Channel Myanmar

Greg Serano

Felon(2008) 7.4
Felon(2008)  အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အ‌ကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie

Felon(2008)

Frailty (2001)
Frailty (2001) ၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့ မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့ The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့ နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း 75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ဇာတ်လမ်းအကျဥ်း - ထူးထူးဆန်းဆန်းလူတစ်ယောက်က FBI အေးဂျင့်တစ်ယောက်ဆီကို လွန်ခဲ့တဲ့နှစ်၂၀ခန့်ကအမှုရဲ့ လူသတ်သမားနဲ့ သူ့ရဲ့နောက်ကြောင်းကို သိိထားတယ်ဆိုပြီး ရောက်လာတဲ့အခါမှာတော့...လူသတ်သမားရဲ့ မိသားစုနောက်ကြောင်းကရော ဘာလဲ...ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတဲ့ သူတို့ရဲ့မိသားစုဘဝလေးကနေ ဘာတွေဘယ်လိုပြောင်းလဲသွားခဲ့တာလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။File size…(1.8 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kaung Khant
movie

Frailty (2001)

The Postman (1997) 6.1
The Postman (1997) သဘာဝဘေးတွေ ကပ်ရောဂါတွေ စစ်ပွဲတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့် ကမ္ဘာကြီးပျက်ဆီးသွားခဲ့ပြီ။ လျှပ်စစ်တွေ ဖုန်းတွေ အသင့်စား အစားအစာတွေ ဘာမှမရှိတော့တဲ့ ခေတ်ပျက်ကြီးထဲမှာ လူတွေဟာ မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ကြရပါပြီ။ အားလုံး လမ်းပျောက်နေကြတဲ့ ခေတ်ပျက်ကြီးထဲမှာ "တောမီးလောင် တောကြောင်လက်ခမောင်းခတ်" ဆိုသလိုပဲ လူယုတ်မာတစ်ယောက်က အစပျိုးခဲ့ပြီး သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ခေါ်တဲ့ "ဟုန်းနစ်" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပြီး ဒုက္ခသည်အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်နေကြတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ကြီးစိုးတဲ့နေရာကို တစ်ကိုယ်တော်လေလွင့်ပြီး နယ်တစ်ကာလှည့်ကာ ရှိတ်စပီးယားပြဇာတ်တွေကို သရုပ်ဆောင်ပြပြီး ဝမ်းရေးဖြေရှင်းတဲ့လူတစ်ယောက် ရောက်လာပြီး အိပ်မက်တွေပျောက်ဆုံးနေတဲ့ လူတွေအားလုံးကို သူကိုယ်တိုင် မရည်ရွယ်ပါဘဲနဲ့ ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးမိသွားတဲ့အခါမှာတော့.... File size…(3.1GB)  / (1.86GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:57:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Robin 
movie

The Postman (1997)

Legally Blonde (2001) 6.3
Legally Blonde (2001) မင်းသမီး Reese Witherspoon ရဲ့နာမည်ကြီးဇာတ်ကားပါ။ IMDb Rating (6.2/10) ရရှိထားပြီး Romance/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဖက်ရှင်ရဲ့အရေးပါပုံကို တင်စားရိုက်ကူးထားပေမယ့် ဒီထက်ပိုလေးနက်တဲ့အတွေးအမြင်ကိုပေးထားနိုင်ပါတယ်။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ကျွမ်းကျွင်ပိုင်နိုင်တဲ့အရည်အသွေးတွေရှိကြပြီး ဒါကိုရိုးရိုးသားသားအသုံးချနိုင်ရင် ဘယ်အရည်အသွေးပဲဖြစ်ဖြစ် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ထင်ဟပ်ပြထားပါတယ်။ မိန်းကလေးပရိတ်သတ်တွေ လက်လွတ်မခံတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ (ဒီဇာတ်ကားကို Su Yadanar Oo မှာခံစားတင်ဆက်ထားပါတယ်။)File size...(850MB) Quality...BR-Rip 720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie

Legally Blonde (2001)