Channel Myanmar

Grant Masters

Wolf Garden (2023)
Wolf Garden (2023)  ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Horror/Thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့အချစ် စိတ်ပျက်မှု အမှောင်ထုကြားမှာပိတ်မိနေတဲ့လူတစ်ယောက်။ အစကတော့ သူနဲ့သူ့ချစ်သူလေးက ပျော်ပျော်ရွှင်ရွှင်ပဲ လူတွေနဲ့ကင်းကွာတဲ့တောအုပ်လေးထဲက တစ်ထပ်အိမ်လေးထဲမှာ အပူအပင်းကင်းမဲ့စွာနဲ့ဖြတ်သန်းနေတာပါ။ရုတ်တရက်ကြီး ချစ်သူလေးရဲ့"ရှင်ကျွန်မကို အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမယ်မဟုတ်လား"ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ သူကတော့ သေချာပေါက်စောင့်ရှောက်ပေးပါမယ်ဆိုပြီး ကတိပေးလိုက်တာပေါ့။ ဒီကတိတစ်ခုကစတင်လာတဲ့သံသရာ။ ဘာလို့ဒီသံသရာစက်ဝန်းထဲမှာပိတ်မိနေတာလဲ ဘာတွေဖြစ်နေတာလဲ ဘာတွေမှားယွင်းနေတာလဲငါပြန်တွေ့နေရတဲ့ ငါ့ရှေ့ကိုရောက်တဲ့ချစ်သူလေးက ငါ့ချစ်သူလေးရောဟုတ်ရဲ့လား...ဆိုပြီး ဇာတ်လိုက်နဲ့အတူ ဇာတ်လမ်းထဲမှာဇာတ်ရှိန်အနိမ့်အမြင့်ကို အတူတူလိုက်ခံစားကြည့်ရှူလို့ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(839 MB)/(421 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie

Wolf Garden (2023)

Dark Encounter (2019) 4.9
Dark Encounter (2019) 11980ဝန်းကျင် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်းက နယ်ဘက်အိမ်လေးတအိမ်။မှန်ဘောင်သွင်းထားတဲ့မိသားစုဓာတ်ပုံလေး တပုံကအောက်ကိုကျပြီး မှန်လေးကကွဲနေတယ်။ပုံထဲမှာ မြင်ရတာကတော့ အဖေအမေရယ် ကောင်လေးတယောက်ကောင်မလေးတယောက် လေးယောက်ရှိတဲ့ မိသားစုလေး။လက်ဆေးကန်မှာလည်း ရေပိုက်ခေါင်း ပိတ်မထားလို့ ရေတွေ ဒလဟောကျနေတယ်။အိမ်တံခါးကလည်း ဟ ဟလေး ပွင့်နေတယ်။ကားတစီးအိမ်ရှေ့ရောက်လာပြီးအဖေနဲ့အမေ နှစ်ယောက်အိမ်ထဲကို စကားပြောရင်း ဝင်လာကြတယ်။အိမ်တံခါးပွင့်နေတော့ သူတို့သမီးဆီလာလည်မယ့်သူ ရှိလို့လားလို့ ထင်လိုက်ကြသေးတယ်။ဒါပေမယ့် ရေပိုက်ခေါင်းကလည်း ပွင့်နေပြီးသူတို့ သမီးကို ခေါ်တော့လည်း ပြန်ထူးသံမကြားခဲ့ရဘူး။အဲလိုနဲ့ပဲ သူတို့ရဲ့သမီးလေးဟာ ပျောက်ဆုံးသွားခဲ့ရတော့တယ်။ တနှစ်ကြာခဲ့ပြီ။ သူတို့သမီးလေးရဲ့ သတင်းအစအနတောင် မရခဲ့ဘူး။တနှစ်တိတိပြည့်တဲ့နေ့မှာပဲ တနှစ်ပြည့် အောက်မေ့ဖွယ်ပွဲလေး ကျင်းပခဲ့ကြတယ်။အဲဒီညမှာပဲ သမီးလေးအဖေက မီးရှူးမီးပန်းတွေဆော့နေတယ်ထင်တဲ့ကောင်လေးတချို့ကို သတိပေးဆုံးမဖို့ ထွက်မယ်လုပ်တော့သူ့သားရောဘေးလူတွေကရော စိတ်မချလို့ လိုက်သွားကြရင်းတောထဲမှာ ထူးဆန်းတဲ့မီးအလင်းရောင်တွေကို ...
movie

Dark Encounter (2019)

Await Further Instructions(2018) 6.1
Await Further Instructions(2018) Await Further Instructions(2018) ခရစ်စမတ်ကာလမှာ  နစ်နဲ့ သူ့ကောင်မလေးအတွက် အပျော်ဆုံး အချိန်တွေပါပဲ...နစ်က အိမ်မှာ  သူ့ကောင်မလေးကို  ညစာစားဖို့ခေါ်လိုက်တယ်... ကံကြမ္မာဆိုးရောက်မယ်မှန်းမသိတော့ နစ်တို့မိသားစုလူစုံတက်စုံတက်စုံနဲ့ပျော်နေကြတယ်... သူတို့အပျော်က သိပ်ကြာကြာမခံပါဘူး... နောက်နေ့မနက်မှာတော့ သူ့တိုရဲ့အိမ်အပြင်မှာဘက်မှာထူးဆန်တာဖြစ်ပြီး တစ်အိမ်လုံး အပြင်လောကနဲ့ အဆက်သွယ်ပြတ်သွားတယ်.. ဘာလို့ဆို အိမ်တစ်ခုလုံးကို သတ္တုလို အရာမျိုးကြီးနဲ့ဖုံးအုပ်ထားလို့ပါပဲ..အပြင်ထွက်ဖို့နေနေသာသာ..ဖုန်းလိုင်းတောင်ဆက်သွယ်လို့မရတဲ့အခြေအနေပါပဲ... ကိုင်း နစ်တို့မိသားစုတွေ တစ်အိမ်လုံးလွှတ်မြောက်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံမလဲ ဘာတွေမထင်မှတ်ထားတာတွေဆက်ဖြစ်မလဲဆိုတာတော့ Horror  ကားကြိုက်သူတို့ ခံစားကြည့်လိုက်ပါဦး... File Size : (861 MB) and (311 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Horror , Mystery , Sci-Fi  Subtitle : Myanmar Subtitle (Hard Sub) Translated by Mrs.Pinky Encoded by Phyo Pyae
movie


2018