Channel Myanmar

Govind Namdeo

Sam Bahadur (2023) 8.2
Sam Bahadur (2023) Sam Bahadur 2023 ဆမ်ဗဟာဒူးလ်IMDb-8.2/10ဒီဇာတ်လမ်းလေးဟာ အိန္ဒိယရဲ့ပထမဆုံး အဆင့်မြင့်ဗိုလ်မှူးချုပ်ကြီး ဆမ်နက်ရှောရဲ့ ဘဝဇာတ်ကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ War Drama စစ်ကားလေးပဲဖြစ်ပါတယ်69th Filmfare Awards မှာ ဆန်ကာတင်ရှစ်ဆုအထိပါဝင်ခဲ့ပြီး ဝေဖန်ရေးဆရာများရဲ့ ချီးကျူးမှုပေါင်းများစွာကို ရရှိထားတဲ့ Real life Adaptation ဇာတ်ကားပဲဖြစ်ပါတယ်ကိုလူချောကြီး Vicky Kaushal ယူနီဖောင်းနဲ့ခန့်ခန့်သန့်သန့်မြင်တွေ့ရမှာဖြစ်ပြီး အလှနှစ်ပါး Fatima Sana Shaikh နဲ့ Sanya Malhotra တို့လည်းပါဝင်ထားတဲ့ ရုံတင်ငွေ ၁၂၈ ကုဋေကျော်ရရှိထားတဲ့ကားဖြစ်ပါတယ်ဗိုလ်ချုပ်ကြီး မန်နက်ရှောရဲ့ဘဝဇာတ်ကြောင်းဆိုပေမဲ့ ဗြိတိသျှလက်အောက်ခံဘဝ ဒုတိယကမ္ဘာစစ်ကာလထဲက ဗိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်မန်နက်ရှောရဲ့ တိုက်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာကို ကြည့်ရှုရမှာဖြစ်ပြီး အိန္ဒိယရဲ့ ဂန္ဓဝင်ဗိုလ်ချုပ်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ တိုက်ပွဲဇာတ်ဝင်ခန်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်လို့ စစ်ကားကောင်းကောင်းမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Sam Bahadur (2023)

2023
4K HEVC
Ab Tumhare Hawale Watan Saathiyo (2004) 4.4
Ab Tumhare Hawale Watan Saathiyo (2004) Ab Tumhare Hawale Watan Saathiyo (2004) Action, Drama, War IMDb 4.4/10 (1.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File ...
movie

Ab Tumhare Hawale Watan Saathiyo (2004)

