Channel Myanmar
Gilbert Gottfried
Life, Animated (2016) 7.4
Life, Animated (2016) ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့“အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကိုထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီးရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီးဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကိုရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကိုရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင်ဖန်တီးထားတာမဟုတ်ပါဘူး။ကျွန်တော်သေချာပြောနိုင်တာတစ်ခုကဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။  ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်...အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီးတက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက်အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုးသွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီးအရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီးမိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီးစကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက“Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့... အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ?အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ?ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက်ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကိုအတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ.... File size…    1.1 GB /  630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Life, Animated (2016)
Mortal Kombat Legends: Cage Match (2023) 6.0
Mortal Kombat Legends: Cage Match (2023)  Mortal Kombat လို့ပြောလိုက်တာနဲ့ လုံးဝကိုမိတ်ဆက်ပေးစရာမလိုအောင်လူတိုင်းနီးပါးသိကြမှာပါ။အဓိကအားဖြင့်တော့ ဂိမ်းနဲ့နာမည်ကြီးပြီးတော့Animation တွေရုပ်ရှင်တွေလည်း အများကြီးထွက်ရှိထားပါတယ်။အခုလည်း Mortal Kombat Legends Cage Match ဆိုတဲ့ Animationကားတစ်ကားကိုထပ်တင်ဆက်ပေးချင်ပါတယ်။ရှေ့မှာလည်းတင်ဆက်ပေးထားတဲ့ Mortal Kombat ဇာတ်ကားတွေအများကြီးရှိတဲ့အတွက်မကြည့်ရသေးရင် ကြည့်လို့ရပါတယ်။ဒီကားထဲမှာတော့ MortalKombat ကိုသိတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ Johnny Cage (ဂျွန်နီကေ့ဂျ်) အကြောင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝနေထိုင်မှုပုံစံတွေ မင်းသားအလုပ်အကိုင်တွေအပြင်တခြားအကြောင်းအရာတွေ အများကြီးကိုလည့်းတွေ့ရမှာပါ။အကျဉ်းချုပ်ပြောရရင်တော့ဂျွန်နီတစ်ယောက် နင်ဂျာမိုင်းဆိုတဲ့ရုပ်ရှင်ရိုက်ကူးနေရင်းသူနဲ့ အတူရိုက်ကူးနေတဲ့မင်းသမီးပျောက်သွားလို့ ဇာတ်ကားဆက်ရိုက်လို့မရတော့မှာကို စိတ်ပူပြီး ကိုယ်တိုင်လိုက်ရှာရင်းနဲ့ ရှုပ်ထွေးတဲ့ အမှောင်နတ်ဘုရားတွေနဲ့ပတ်သတ်တဲ့ အန္တရာယ်တွေကိုတွေ့မြင်လာရပြီး ဘယ်လိုတွေရင်ဆိုင်မလဲ သူ့အစွမ်းတွေကရော ဘယ်လိုရလာတာလည်းဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 653MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 16m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Mortal Kombat Legends: Cage Match (2023)
Doctor Dolittle (1998) 5.4
Doctor Dolittle (1998) Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie
Doctor Dolittle (1998)
1998
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie
A Million Ways to Die in the West (2014)
2014
Animal Crackers (2017) 5.8
movie
Animal Crackers (2017)
Aladdin (1992) 8.0
Aladdin (1992)  Alladin (1992)ပါရှန်း အာရပ် အိန္ဒိယ ဘဂ္ဂဒက်နဲ့ အိန္ဒိယပုံပြင်တွေရောနှောနေတဲ့ အာရေဘီယမ် နိုက်စ် လို့ခေါ်ကြတဲ့ ပုံပြင်ထဲ ပုံပြင်ဆင့်နေတဲ့ တစ်ထောင့်တစ်ညပုံပြင်တွေဟာ ၁၈ရာစုကတည်းက ကျော်ကြားခဲ့ပါတယ်။ မြန်မာဘာသာပြန်ဆိုရေးသားခဲ့သူတွေ ကလည်း ဒေါက်တာရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင်ဘသောင်းရယ် ကျော်လှိုင်ဦးရယ်လို့ သုံးဦးရှိပါတယ် ဒီပုံပြင်တွေ ဘယ်လိုကောင်းကြောင်းကိုတော့ ကျွန်တော် သခင်ဘသောင်းရဲ့ တစ်ထောင့်တစ်ညပုံပြင်များ အမှာစာကိုပဲ ကိုးကားပြောချင်ပါတယ်။ "တစ်ထောင့်တစ်ညပုံပြင်များသည် ဖတ်ရသည့်ခဏ၌ လောက၌ မိမိတို့လက်ငင်း ကြုံတွေ့နေရသော မသာာယာမှုအပေါင်းကို တစ်ခဏသော်မျှ ကင်းငြိမ်းစေနိုင်လိမ့်မည်။မသာယာသော တရားတို့ကင်းငြိမ်းသည့် ခဏသည် လောကနိဗ္ဗာန် မဟုတ်လော"လို့ရေးထားပါတယ်။ ဒီပုံပြင်တွေထဲက အာလာဒင်တို့ ဆင်းဘတ်တို့ အာလီဘာဘာနဲ့ခိုးသားလေးဆယ်တို့ကို ရုပ်ရှင်ကားပေါင်းများစွာ မှီငြမ်းရိုက်ခဲ့ပြီးပါပြီ။ ဒီရုပ်ရှင်ကတော့ တစ်ထောင့်တစ်ပုဒ်သောပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ အာလာဒင်ကို Disneyက version ပြောင်းပြီး သူ့ဟန်အတိုင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဆိုခဲ့သလိုပဲ 1992က ထွက်ခဲ့ပြီး ရော်ဘင်ဝီလီယျံ မီးခွက်စောင့်ဂျင်နီအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ဒီကာတွန်းရုပ်ရှင်မှာလည်း မူရင်းပုံပြင်ထက် မလျော့တဲ့ ရသကို ခံစားနိုင်ပါတယ်။ IMDB 8ရထားတဲ့အပြင် 1993မှာ အော်စကာ၂ဆု လည်းရထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 780 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__8/10 Format__mp4 Duration__01:30:39 Type__Animation, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated ...
movie
Aladdin (1992)
1992