်မြင်းလေးမာကွီးစ် တို့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်ရိုမန်ကိုးမန်းက ဇနီးသည်ကို အပြင်းအထန်နာကျင်စေမှုနဲ့ထောင်ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။သူဟာ အကျဉ်းထောင်ထဲမှာ ပြဿနာမရှာတတ်သူဖြစ်တာကြောင့်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရပြီး မြင်းရိုင်းတွေကိုလေ့ကျင့်သင်ကြားပေးသူ ဖြစ်လာပါတော့တယ်စစချင်းမှာတော့ မာစတန်မြင်းရိုင်းလေးဟာ ဘယ်သူ့ကိုမှလည်းအကပ်မခံ ဘယ်သူ့ကိုမှလည်း အကိုင်မခံတဲ့ မာန်ကြီးတဲ့မြင်းရိုင်းတစ်ကောင်ပါရိုမန်အနေနဲ့လည်းဘယ်လိုပဲကြိုးစားကြိုးစား မာစတန်မြင်းလေးကပျော့ပြောင်းမလာခဲ့ပါဘူးသူအစွမ်းကုန် ကြိုးစားနေရင်း အချင်းချင်း ဆက်နွယ်မှုလေးနဲ့သဟဇာတဖြစ်ဖြစ် အတွဲညီလာတဲ့အချိန်မှာပဲလေ့ကျင့်ထားတဲ့ မြင်းရိုင်းတွေကို လေလံတင်ပစ်တဲ့အချိန်ရောက်လာပါတော့တယ်ရိုမန်အနေနဲ့မာစတန့်ကို ကာကွယ်နိုင်ပါ့မလား။သူတို့နှစ်ဦး အတူတူရှိနေနိုင်ပါ့မလား။ထောင်သားတစ်ယောက်ဖြစ်တဲ့ ရိုမန့်အနေနဲ့ ဘယ်လောက်ထိများသူ့မြင်းလေးကို ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကြည့်ရှုရမှာပါချစ်ခြင်းမေတ္တာရဲ့အစွမ်းဟာ မာန်ကြီးလှတဲ့ မူစတန်မြင်းရိုင်းကိုတောင်ပျော့ပြောင်းလာစေတာကို ...
movie
The Mustang (2019)
2019
Blockers (2018) 6.7
Blockers (2018) ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre ...
movie
Blockers (2018)
2018