2004
Bhool Bhulaiyaa 2(2022) 7.0
Bhool Bhulaiyaa 2(2022) Bhool Bhulaiyaa 2(2022)အညွှန်း***************************** နံပါတ် ၁ ကတော့ ၂၀၀၇ တုန်းက ထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားမှာတော့မင်းသားကြီးအက်ရှေးကူမားက ပါဝင်သရုပ်ဆောင်ထားပါတယ်....နံပါတ် ၁တုန်းကလည်း အောင်မြင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ထိတ်လန့်စရာကောင်းခဲ့သလို ဟာသလေးတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်....အခု နံပါတ်၂ မှာလည်း မင်းသားကာသစ်ဟာ အက်ရှေးကူမားရဲ့ နံပါတ် ၁ ကိုအမှီလိုက်ဖို့  ကြိုးကြိုးစားစားသရုပ်ဆောင်ထားလို့ ကြည့်လို့ကောင်းခဲ့ပါတယ်....မင်းသမီးကလည်း ကီယာရာလေးဆိုတော့ ပုရိသတွေ အသည်းစွဲပါပဲ...ဒီဇာတ်ကားမှာ မင်းသမီးကြီး တဘူးက အမြွှာညီအစ်မ နှစ်ကိုယ်ခွဲနေရာကနေ သရုပ်ဆောင်ထားပါတယ်...သူမကလည်း မခေသူမို့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်...အောက်လမ်းမှော်ပညာတွေသင်ယူတတ်မြောက်ပြီး ထာကူရ်(မြေပိုင်ရှင်/တော်ဝင်)မျိုးရိုးထဲကချွေးမဖြစ်သူဟာ သူ့ရဲ့အတ္တစိတ်နဲ့ မကျွတ်မလွတ်နိုင်ဘဲ စံအိမ်ကြီးထဲမှာ ချိတ်ပိတ်ထားခံရတယ်..ဒါကို မင်းသားနဲ့ မင်းသမီးဟာ မထင်မှတ်ဘဲ သူ့ကို လွှတ်ပေးလိုက်မိပါတယ်....၁၈နှစ်ကြာလောင်ကျွမ်းနေတဲ့ လက်စားချေလိုစိတ် ဒေါသမီးတွေနဲ့ ဒီမကောင်းဆိုးဝါးမကြီးလွတ်မြောက်လာတဲ့အခါမှာတော့ ဒီတ်မိသားစုလုံးကို ဘယ်လိုလက်စားချေလာတော့မလဲ....။ဒီဇာတ်ကားမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ မြှုပ်ကွက်လေးတွေပါနေလို့ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်အပြင် ဟာသလေးတွေပါလို့ ဖန်သားပြင်ထက် မှာအချိန်ပေးရကျိုးနပ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Taylor ပဲဖြစ်ပါတယ်..File Size ...
movie

Bhool Bhulaiyaa 2(2022)

Ramaiya Vastavaiya (2013) 5.7
Ramaiya Vastavaiya (2013) Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie

Ramaiya Vastavaiya (2013)

2013
Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)

Shaadi Mein Zaroor Aana (2017) 7.6
Shaadi Mein Zaroor Aana (2017) Shaadi Mein Zaroor Aana(2017) ******************************* ဒီဇာတ်ကားလေးကတော့ IMDb rating 7.6အထိ ရရှိထားပြီး Rajkummar Raoနဲ့ Kriti Kharbanda တို့ရဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ယခုလို ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ မိဘက တွန်းအားပေးနေတာကို မလွန်ဆန်နိုင်သေးတဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ညွှန်းပေးပါရစေ။တကယ်က မိန်းကလေးဖြစ်ရင် အလုပ်မလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲအယူကို ခုထိလက်ကိုင်ထားတဲ့သူတွေ ကမ္ဘာပေါ်ရှိနေပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဖြစ်သူ Aarti ရဲ့အဖေက အဲဒီလိုလူမျိုးပေါ့။ သူ့သမီးကို အလုပ်လုပ်ခွင့်မပေးဘဲ ယောက်ျားပဲအတင်းပေးစားချင်တာပါ။ Aarti ကလည်း အဖေ့ကိုမလွန်ဆန်တဲ့အဆုံး Blind Date မှာ မင်းသားကိုသွားတွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ Aarti ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ မင်းသားကသဘောတူလိုက်လို့ပါ။ ဒါပေမယ့်လည်း မင်းသားရဲ့အမေကလည်း Aarti ရဲ့အဖေလိုပဲ ရှေးရိုးစွဲနေမှန်း သူမသိခဲ့ပါဘူး။ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ကျားမခွဲခြားဆက်ဆံတတ်တဲ့ ဓလေ့တွေ၊ မိဘလောင်းရိပ်အောက်က မထွက်နိုင်ခဲ့ခြင်းတွေကြားက Aarti ...
movie

Shaadi Mein Zaroor Aana (2017)

Ajab Prem Ki Ghazab Kahani (2009) 6.4
Ajab Prem Ki Ghazab Kahani (2009) Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ် Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ် 2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ...
movie

Ajab Prem Ki Ghazab Kahani (2009)

