Channel Myanmar

Gogot Suryanto

Maghrib Time (2023) 6
Maghrib Time (2023) Waktu Maghrib (2023)အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။ အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။ အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 637MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Maghrib Time (2023)

2023
When Will You Get Married? (2015) 7.2
When Will You Get Married? (2015)  IMDb - 7.2/10ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ ဟိုတယ်တစ်ခုလုံးကို စီမံခန့်ခွဲပေးနေတဲ့မန်နေဂျာမလေး ဒင်ဒါ ဟာ အသက် ၃၃နှစ်အရွယ်အပျိုကြီးမမ၊တစ်ကိုယ်တည်း တောက်ပနေတဲ့ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ “မိန်းကလေးဆိုတာ သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ရမယ်၊ အသက်၂၀လောက်ဆိုရင်ကို လက်ထပ်သင့်နေပြီနော်” ဆိုပြီး ရှေးရိုးစွဲ မိဘနှစ်ပါးရဲ့ ဖိအားပေးခံနေရပါတယ်။မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပဖို့ ဒင်ဒါ့ကို ပွဲစီမံခိုင်းမယ်၊ဒါပေမဲ့ ကောင်လေးတော့ အိမ်ခေါ်လာရမယ် ဆိုတဲ့ မိခင်စကားကြောင့် ဒင်ဒါတစ်ယောက် အကြံထုတ်ရတော့တာပေါ့။အကြံကတော့ချစ်သူရည်းစားဟန်ဆောင်ပေးမယ့် ကောင်လေးတစ်ယောက်ကိုငှါးဖို့ပါပဲ။ ကောင်လေးဟန်ဆောင်ပေးမယ့်သူက သရုပ်ဆောင်အလုပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သရုပ်ဆောင် ဆာထရီယိုဖြစ်ပါတယ်။ ဒရာမာကင်း ဒရာမာကွင်း မိဘနှစ်ပါးနဲ့ ဟန်ဆောင်ရည်းစားလေး သရုပ်ဆောင်ရူး ဆထရီယိုတို့ကြား ဒင်ဒါတစ်ယောက်ဘာတွေကြုံရမလဲ၊ ဒင်ဒါရဲ့ လက်မထပ်ရသေးဖို့အရေးရောအောင်မြင်နိုင်ပါ့မလား၊ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်သွားမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ drama ၊ romance ၊ comedy ဇာတ်လမ်းမျိုး ဖြစ်တာကြောင့်ရယ်ရယ်မောမော ကြည်ကြည်နူးနူး ကြည့်ရှုကြရမယ့်အပြင်rating လည်းမြင့်တဲ့ အင်ဒိုနိရှားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ...
movie

When Will You Get Married? (2015)

Mangkujiwo (2020) 5.1
Mangkujiwo (2020) Mangkujiwo 2020မင်းသမီးချောလေး Yasamin Jasem ပါဝင်သရုပ်ဆောင်ထားတဲ့ လူသတ်သရဲကားလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအစမှာတော့ တစ်ရွာလုံးက စုန်းမလို့သမုတ်ပြီး နွားတင်းကုပ်ထဲစွန့်ပစ်ထားတဲ့ ကန်တီဆိုတဲ့အမျိုးသမီးကိုတွေ့ရမှာပါ မျက်နှာက လူရုပ်မထွက်တာရော နိမိတ်ဆိုးတွေပါပေါ်နေလို့ ရွာသူကြီးကအစကြောက်လန့်ပြီးပိတ်လှောင်ခြင်းခံထားရတဲ့သူပေါ့အူမာဆိုတာကတော့ ထူးဆန်းတဲ့စွမ်းအင်တွေနဲ့မွေးဖွားလာသူတစ်ယောက် ရှိသမျှနတ်ဆိုးတွေကိုပူဇော်ပသပြီးမွေးဖွားလာခဲ့တာကြောင့် အန္တရာယ်ကျလာတိုင်း လူစိတ်ပျောက်သွားပြီး ထူးကဲတဲ့စွမ်းအားတွေထွက်လာတတ်သူ.. တစ်နေ့ လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားရာကတစ်ဖက်အဖွဲ့ကလိုက်နှုတ်ပိတ်ကြရင်း သူမဒီလို မွေးဖွားလာရခြင်းရဲ့ဘဝနောက်ကြောင်းတွေသိရှိသွားခဲ့တဲ့အခါ... ဘာတွေဆက်ဖြစ်သွားမလဲ စုန်းမအဖြစ်သမုတ်ခံနေရတဲ့ ကန်တီ့ဘဝဇာတ်လမ်းအမှန်ကရော ဘာဖြစ်နိုင်မလဲဆိုတာကတော့ အခုပဲဒေါင်းကြည့်လိုက်ကြပါရှင် File size…860MB / 487MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Mangkujiwo (2020)

2020