Channel Myanmar

Gorô Kishitani

Black Butler(2014) 7.2
Black Butler(2014) Black Butler(2014)*****************လက်စားချေတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ၂၀၁၄ ကထွက်ရှိခဲ့တဲ့ Black Bulter ဆိုတဲ့ဂျပန်ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးပါရစေ။အမေနဲ့အဖေနှစ်ယောက်လုံး အသတ်ခံရပြီးနောက် ကံကောင်းစွာလွတ်မြောက်သွားခဲ့တဲ့ ရှီအိုရီဆိုတဲ့ကောင်မလေးဟာ ယောက်ျားလေးဟန်ဆောင်ပြီး မိသားစုဆီကိုပြန်လာခဲ့ပါတယ်။ဒီလိုပြန်လာနိုင်ဖို့ သူ့ရဲ့ဝိညာဥ်ကို နတ်ဆိုးဆီကိုရောင်းစားခဲ့ပြီး နတ်ဆိုးနဲ့အတူပြန်လာခဲ့တာပါ။ငယ်ရွယ်တဲ့ကောင်မလေးဟာ နတ်ဆိုးနဲ့အတူ သူ့မိဘတွေရဲ့သေဆုံးမှုကို ဘယ်လိုစုံစမ်းပြီး လက်စားပြန်ချေမလဲ။နည်းပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေ၊ အထက်တန်းအလွှာတွေကြားကရှုပ်ထွေးမှုတွေနဲ့အတူခမ်မိုက်မိုက် အက်ရှင်ခန်းတွေ Plot Twist တွေနဲ့မို့ ကြည့်သင့်ပါကြောင်းFile Size :(2.7GB)(1GB) and (353MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Black Butler(2014)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

Returner ( 2002 ) 6.5
Returner ( 2002 ) IMDb Rate 6.5 ရရှိထားတဲ့ဂျပန်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်Action / Adventure / Sci-Fi အမျိုးအစားတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်တော့ အတော်လေးကိုသဘောကျမယ့်ဇာတ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့Spoil မဖြစ်အောင်နည်းနည်းရှောင်ရေးလိုက်ပါမယ်ဂြိုလ်သားတွေကျုးကျော်မှုကို အသေအကြေတိုက်ခိုက်နေရတဲ့လူသားတွေထဲက မီလိဆိုတဲ့ ကောင်မလေးတစ်ယောက်တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ဖို့ အချိန်ယန္တရားအကူအညီနဲ့အတိတ်ကို ပြန်လည်ရောက်ရှိခဲ့တယ်။ဒီတာဝန်ကို ထမ်းဆောင်ရာမှာ မိယာမိုတိုဆိုတဲ့ ကြေးစားလူသတ်သမားပါ ပါဝင်လာခဲ့ရတယ်။ဒီတာဝန်ကြီးက ဘာတာဝန်လဲ...ဒီကျူးကျော်ဂြိုလ်သားတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမှာလဲ...မီယာမိုတိုကရော ဒီတာဝန်ကို ဘယ်လို ကူညီပေးမှာလဲ...ခံစားချက်ကောင်းတစ်ခုကို ပေးနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Translated & Review By Chu ChuEncoded By LK
movie

Returner ( 2002 )

2002
Midnight Sun(2006) 7.4
Midnight Sun(2006) Midnight Sun(2006) တချို့သောသူတွေမှာ မွေးရာပါပင်ကိုယ်ဗီဇအရ ဓာတ်မတည့်မှုတွေရှိပါတယ် များသောအားဖြင့် တိရစ္ဆာန်တွေနဲ့ဓာတ်မတည့်တာ အစားအသောက်တွေနဲ့ပတ်သက်ပြီး ဓာတ်မတည့်မှုတွေပါ ဒီလိုဓာတ်မတည့်မှုတွေထဲကမှ ရှားပါးဖြစ်စဉ်တစ်ခုကတော့ Xeroderma Pigmentosum(XP) လို့ခေါ်တဲ့ နေအလင်းရောင်နဲ့ဓာတ်မတည့်မှုပဲ ဖြစ်ပါတယ်... ယခုတင်ဆက်ပေးတဲ့ Midnight Sun ဇာတ်ကားလေးထဲမှာတော့ ကာအိုရူဆိုတဲ့မိန်းကလေးဟာ XP ရောဂါခံစားနေရတဲ့သူလေးတစ်ဦးပါ သီချင်းဆိုရတာကို အရမ်းဝါသနာပေမဲ့ နေရောင်ခြည်နဲ့ဓာတ်မတည့်မှုကြောင့် ညအခါမှသာ အပြင်ထွက်ရသူလေးပါ ကိုယ်ပိုင်သီချင်းလေးတွေရေးစပ်ပြီး ညဘက်တွေမှာတော့ ဂစ်တာလေးနဲ့လှည့်လည်သီဆိုပါတယ်... ဒီ့နောက်မှာတော့ ကိုဂျီဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမှာလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ ....ဒါ့အပြင် ကာအိုရူအဖြစ်သရုပ်ဆောင်ထားတဲ့ ယူကီဟာ အပြင်မှာလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး Guitar နဲ့ Piano တွေကိုလည်း ကျွမ်းကျင်စွာတီးခတ်နိုင်သူတစ်ယောက်ပါ ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ် ....ဇာတ်လမ်းထဲမှာပါဝင်တဲ့သီချင်းလေးတွေဟာလည်း သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေဖြစ်ပြီး အရမ်းနားထောင်ကောင်းတဲ့ သီချင်းလေးတွေဖြစ်တာကြောင့် သင်တို့အတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်.....ရင်ခုန်စိတ်လှုပ်ရှားပြီး ကြည်နူးဆွတ်ပျံဖွယ်စိတ်ကူးယာဉ်ကမ္ဘာငယ်လေးထဲကို တစ်ဒင်္ဂ ခိုနားချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ပဲဖြစ်ပါတယ်.... စကားမစပ် မင်းသမီးလေးက အရမ်းကိုလှလွန်းတယ်..... File Size : ...
movie

Midnight Sun(2006)

2006