Radhe: Your Most Wanted Bhai (2021)
Radhe: Your Most Wanted Bhai (2021) Radhe (2021)၂၀၂၁မှာ မင်းသားကြီးတွေ ပျောက်နေကြပေမဲ့ မင်းသားကြီး ဆယ်လ်မန်ခန်းကတော့ တစ်ကားထွက်လာခဲ့ပါပြီ။၂၀၂၀၊၂၀၂၁ခုနှစ်တွေဟာ ကိုဗစ်ကြောင့် အားလုံးအတွက် အဆိုးဆုံးနှစ်တွေ ဖြစ်မှာပါ။ရုပ်ရှင်လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနည်းပါးဖြစ်နေပေမဲ့ Digital Platformပေါ်က ထုတ်လွှင့်ပြသပေးနေတော့ တကမ္ဘာလုံးနဲ့ တန်းတူကြည့်နိုင်ဖို့ အဆင်ပြေပေမဲ့ တကယ်တော့ ထုတ်လုပ်သူတွေအနေနဲ့ ရုံတင်ရတာလောက် အဆင်ပြေမယ် မထင်ပါဘူး။ဒါပေမဲ့ ဆယ်လ်မန်ကတော့ ပရိသတ်တွေအတွက် Radheကို ထုတ်လွှင့်ခဲ့ပါပြီ။ဒီကားထဲမှာတော့ ဆယ်လ်မန်ကို ရဲအရာရှိတစ်ယောက် အနေနဲ့ မြင်ရမှာဖြစ်ပြီး ကြမ်းလွန်းလို့ ရာထူးက ပြောင်းရွှေ့ခံ၊ ရပ်နားခံနေရတဲ့ ရဲအရာရှိတစ်ယောက်ပါ။ဇာတ်လမ်းအစမှာတော့ မွန်ဘိုင်းတစ်မြို့လုံးမှာ မူးယစ်ဆေးတွေ သုံးစွဲပြီးသတ်သေမှု မြင့်တက်လာတာကြောင့် ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးနိုင်ဖို့ ရာထူးက ရပ်နားခံထားရတဲ့ Radheကို အလုပ်ထဲ ပြန်ဝင်ဖို့နဲ့ ဒီအမှုကို လိုက်ဖို့ တာဝန်ပေးအပ်ခြင်းခံရတာက အစပြုထားပါတယ်။အပျော်တမ်းကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ သတ်မှတ်လို့ရမယ်ထင်ပါတယ်။ အိုဗာအက်ရှင်တွေ ပါနေတော့ တချို့အတွက်တော့ လုံးဝအဆင်ပြေမယ် မထင်ပါဘူးဗျာ။ဒါပေမဲ့ မင်းသမီးလေး ဒီရှားက သင့်ကို ဆွဲဆောင်နေမှာပါ။ဇာတ်လမ်းအညွှန်းကို Nyi Nyi Koe က ရေးသားပေးထားပြီးတော့ဘာသာပြန်ကတော့ Nyi Nyi Koe and Myint Thu ပဲ ဖြစ်ပါတယ်။Enocder - AugustFile ...
movie

Radhe: Your Most Wanted Bhai (2021)

2021
The Gandhi Murder (2019) 5.4
The Gandhi Murder (2019) The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့  မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့်  သူတို့ရဲ့ ...
movie

The Gandhi Murder (2019)

2019
Dum Maaro Dum(2011) 6.5
Dum Maaro Dum(2011) Dum Maaro Dum(2011)အေစီပီဗရှ်နူးကာမသ်ဟာမိသားစု စားဝတ်နေရေးချောင်လည်ဖို့ဘာမဆိုလုပ်တဲ့သူပါ....တရားမဝင်လုပ်ရပ်တွေလာဘ်စားပြီး ငွေအတွက်လက်တစ်လုံးခြားလုပ်စားနေတဲ့သူဆိုပါတော့.....ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိသားစုနဲ့အတူခရီးသွားနေတုန်းရုတ်တရက်အက်ဆီးဒန့်တစ်ခုနှင့်ကြုံခဲ့ရပါတယ်။ မိသားစုအတွက်ပိုက်ဆံကိုနည်းမျိုးစုံနဲ့ရှာတတ်တဲ့ အေစီပီဗရှ်နူးတစ်ယောက်သူ့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရပြီး သူ့မှာ အတွေးကြီးတစ်ခုကျန်ခဲ့တယ်...သူရှာခဲ့တဲ့ငွေတွေဟာလည်းသိပ်ချစ်တဲ့မိသားစုတွေကိုပြန်မခေါ်ပေးနိုင်ဘူးပေါ့...ဒီနောက်တော့ သူပြောင်းလဲသွားပါတော့တယ်.... ၅နှစ်ကြာပြီးတဲ့နောက် ဂိုအာမြို့မှာမူးယစ်ဂိုဏ်းတွေကိုရှင်းလင်းဖို့အမိန့်ပေးခံခဲ့ရပြီး အေစီပီတစ်ယောက်မူးယစ်ဂိုဏ်းတွေကိုရှင်းလင်းနိုင်မလား? မူးယစ်ဖြန့်ဖြူးရေးလုပ်ငန်းရဲ့နောက်ကွယ်မှာအဓိကကြိုးကိုင်ထားတာကရောဘယ်သူလဲ? အေးစီပီတစ်ယောက်ဘယ်လိုပဟေဠိတွေနဲ့ရင်ဆိုင်ရမလဲ? ဆိုတာတွေကိုတော့ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့....... Action, Crime ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း..ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။File Size : (1.01 GB) and (554 MB) Quality : WEB-DL 720p Format…mp4 Duration…02:08:00 Genre : Action , Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Dum Maaro Dum(2011)

Singham (2011) 6.8
Singham (2011) ဇာတ်​လမ်းက​တော့ ​ငွေ​ကြေးချမ်းသာတဲ့ ဒုစရိုက်​သမား​တွေက လာဘ်​စားတဲ့ရဲ​တွေနဲ့​ပေါင်းပြီး ဥပ​ဒေကိုဂရုမစိုက်​ ထင်​တိုင်းကြဲ​​နေကြပါတယ်​ ဒါကိုမခံနိုင်​တဲ့ သမာသမတ်​ကျတဲ့ရဲတစ်​​ယောက်​က သူတို့ကိုဆန့်​ကျင်​ဖို့ကြိုးစားတဲ့အခါမှာ​တော့ အဲဒီရဲကို လာဘ်​စားတယ်​ဆိုပြီးလုပ်​ကြံအမှုဆင်​ကာ ​​ထောင်​ချဖို့ကြိုးစားပါ​တော့တယ်​ ဘယ်​လိုမှ​ဖြေရှင်းလို့မရ​တော့တဲ့ အဆုံးမှာ​တော့ လုပ်​ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်​ ကို​ယ့်​ကိုကိုယ်​သတ်​​သေသွားခဲ့ပါတယ်​ သုံးနှစ်​ကြာပြီး​နောက်​မှာ အဲဒီရဲရဲ့မိန်းမပြန်​အစ​ဖော်​တဲ့အတွက်​​ကြောင့်​ ​နောက်​တစ်​ခါဒီအမှုကို ပြန်​စစ်​ဖို့တာဝန်​ကျတဲ့သူက​တော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ်​ ပဲဖြစ်​ပါတယ်​... ဆင်းဂမ်​ဟာ သတ်​​သေသွားတဲ့ရဲအရာရှိ​ဟောင်းရဲ့ ရုံးခန်းမှာထိုင်​ပြီး ဒီဒုစရိုက်​သမား​တွေရဲ့ နည်းမျိုးစုံခြိမ်း​ခြောက်​ဒုက္ခ​ပေးတဲ့ကြားက ဘယ်​လိုပြန်​ပြီး အပြစ်​​ပေးနိုင်​​အောင်​လုပ်​သွားမလဲကို​တော့ ဇာတ်​ကားထဲမှာဆက်​ကြည့်​သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်
movie

Singham (2011)

2011